နေရောင်ခြည်ကို ပိတ်ဆို့နိုင်တဲ့နည်း သိပ္ပံပညာရှင်များ လေ့လာနေတဲ့ အကြောင်း

Science Tech

သိပ္ပံပညာရှင်တွေက Solar geoengineering နည်းပညာကိုသုံး၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် အန္တရာယ်ရှိလာတဲ့ နေ​ရောင်ခြည်ကို ပိတ်ဆို့ဖို့ လုပ်ချင်နေကြပါတယ်။

ကျွန်ုပ်တို့အနေနဲ့ လုပ်သင့်သလား။ ဒါဖြစ်ကောဖြစ်နိုင်ပါ့မလား။

ကျွမ်းကျင်သူများက ဒါဟာ ​ရာသီဥတု အကျပ်အတည်းကို ပိုမို ဆိုးရွား စေနိုင်ကြောင်း သတိပေးခဲ့ကြသော်လည်း Solar geoengineering နည်းပညာကို လျစ်လျူရှုဖို့ ကျွန်ုပ်တို့ တက်နိုင်ပါ့မလား။

သိပ္ပံပညာရှင်များက နေရောင်ခြည် ပိတ်ဆို့ရန် အလေးအနက် စဉ်းစားနေကြပါတယ်။ ပိုတိတိကျကျပြောရရင် solar geoengineering ဟုခေါ်သော နည်းလမ်းမှတဆင့် ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာတဲ့ နေရောင်ခြည်ရဲ့ တစ်စိတ်တစ်ပိုင်းကိုဘဲ ရောင်ပြန်ဟပ်လိုကြပါတယ်။

အမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီ ၊ အင်ဂျင်နီယာ နှင့် ဆေးပညာ (NASEM)ရဲ့ မတ်လ အစီရင်ခံစာတစ်ခုအရ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အလားအလာရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ solar geoengineering နည်းပညာကို သုတေသန ပြုလုပ်၍ ပိုမို ရင်းနှီးမြုပ်နှံသင့်တယ်ဟု ဆိုပါတယ်။

ဒီ solar geoengineering နည်းပညာက ရာသီဥတုပြောင်းလဲမှုပြဿနာကို ပိုဆိုးစေနိုင်သော အလားအလာ ရှိနေသောကြောင့် သတိပြုရန် အကြံပြုခဲ့ကြပါတယ်။

Solar geoengineering နည်းပညာဟာ ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်သော်လည်း အငြင်းပွားစရာနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

တစ်ချို့က ဒါဟာကောင်းကင်ကို အပြစ်အနာဖြစ်စေသော အလားအလာရှိတဲ့ ဆိုးဝါးတဲ့ ဖြစ်စဥ်တစ်ခု အဖြစ် ရှုမြင်ကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres မှ ” code red for humanity ” ဟု ခေါ်သော IPCC ၏ နောက်ဆုံးအစီရင်ခံစာ အရ ပြင်းထန်သော လုပ်ဆောင်မှု နှင့် ဆန်းသစ်သော ဖြေရှင်းနည်းများကို ပြုလုပ်ရန် တောင်းဆိုထားပါတယ်။

Solar geoengineering နည်းပညာကို လျစ်လျူရှုဖို့ ကျွန်ုပ်တို့ တက်နိုင်ပါ့မလား။

နောက်ဆုံးပေါ် အစီအမံတွေ မပြုလုပ်ပါက ရာစုနှစ်အကုန်တွင် ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ၄ ​​ဒီဂရီစင်တီဂရိတ်အထက် ဆက်လက် ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားကြပြီး ဒါဟာ ၂ ဒီဂရီစင်တီဂရိတ်အောက်လောက်ပဲ မြင့်တက်ရန် ရည်ရွယ်ထားတဲ့ ၂၀၁၅ ပါရီရဲ့ သဘောတူညီချက်ဟာ အငြင်းပွားဖွယ်မရှိ ပျက်ကွက်သွားပါလိမ့်မယ်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ နောက်ဆုံး IPCC အစီရင်ခံစာကို ဖတ်ဖူးသူတိုင်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး နီးနီးကပ်ကပ်ရှိလိမ့်မည်ဟု ခန့်မှန်းမိပြီး သဘောတူ​ကြ​ပါလိမ့်မယ်။

sample image

ကမ္ဘာအပူချိန်တိုးလာမှုကို ၂°C အောက် ထိန်းထားမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ပြန်မရနိုင်တဲ့ အချက်ကို ကျော်လွန်နေပြီ ဟု ဆိုပါတယ်။

ဒါဟာ ကပ်​ဘေးဆိုးများကို ဖြစ်ပေါ်စေလိမ့်မယ်ဟု ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီ Semprius ရဲ့ အယ်ဒီတာ Robert Laswell က ပြောကြားခဲ့ပါတယ်။

Robert Laswell က solar geoengineering သုတေသန လုပ်ခဲ့ရာမှာတော့ ocean sulfur cycle ကနေ stratospheric aerosol injection လုပ်ဖို့ ရန်ပုံငွေ ယခု စတင်လိုအပ်နေပြီ ဟု ဆိုပါတယ်။ဒါတွေဟာ သိပ်နောက်ကျနေပြီ ဟု ပြောပါတယ်။

ဒါတွေဟာ NASEM အစီရင်ခံစာရဲ့ နောက်ကွယ်မှ တူညီသော စဉ်းစားချက် ဖြစ်ပြီး အပေါ်ကသုတေသနနည်းလမ်းအားလုံးရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။

မကြာသေးမှီက NASEM ကော်မတီရဲ့ သဘာပတိအဖြစ်ဆောင်ရွက်သော စတန်းဖို့ဒ်တက္ကသိုလ် မှ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာရှင် Chris Field နှင့်တွေ့ဆုံမေးမြန်းခန်း၌ ” ငါတို့အနေနဲ့ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။

နောက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုည သို့ရောက်ဖို့ လူမှုပြောင်းလဲမှုတွေလုပ်ရတာ ခက်ခဲကြောင်းလည်း ကျွန်ုပ်တို့ သိပါတယ် ” ဟုဆိုပါတယ်။

များစွာသော သိပ္ပံပညာရှင်များ အကြား သဘောတူညီမှုအရ ကျွန်ုပ်တို့ အနေဖြင့် solar geoengineering နည်းပညာရဲ့ အလားအလာကောင်း များကို လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး။

solar geoengineering နည်းပညာရဲ့ ဆိုးကျိုးတွေက ကောင်းကျိုးတွေထက် များစွာပိုနိုင်ပါတယ်။

ဒါဟာ ကြီးမားတဲ့ အရာတစ်ခုပါဘဲ ၊ ဆိုလာစနစ်ရဲ့ အလယ်ဗဟိုကနေ ကျွန်ုပ်တို့ဆီလာတဲ့ နေရောင်ခြည်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့တာဟာ ကြီးမားတဲ့ အန္တရာယ်ရှိနိုင်တဲ့ အလားအလာဘဲ ဖြစ်ပါတယ်။

Union of Concerned Scientists (UCS) က solar geoengineering နည်းပညာကို CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုကို နှေးကွေးစေသော အကြောင်းပြချက်အဖြစ် အသုံး​ပြုနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ မူလဇာတ်မြစ်အတွက် အသုံးမပြုသင့်ဘူး ဟု ဆိုပါတယ်။

Joshua M. Pearce က အင်တာဗျူးတစ်ခုတွင် solar geoengineering နည်းပညာကို သုံးချင်တယ်ဆိုတာဟာ မအောင်မြင်တဲ့ ရုပ်ကြွင်းလောင်စာစက်မှုလုပ်ငန်းတွေကို မြှင့်တင်ဖို့ စိတ်အားထက်သန်စွာနဲ့ ဆင်ခြေပေးနေတဲ့ ဆင်ခြေတစ်ခု ဖြစ်တယ်ဟု ဆိုပါတယ်။

Joshua M. Pearce ရဲ့ အဆိုအရ ကျွန်ုပ်တို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို လျော့ချဖို့ solar geoengineering နည်းပညာကို မလိုအပ်ပါဘူး။

ကျွန်ုပ်တို့ အနေနဲ့ စက်မှုလုပ်ငန်းတွေကို သူ့လမ်းကြောင်း အတိုင်း ဆက်သွားဖို့ ခွင့်ပြုလိုပါတယ်။

ယနေ့​ခေတ် နေရောင်ခြည်သုံး photovoltaic နည်းပညာဟာ လျှပ်စစ်ထုတ်လုပ်မှုအမြန်ဆုံး နှင့် စျေးအသက်သာဆုံးနည်းလမ်း ဖြစ်ပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဟာ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သလို၊ ကျောက်မီးသွေးစက်ရုံတစ်ခုပြီး တစ်ခု ဒေဝါလီခံလိုက်ရတာကို ငါတို့တွေ့ခဲ့ရတယ်။ ”ဟု ဆိုပါတယ်။

Joshua M. Pearce က သယ်ယူပို့ဆောင်ရေး နဲ့ တခြားသော လုပ်ငန်းများတွင် လျှပ်စစ်စျေးကွက်များ ပြန်လည် ရယူခြင်းဟာ solar geoengineering နည်းပညာကို အသုံးမပြုဘဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်လိမ့်မည်ဟု ဆိုပါတယ်။

နေကြတ်ခြင်း သရုပ်ပြပုံ

သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှု​ကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်ရှိတဲ့ နေရောင်ခြည်ကို ပိတ်ဆို့ဖို့ နည်းလမ်းများစွာ တီ ထွင်နေကြပါတယ်။

solar geoengineering အတွက် အဓိကနည်းလမ်းနှစ်ခုရှိပြီး ပထမနည်းလမ်းမှာ stratospheric aerosol injection (SAI) ဖြစ်ပြီး အမှုန့်များ ၊ aerosol များကို အပေါ်လေထုထဲကို ဖြန့်ကျက်ခြင်းဖြစ်ပါတယ်။

ဒုတိယတစ်နည်းကတော့ marine cloud brightening (MCB) ဖြစ်ပြီး သမုဒ္ဒရာအပေါ်တွင် တိမ်တိုက်များကို ထပ်မံဖွဲ့စည်းခြင်းကို အား ပေးရန် ပင်လယ်ဆားတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။

ယခုနှစ်ဇန်နဝါရီတုန်းက SAI ရဲ့ အောင်မြင်နိုင်ခြေကို စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

Stratospheric Controlled Perturbation Experiment (SCoPEx) ဟုခေါ်သော စမ်းသပ်မှုနောက်ကွယ်မှ သိပ္ပံပညာရှင်များဟာ ယခုနှစ်အတွက် စီစဉ်ထားသော စမ်းသပ်ပျံသန်းမှုကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အကယ်၍ ရှေ့ဆက်သွားပါက စမ်းသပ်မှုဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း ၂၀ ကုန်ကျမည်ဖြစ်ပြီး သူတို့ဟာ sulfates နှင့် calcium carbonate အပါအ၀င်အကြမ်းဖျင်းအားဖြင့် ၂ ကီလိုဂရမ်ရှိသောဓာတုပစ္စည်းများကို stratosphere ထဲသို့လွှတ်တင်ရန် ရည်မှန်းထားကြပါတယ်။

လွန်ခဲ့တဲ့လက သြစတေးလျမှ သုတေသီတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်းရှိ အပူဖိအားမြင့်တက်လာမှုကြောင့် ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကြီးဖြစ်တဲ့ Great Barrier Reef ၏ သန္တာကျောက်တန်းများ အရောင်တွေ လွင့်လာခြင်း ကို လျှော့ချရန် အဏ္ဏဝါတိမ်တောက်ပမှုကို စမ်းသပ်ဖို့ ကြေငြာခဲ့ပါတယ်။

solar geoengineering နည်းပညာနဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာတွေ နဲ့ သိပ္ပံပညာရှင်တွေရဲ့ သတိပေးချက်တွေ ကြားထဲကနေပြီးတော့ များစွာသော သိပ္ပံပညာရှင်တွေ နဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာမြေကြီးဟာ စံချိန်တင် အပူချိန်ကို ဆက်လက်ရောက်ရှိနေသဖြင့် ၎င်းကိစ္စကို ဆက်လက်၍ လုပ်ဆောင်နေကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 24/9/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *