သိပ္ပံ နည်းကျ ဗဟုသုတများ (၄)

Knowledge Science
  • အိပ်မက်ထဲမှာ သင်မမြင်ဖူးတဲ့ သူတွေဟာ တကယ်တော့ အပြင်မှာ မြင်ဖူးပြီး သိစိတ်မှာ မမှတ်မိတဲ့ သူတွေပါ။

  • သွားတွေဟာ လူ့ခန္ဓာကိုယ်မှာ တခုထဲသော ကိုယ့်ဘာသာကိုယ် ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

  • မွေးကင်းစကနေ လအနည်းငယ် အထိ ကလေးတွေဟာ အဖြူအမည်း အရောင်ဖြင့်သာ မြင်နိုင်တယ်လို့ လေ့လာမှုများက ဆိုပါတယ်။
  • ရေပူချိုးခြင်းဟာ နှာပိတ်တာကို သက်သာစေနိုင်ပြီးတော့ အအေးမိတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

  • ကြက်သွန်ဖြူဟာ အိုမင်းမှု ဖြစ်စဉ်ကို လျော့ကျစေပါတယ်။

  • ကိုယ်ရင်းနှီးသော၊ ချစ်ခင်သော သူတယောက်ကို ပွေ့ဖက်ခြင်း နှင့် လက်များကို ဆုပ်ကိုင်ထားခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျဖို့ ကူညီပေးပါတယ်။

  • ပွေဖက်ခြင်းဟာ oxytocin ထွက်လာစေပြီး ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို သက်သာစေသည့်အပြင် သင့်အပေါ် ယုံကြည်မှုပါ ပိုမို မြင့်တက်လာစေပါတယ်။
  • ဗော့ကာကို ခေါင်းလျှော်ရည်ထဲ ထည့်လျှော်တာဟာ ဆံပင်ကို သန်မာစေတဲ့ အပြင် ဦးရေပြား ခြောက်သွေ့ခြင်း၊ ဗောက်ထခြင်းတို့ကို ကာကွယ်ပေးပါတယ်။

  • ပုံမှန် လမ်းလျှောက်ခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး တပတ်ကို ကြက်ဥ တလုံး စားသုံးခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို ၇၆ ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။

  • ကလေးကို မိခင်နို့သာ တိုက်ကျွေးသည့် အမျိုးသမီးများဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ နည်းပါးပါတယ်။

  • ခန္ဓာကိုယ် အစိတ်အပိုင်း တခု လှူတဲ့သူဟာ အကြမ်းဖျင်းအားဖြင့် အသက် ၈ ချောင်းနှင့် လူပေါင်း ၅၀ ရဲ့ ဘဝကို ပြောင်းလဲနိုင်စေပါတယ်။

  • ကော်ဖီသောက်ခြင်းဟာ ပါကင်ဆန်လို့ ခေါ်တဲ့ အာရုံကြော ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
  • လူတယောက်၏ နားတွင် အမျှင်ပေါင်း ၂ သောင်း ၄ ထောင်လောက် ပါဝင်ပြီး မျက်လုံးထဲတွင် အမျှင်ပေါင်း ၁ သန်း ၂ သိန်းလောက် ပါဝင်ပါတယ်။

  • လူတွေရဲ့ မျက်စိဟာ ခန္ဓာကိုယ်တွင် အမြန်ဆုံး လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။

  • ခန္ဓာကိုယ်ကို တည်ဆောက် ကျားကန်ထားတဲ့ အရိုးများဟာ ရေ ၃၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

  • လူတွေဟာ ခွေးတွေရဲ့ အပုံ ၂၀ ပုံ ၁ ပုံ လောက်သာ အနံ့ခံနိုင်ကြပါတယ်။
  • ဆင်တွေရဲ့ ဦးနှောက်ဟာ လူတွေရဲ့ ဦးနှောက်က ခွေးတွေအပေါ် မြင်သလို မြင်တတ်ကြပါတယ်။ ဆင်တွေဟာ လူတွေကို ချစ်စရာကောင်းတဲ့ သတ္တဝါတွေလို့ မြင်ပါတယ်။

သိပ္ပံ နည်းကျ ဗဟုသုတများ (၃) ကို ဖော်ပြပြီး ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *