သိပ္ပံ နည်းကျ ဗဟုသုတများ (၃)

Knowledge Science
  • ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ ဥက္ကာခဲကြီး ကျရောက်ချိန်မှာ ဖားပြုတ်တွေနဲ့ ရေပုပ်သင်တွေအပေါ် ဘာမှ မသက်ရောက်ခဲ့တဲ့အပြင် မိချောင်းတွေ၊ လိပ်တွေဟာလည်း ရှင်သန်နိုင်ခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲ အခုထိ အဖြေမထုတ်နိုင်ကြသေးပါဘူး။

  • ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ ဂူဟာ Hang Son Doong ဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ တည်ရှိပါတယ်။ ဂူဟာ မီတာ ၂၀၀ လောက်မြင့်ပြီး ၎င်းတွင် ကိုယ်ပိုင် ရာသီဥတု၊ တောတွေ၊ မြစ်တွေနဲ့ တိမ်တွေတောင် ရှိပါတယ်။

  • ဟီရိုရှီးမား တက္ကသိုလ်မှ သုတေသီများ အဆိုအရ ချစ်စရာကောင်းတဲ့ တိရိစ္ဆာန် ပုံတွေကို အလုပ်လုပ်နေရင် မြင်နေရတာ ပိုပြီး အလုပ်ပြီးမြောက်တယ်လို့ သိရပါတယ်။

  • မပြေလည်တဲ့သူတွေဟာ ချမ်းသာတဲ့သူတွေထက် ပိုမို ရက်ရောတယ်လို့ လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။
  • ရေဘဝဲတွေရဲ့ သွေးဟာ တခြားတိရိစ္ဆာန်နှင့် လူတွေကို သံဓာတ်ကို အခြေခံတာမဟုတ်ဘဲ ကြေးနီးကို အခြေခံထားတာဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ သွေးဟာ အပြာရောင် ဖြစ်နေပါတယ်။

  • ကြီးမားတဲ့ မှန်ကြီးကို ကမ္ဘာနှင့် အလင်းနှစ် ၁၀ နှစ်အကွာမှာ ထားပြီး ကမ္ဘာကနေ ပြန်ကြည့်ပါက သီအိုရီအရ လွန်ခဲ့တဲ့ နှစ် ၂၀ က မြင်ကွင်းများကို ပြန်မြင်ရမှာ ဖြစ်ပါတယ်။

  • 4K Resolution ရှိတဲ့ မျက်နှာပြင်ဟာ 8.8 Megapixels သာရှိပေမယ့် လူ့ရဲ့ မျက်လုံးကတော့ 576 Megapixels လောက်အထိ ရှိပါတယ်။
  • ဂျပန်မှာ လူတွေဟာ လက်မှတ်မထိုးကြဘဲ အဲဒီ့ အစား ၎င်းတို့ တဦးချင်းစီမှာ Hanko လို့ခေါ်တဲ့ ကိုယ်ပိုင် တံဆိပ်တုံးလေးတွေ တခုစီ ရှိကြပါတယ်။

  • ၁၉၁၁ ခုနှစ်မှာ F-11 တိုက်လေယာဉ် တစင်းဟာ အရှိန်နှင့် ပျံသန်းနေရင်း ၎င်း၏ ကိုယ်ပိုင် စက်အမြောက်မှ ပစ်လိုက်တဲ့ ကျည် ပြန်မှန်ကာ ပျက်စီးဖူးပါတယ်။

  • ဆွီဒင်မှာရှိတဲ့ သွေးလှူသူတွေကို ၎င်းတို့၏သွေးကို အသုံးပြုပြီး အသက်တချောင်း ကယ်လိုက်တိုင်း ဖုန်းမှ စာတိုလေး တစောင်ဖြင့် အကြောင်းကြားလေ့ ရှိပါတယ်။

  • မိချောင်းများတွင် နှုတ်ခမ်းများ မပါဝင်ဘဲ ၎င်းတို့ဟာ ၁ နာရီလောက် အသက်အောင့်ထားနိုင်ကြပါတယ်။
  • အထီးကျန်နေတဲ့ သူတွေ တော်တော်များများဟာ ပုံမှန်ထက် ရေချိုးတာ ကြာမြင့်တတ်ကြောင်း လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။

  • စာသင်ပြီးနောက် အခြားကိစ္စများ လုပ်ခြင်းထက် ခဏလေး မှေးစက်လိုက်တာဟာ သင်ထားတာတွေကို ပိုမို မှတ်မိစေပါတယ်။

  • စာဖတ်ခြင်းဟာ ကိုယ်ချင်းစာစိတ်ကို ပိုမို တိုးပွားစေပြီး အတွေ့အကြုံသစ်တွေကို ပိုပြီး လက်ခံလာနိုင်ပါတယ်။

  • ကျောက်ကပ်ထဲကို တနေ့လျှင် သွေးပမာဏ ဂါလံ ၄၄၀ လောက် ဖြတ်သန်း စီးဆင်းလေ့ရှိပါတယ်။
  • တနေကုန် အိပ်ယာထဲပဲ လှဲနေချင်တာကို “Clinomania” လို့ ခေါ်ပါတယ်။ အပျင်းကြီးတာတော့ မဟုတ်ပါဘူး။

  • ခွေးတွေရဲ့ ဦးနှောက်ကို လေ့လာမှုများအရ ခွေးတွေဟာ ကျွန်တော်တို့က တကယ် ပြန်ချစ်တဲ့အပြင် ၎င်းတို့ရဲ့ မိသားစုလိုပါ သဘောထားတာကို တွေ့ရပါတယ်။

သိပ္ပံ နည်းကျ ဗဟုသုတများ (၂) ကို ဖော်ပြပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *