တကယ်တော့ သက်ရှိထင်ရှားရှိခဲ့တဲ့ အကြီးဆုံးငါးမန်းမျိုးစိတ်ဟာ ကျွန်ုပ်တို့ထင်ထားတာထက် ပိုကြီးပါတယ်။ (ဦးခေါင်း တစ်ခုထဲကို ၁၅ ပေ အထိ ရှိပါတယ်)
သိပ္ပံနည်းကျ အစီရင်ခံချက်များရဲ့ စာတမ်းအသစ်မှာ သိပ္ပံပညာရှင်များက Megalidon ငါးမန်းရဲ့ အရွယ်အစား အမှန်ကို တွက်ချက်ထားကြပါတယ်။
Megalodon ငါးမန်းတွေဟာ လွန်ခဲ့သော နှစ် သန်းပေါင်း များစွာက ပင်လယ်ပြင်ကို ကြီးစိုးခဲ့ပြီး ရှင်သန်ခဲ့ဖူးသမျှ ငါးမန်း မျိုးစိတ်တွေ ထဲမှာ အကြီးဆုံး မျိုးစိတ် ဖြစ်ပါတယ်။

တကယ်လို့ သင်အနေနဲ့ Discovery’s Shark Week ကို နားဆင်ဖူးမယ်ဆိုရင် သမိုင်းမတင်မီက Otodus megalodon ငါးမန်းတွေဟာပင်လယ်ပြင်မှာ ကျင်လည် ကျက်စားဖူးသမျှထဲမှာ အရက်စက်ဆုံး အထွတ်အထိပ် သားရဲများထဲမှ တစ်ကောင် ဖြစ်တယ်ဆိုတာကို ကြားဖူးမှာပါ။
ယခုအခါ သိပ္ပံပညာရှင်များဟာ megalodonရဲ့အရွယ်အစား ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
သုတေသီများဟာ ဂေဟဗေဒ နှင့် ဇီဝကမ္မအရ ဆင်တူပြီး အသက်ရှင်ကျန်ရစ်တဲ့ (shortfin mako ၊ longfin mako ၊ salmon shark ၊ the porbeagle နှင့် great white) ငါးမန်းမျိုးစိတ်ငါးမျိုးရဲ့ တည်ဆောက်ပုံ နှင့်
အရွယ်အစားကို လေ့လာပြီးနောက် megalodon တွေဟာ အ ရှည် ၅၂.၅ ပေ အထိရှိကြပြီး ၊ ၁၅.၃ ပေ ရှိတဲ့ ဦးခေါင်း၊ ၅.၃ ပေ မြင့်တဲ့ နောက်ကျောဆူးတောင် နှင့် ၁၂.၆ ပေ ရှည်တဲ့ အမြီးတစ်ခု ရှိတယ် ဟု ကောက်ချက်ချခဲ့ကြပါတယ်။
The Guardian မှာဖော်ပြထားတာက “ဒါဟာ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ငါးမန်းရဲ့နောက်ကျောပေါ်မှာ ရပ်နေမယ်ဆိုရင် နောက်ကျော ဆူးတောင်နဲ့ တူညီတဲ့ အမြင့်ရှိနိုင်တယ်” ဟုဆိုပါတယ်။
ယခုအချိန်ထိ သုတေသီတွေဟာ great white (Carcharodon carcharias) ကဲ့သို့ မျိုးရိုးတူညီတဲ့ ငါးမန်း သွားတွေနဲ့ ခန္ဓာဗေဒဆိုင်ရာ ရုပ်ကြွင်း အချို့အပေါ် အခြေခံပြီး megalodon ရဲ့ အရွယ်အစား ပုံဖော်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ အမြဲတမ်း ခန့်မှန်းချက် ဖြစ်တယ်ဟုဆိုပြီး megalotonဟာ mako shark ဘိုးဘေးများနှင့် ပို၍ နီးကပ်စွာ ဆက်စပ်နေတယ်ဟု ဆိုပါတယ်။
သိပ္ပံပညာရှင်များဟာ 2D megalodon ပြန်လည်တည်ဆောက်မှုကို ဖန်တီးဖို့အတွက် linear model နှင့် geometric morphometric ခွဲခြမ်း စိတ်ဖြာမှု များကို အသုံးပြုခဲ့ပါတယ်။
ပင်လယ်ရဲ့ ဘုရင်အဖြစ် နှစ်ပေါင်း ၁၃ သန်းကြာ ကျင်လည်ကျက်စားခဲ့တဲ့ Megalodon တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃.၆ သန်းခန့်က မျိုးသုဉ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
megalodon ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ ရုပ်ကြွင်းမကျန်တဲ့ အရိုးနုအများစုဖြင့် ဖွဲ့စည်းထားတဲ့အတွက်ကြောင့် သိပ္ပံပညာရှင်များဟာ megalodon ရဲ့ ခန္ဓာကိုယ် အတိုင်းအတာများကို တိုင်းတာနိုင်ဖို့အတွက် အနည်းဆုံး ၇လက်မကျော်တဲ့ သွားတွေ ၊ ကျောရိုး နှင့် poop fossils များကို အသုံးပြုကြပါတယ်။

ယခုအခါ သုတွေသီတွေဟာ အဆိုပါ Megalodon ရှေးဟောင်း သားရဲရဲ့ နက်နဲတဲ့ အရာတွေကို ချပြနိုင်ဖို့ အလွန် နီးစပ်နေပြီ ဟု သိရပါတယ်။
ဒါကြောင့် ၎င်းတို့ရဲ့သုတေသနပြုမှုတွေနဲ့ ပတ်သတ်ပြီး အနာဂတ်မှာ နောက်ထပ် လေ့လာမှုများ နှင့် ခွဲခြမ်း စိတ်ဖြာမှုများကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိတယ် ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။