တခြားဂြိုဟ်က မျိုးစိတ်တွေ အာကာသယာဉ်နဲ့ ပါလာနိုင်တယ်လို့ သိပ္ပံပညာရှင်များက သတိပေး

News Science

ကမ္ဘာမြေ အပြင်ဘက်မှ ဘက်တီးရီးယားတွေဟာ လူတို့ရဲ့ အာကာသယာဉ် တွယ်ကပ်လာရန် အလွန် နည်းပါးတဲ့ အခွင့် အ လမ်းရှိပေမယ့် ဒီဖြစ်နိုင်ခြေဟာ အချိန်ကြာလာသည်နှင့် အမျှ တိုးလာလိမ့်မှာ ဖြစ်ပါတယ်။

ဂြိုဟ်သား သက်ရှိတွေဟာ အာကာသ ဟင်းလင်းပြင်တွင် စူးစမ်းရှာဖွေနေသော ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အာကာသယာဉ်တွေကနေ ကမ္ဘာမြေသို့ ရောက်ရှိလာနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

လူသားမျိုးနွယ်ဟာ အချိန် ကြာလာသည်နှင့် အမျှ တိုက်ကြီးတွေကို ဖြတ်၍ ကျွန်တော်တို့ ရွှေ့ပြောင်းနေထိုင် ကြသကဲ့သို့ မျိုးစိတ်တွေ ရွှေ့ပြောင်းလာကြပါတယ်။

ကျွန်တော်တို့ နေအဖွဲ့အစည်း၏ အပြင်ဘက်သို့ စူးစမ်း လေ့လာသော အခါတွင်လည်း အလားတူ ဖြစ်ပျက်နိုင်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကမ္ဘာကိုကျော်လွန်၍ နေထိုင်မှုကိုရှာဖွေခြင်းဟာ အလွန်မဝေးကွာတော့သော အနာဂတ်တွင် ကြီးမားသော ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာနိုင်သည့် စိတ်လှုပ်ရှားဖွယ် ကြိုးပမ်းမှုတစ်ခုဖြစ်တယ်” လို့ Montreal ရှိ McGill တက္ကသိုလ်မှ ကျူးကျော် မျိုးစိတ်ဆိုင်ရာ ဇီဝဗေဒ ပါမောက္ခ Anthony Ricciardi က Live Science သို့ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ သုတေသနကို BioScience ဂျာနယ်တွင် ထုတ်ဝေထားပါတယ်။

သို့သော် ကမ္ဘာမြေသို့ နမူနာတွေ ယူဆောင်လာဖို့ ရည်ရွယ်ထားသော မစ်ရှင်တွေ အပါအဝင် အာကာသမစ်ရှင်တွေ အများအပြား လုပ် ဆောင်ရာတွင် နှစ်ဖက်စလုံးမှ ဇီဝညစ်ညမ်းမှု အန္တရာယ်တွေကို လျှော့ချရန် အရေးကြီးပါတယ်။

တခြား ဂြိုဟ်တစ်ခုပေါ်တွင် ပျံ့နှံ့ရောက်ရှိနေသော မည်သည့် ကျူးကျော် မျိုးစိတ်မဆို ကမ္ဘာပေါ်ရှိ အဏုဇီဝပိုးများနှင့် ဆင်တူသည့် ဘက်တီးရီးယားတွေ ဖြစ်နိုင်ချေရှိပါတယ်။

အာကာသအတွင်း ခရီးသွားခြင်း၏ ခက်ခဲကြမ်းတမ်းသောအခြေနေတွေကြောင့် အာကာသသို့ ဖြတ်သန်းသွားလာနိုင်သည့် ပြင်ပမှသက်ရှိများ၏ ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း ကျွန်တော်တို့ သတိထားသင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

“ဇီဝဗေဒဆိုင်ရာ ကျူးကျော်မှုတွေက ဤစနစ်တွေရှိ အပင်များနှင့် တိရစ္ဆာန်များအတွက် မကြာခဏ ကြီးမားစွာ ပျက်စီးစေတယ်” လို့ ဩစတြေးလျကဲ့သို့ နိုင်ငံများတွင် ကျူးကျော်မျိုးစိတ်တွေကို ဆန့်ကျင်သည့် အကာအကွယ်မပါဘဲ ဆင့်ကဲဖြစ်ပေါ်နေသော ကမ္ဘာပေါ်ရှိ ဂေဟစနစ်တွေကို ညွှန်ပြရင်း Ricciardi က ပြောကြားခဲ့ပါတယ်။

အာကာသတွင်းမှ ကမ္ဘာကို မြင်ရပုံ သရုပ်ပြ

“သက်ရှိတွေ ပါ၀င်နိုင်သော ဂြိုဟ်များနှင့် လများကို Insular ခေါ် ယဉ်ကျေးမှုကို နားမလည် နိုင်သေးသည့် စနစ်တွေ ကဲ့သို့ ဆက်ဆံသင့်တယ်လို့ ကျွန်တော်တို့ ငြင်းခုံခဲ့ကြပါတယ်။”

ကျွန်တော်တို့ဟာ ဂြိုဟ်သားပေါက်ဖွားမှုဆိုင်ရာ အထောက် အထား တစုံတရာကို မသိရသေးသော်လည်း Beresheet စူး စမ်း လေ့လာရေးယာဉ် ပျက်ကျပြီး ကမ္ဘာ့ ဒဏ်ခံနိုင်ဆုံးသော သက်ရှိ ပုံစံဖြစ်သော Tardigrade ထောင်ပေါင်းများစွာကို သူ့ရဲ့ မျက်နှာပြင်ပေါ်တွင် တင်ဆောင်လာခဲ့တဲ့အခါ လူသားတွေဟာ လပေါ်သို့ ဘက်တီးရီးယားတွေ ယူဆောင်သွားခဲ့ပါတယ်။

ဒီတိုင်းပဲ ရှေ့ဆက်သွားနေပါက လူသားတွေဟာ ဇီဝညစ်ညမ်းမှုကို စောစီးစွာ သိရှိ နိုင်စေဖို့ အာရုံထားသင့်ပြီး လျင်မြန်သော တုံ့ပြန်မှု အတွက် အစီအစဉ်တွေကို ရေးဆွဲသင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

“Nasa က ၁၉၆၀ ခုနှစ်များကတည်းက အာကာသဟင်လင်းပြင်မှ ဇီဝဗေဒဆိုင်ရာ အန္တရာယ်တွေအတွက် အစီအစဉ်တွေ ရှိခဲ့သော်လည်း သက်ရှိတွေ ပါဝင်လာနိုင်ခြေ အရှိဆုံး နေရာတွေကို ပစ်မှတ်ထားရန် ရည်ရွယ်သည့် အာကာသ ရှာဖွေရေး ခေတ်သစ် စိန်ခေါ်မှု အသစ်တွေကို ဖန်တီးပေးခဲ့တယ်” လို့ Ricciardi က ပြောကြားခဲ့ပါတယ်။

သို့သော်လည်း အာကာသ စူးစမ်း လေ့လာရေးဆိုင်ရာ အခြားနယ်ပယ်တွေမှာ အစိုးရတွေက တည်ဆဲ ဥပဒေတွေကို ပြောင်း လဲရန် အလိုမတူခဲ့ကြပေ။

လောလောဆယ် ကျွန်တော်တို့ ကမ္ဘာဂြိုဟ် ပတ်ပတ်လည်တွင် အာကာသ အမှိုက်တွေ အမြောက်အမြား တည်ရှိနေပေမယ့် လက်ရှိ စည်း မျဉ်းက အလွန် နောက်ကျနေတာကြောင့် ဖယ်ရှား ရှင်းလင်းဖို့ ဘယ်အစိုးရမှ ဆောင်ရွက်တာ မရှိသေးပါဘူး။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 5/12/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *