သိပ္ပံပညာရှင်တွေဟာ လောင်စာဆီမပါဘဲ ပျံသန်းနိုင်သော လေယာဉ်ကို ဖန်တီးနေ

Innovation Tech

သိပ္ပံပညာရှင်တွေဟာ သမားရိုးကျ လေယာဉ်တွေလို လှုပ်ရှားအစိတ်အပိုင်းများနှင့် လောင်စာဆီများကို အသုံးပြုခြင်းထက် အိုင်းယွန်းဒရိုက်ဖြင့် စွမ်းအားပေး မောင်းနှင်နိုင်သော အနာဂတ်လေယာဉ်ကို ဖန်တီးရန် အရေးပါသော ခြေလှမ်းတစ်ခုကို စတင်ခဲ့ပါတယ်။

Nature ဂျာနယ်တွင် ထုတ်ဝေထားခဲ့သော ဆောင်းပါးတစ်ခုတွင် Massachusetts Institute of Technology (MIT) ရှိ Steven Barrett ဦးဆောင်သောအဖွဲ့မှ လောင်စာဆီသုံးစွဲမှုနှင့်အတူ ပန်ကာတွေ သို့မဟုတ် ဂျက်အင်ဂျင်တွေ မလိုအပ်တဲ့ အစိုင်အခဲအခြေအနေ တွန်းပို့ပစ္စည်းကို အသုံးပြုသော လျှပ်စစ် လေခွင်းအား စွမ်းအင်သုံး လေယာဉ်ကို သူတို့တီထွင်ခဲ့ပုံကို ဖော်ပြထားခဲ့ပါတယ်။

“ပျံသန်းမှုရဲ့ အနာဂါတ်ဟာ ပန်ကာတွေ၊ တာဘိုင်တွေကဲ့သို့ ပစ္စည်းများနှင့် မဖြစ်သင့်ပါဘူး”လို့ Barrett က ပြောကြားခဲ့ပါတယ်။

Photo: Courtesy of Nature

ဒါဟာ အပြာရောင် တောက်နေတဲ့ အရာတစ်မျိုးနှင့် လေထဲမှာ တိတ်တဆိတ် ပျံဝဲနေတဲ့ အရာတွေနှင့် အတူ Star Trek ဇာတ်ကား မှာ သင်တွေ့မြင်ရတဲ့ ယာဉ်ပျံလိုမျိုး ပိုပြီးတော့ ဖြစ်သင့်ပါတယ်။

ယခင်က ကျွန်တော်တို့ရဲ့ နည်းပညာဟာ လုံလောက်အောင် မတိုးတက် သေးတာကြောင့် ဒီလို အောင်မြင်မှု အခိုက်အတန့်မျိုး မဖြစ်နိုင်ခဲ့ပါဘူး။

၁၉၂၁ ခုနှစ်လောက်ထိတော့ သိပ္ပံပညာရှင်တွေဟာ ဒြပ်ဆွဲအား ဆန့်ကျင် နည်းပညာကို တစ်ချိန်က လွဲမှားခဲ့ပြီး အလားတူ အရာတစ်ခုကို တီထွင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ပါဘူး။

Photo: Courtesy of Nature video

ဒါပေမယ့် အခုအချိန်မှာတော့ အဓိက နည်းပညာတွေ တိုးတက်လာမှုတွေက ဒီလို ဖြစ်မြောက်လာခဲ့ပြီလို့ အဖွဲ့က ဆိုပါတယ်။

၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း သူတို့ရဲ့ စမ်းသပ်မှုများတွင် အလေးချိန် ၂.၄၅ ကီလိုဂရမ် (၅.၄ ပေါင်) ရှိပြီး တောင်ပံ ၅ မီတာ (၁၆ ပေ) အရှည်ရှိသော လေယာဉ်ကို ဖန်တီးခဲ့ပါတယ်။

၎င်းတွင် သူတို့ရဲ့ အတောင်ပံတွေတစ်လျှောက် သေးငယ်သော လျှပ်ကူးပစ္စည်းအများအပြားပါရှိပြီး သူတို့ရဲ့ အရှေ့ဘက်တွင် ပါးလွှာသော ဝါယာကြိုးတွေ ပါရှိပြီး နောက်ဘက်တွင် ပျံသန်းရာတွင် အပေါ်သို့ မတင်စေသည့် ကွေးနေသော လေယာဉ် အမြီးပိုင်း ပါရှိပါတယ်။

Photo: Courtesy of Nature video

အရှေ့ဘက်ရှိ ပါးလွှာသောဝါယာကြိုးတွေကို လျှပ်စစ်အဖိုဓာတ္ ဗို့အား ၂၀,၀၀၀ အားသွင်းထားပြီး နောက်ဘက်ရှိ အမြီးပိုင်းတွင် လျှပ်စစ်အမဓာတ် ဗို့အား ၂၀,၀၀၀ ဖြည့်သွင်းထားကာ အားကောင်းသော လျှပ်စစ် စက်ကွင်းကို ဖန်တီးပေးပါတယ်။

အရှေ့ဘက်တွင် အိုင်းယွန်းတွေ ထုတ်လုပ်ရန် လေထုအတွင်းရှိ နိုက်ထရိုဂျင် မော်လီကျူးများမှ အီလက်ထရွန်တွေကို ဖယ်ရှားပါတယ်။

၎င်းတို့သည် နောက်ဘက်သို့ အရှိန်မြှင့်လာသည်နှင့်အမျှ သူတို့က လေယာဉ်ကို တွန်းထုတ်သည့် အိုင်းယွန်းလေကို ထုတ်ပေးပါတယ်။

Photo: Courtesy of Nature video

“အခြေခံအယူအဆကတော့ လေကို အိုင်းယွန်းဖြစ်စေပြီး အဲဒီကနေ အီလက်ထရွန်ကို ဖယ်ရှားမယ်ဆိုရင် လျှပ်စစ် စက်ကွင်းနဲ့ လေကို အရှိန် မြှင့်နိုင်မှာ ဖြစ်တယ်။ သင့်ခေါင်းပေါ်ကို ပူဖောင်းဖြင့် ပွတ်နေလျှင် သင်ရလိုက်တဲ့ အားလိုပဲပေါ့” လို့ Barrett က ပြောကြားခဲ့ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.