ကမ္ဘာပေါ်မှာ သက်ရှိတွေ စတင်လာပုံ ကို သိပ္ပံပညာရှင်တွေ လေ့လာမိသလောက်

Article Science

ကမ္ဘာကြီးဟာ တခြားဂြိုဟ်တွေနဲ့ မတူဘဲ သက်ရှိ သတ္တဝါမျိုးစုံကို ရှင်သန်နိုင်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို မျက်လုံးဖွင့်ကြည့်လိုက်လျှင် သက်ရှိတွေရှိနေပါတယ်။

ပန်းခြံ၌ ခိုတစ်ကောင် ဖြစ်စေ၊ မမြင်နိုင်တဲ့ သေးငယ်သော သက်ရှိတွေဟာ မြေမျက်နှာပြင်တိုင်းကို ဖုံးလွှမ်းနေပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီယံက ကမ္ဘာမြေ စတင် ဖြစ်တည်လာတုန်းက သက်ရှိသတ္တဝါတွေ ကင်းမဲ့နေခဲ့ပါတယ်။

ပထမဆုံး သက်ရှိတွေက ဘယ်လိုပေါ်ပေါက်လာတာလဲ။ အတိုဆုံးအဖြေကတော့ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့သိခဲ့ရင် အဲဒါကို မျိုးပွားနိုင်ခဲ့မှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက မှန်ကန်တဲ့ အခြေအနေတွေ အောက်မှာ အလုံပိတ် ပုလင်းတစ်လုံးထဲသို့ မှန်ကန်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်းနိုင်ခဲ့ပြီး အဲ့ဒါကို ဖွင့်လိုက်လျှင် သက်ရှိတွေကို တွေ့ရလိမ့်မှာ ဖြစ်ပါတယ်။

ဘယ်သူမှ ဒါကို မလုပ်နိုင်ဖူးသေးပါဘူး။

ဒါပေမယ့် သက်ရှိတွေ ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို အတိအကျ မသိပေမယ့် ကျွန်တော်တို့မှာ သဲလွန်စတွေ အများကြီးရှိပါတယ်။

သက်ရှိတွေကို ဘယ်အရာက ပြုလုပ်ပြီး ထိုအစိတ်အပိုင်းတွေက ဘယ်ကလာသလဲဆိုတဲ့ အလွယ်ဆုံး အပိုင်းနဲ့ စကြည့်လိုက်ရအောင်။

သက်ရှိတွေမှာ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက်တွေ သယ်ဆောင်ပေးတဲ့ ပရိုတိန်းတွေနဲ့ nucleic အက်ဆစ် (DNA, RNA) တွေကဲ့သို့ ဓာတုပစ္စည်း ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။

ဒီဓာတုပစ္စည်းတွေက ရှုပ်ထွေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစိတ်အပိုင်းတွေက တော်တော်လေး လွယ်လွယ်ကူကူ ဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့ အခု သိကြပါတယ်။

၁၉၅၃ တွင် Stanley Miller အမည်ရှိ ဓာတုဗေဒ ပညာရှင် လူငယ်တစ်ဦးက ပထမဆုံး အထောက်အထားကို ထုတ်ပြန်ခဲ့ပါတယ်။

သူက ကမ္ဘာငယ်ရဲ့ ပင်လယ်နဲ့ လေထု အသွင်ဆောင်ထားတဲ့ ဖန်ခွက်တစ်လုံးမှာ ရေနဲ့ ဓာတ်ငွေ့သုံးမျိုးထည့်လိုက်ပါတယ်။

Miller က ရေကိုအပူပေးပြီး လျှပ်စီးကြောင်းအသွင်ဆောင်ရန် လေထုကို လျှပ်တိုက်လိုက်ပါတယ်။

ရက်အနည်းငယ်အတွင်း ဤဖွဲ့စည်းမှုဟာ ပရိုတိန်း အပိုင်းအစဖြစ်တဲ့ အမိုင်နိုအက်စစ်ကို ထုတ်လုပ်ပါတယ်။ ထိုအချိန်မှစ၍ သိပ္ပံပညာရှင်တွေက အလားတူလေ့လာမှုများစွာကို လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့တဲ့ သုတေသန၌ Sara Szymkuć (ယခု Allchemy Inc ကုမ္ပဏီဥက္ကဌ) ဦးဆောင်တဲ့ သုတေသီတွေက စမ်းသပ်မှုများစွာကို ပြုစုခဲ့ပါတယ်။

သူတို့က ဓာတုပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘယ်လို ပြောင်းလဲနိုင်လဲဆိုတာ ဖော်ပြတဲ့ မြေပုံတစ်ခုကို ဖန်တီးခဲ့ပါတယ်။

နေ့စဉ် ရေနဲ့မီသိန်းကဲ့သို့သော ဓာတုပစ္စည်းခြောက်မျိုးဖြင့်သာ စတင်ခြင်းဖြင့် သူတို့ဟာ သက်ရှိများတွင် တွေ့ရှိရတဲ့ ဓာတုပစ္စည်း ထောင် ပေါင်း များစွာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

သွယ်ဝိုက်ပြောရရင်တော့ ဖန်တီးထားတဲ့ ကမ္ဘာ​ငယ်ဟာ ဇီဝဓာတု ပစ္စည်း စက်ရုံလေး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ဓာတုပစ္စည်းတွေ အများကြီးရှိနေတာက သေချာပေါက် သက်ရှိတွေကို မဖြစ်တည်စေနိုင်ပါဘူး။

ဒါကတော သတိကြီးစွာထားဖို့ လိုအပ်တဲ့နေရာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အရာတွေက ရှင်သန်စေလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။

စဉ်းစားပုံမှာ အချက်သုံးချက် ဖြစ်ပေါ်လာပါတယ်။

ပထမဦးစွာ သက်ရှိတွေဟာ အပြင်ဘက်အလွှာနဲ့ မကြာခဏ အတူတကွရှိနေရန် လိုအပ်ပြီး ပြဿနာရှိတာနဲ့ ချက်ချင်း ဖယ်ရှားလိုက်ပါတယ်။

ဒုတိယအချက်မှာ သူတို့ ကိုယ်တိုင် ပျိုးထောင်ရပါတယ်။ ၎င်းတွင် ရှုပ်ထွေးတဲ့ ဓာတုတုံ့ပြန်မှုတွေ ပါဝင်ပါတယ်။

တတိယအနေနဲ့ သက်ရှိတွေဟာ မျိုးရိုးဗီဇတွေ လွှဲပြောင်းဖို့ ကိုယ်တိုင်မျိုးပွားဖို့ လိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ က သက်ရှိတွေရဲ့ မူလအစ သုတေသနက သူတို့ကိုယ်ပိုင် ဒီစနစ်တွေထဲကတစ်ခု ဥပမာအားဖြင့် သူတို့ကိုယ်တိုင် ကူးယူခြင်းအားဖြင့် မျိုးပွားတဲ့ မျိုးရိုးဗီဇ မော်လီကျူးတစ်ခု ပြုလုပ်ရန် ကြိုးစားမှုတွေ လွှမ်းမိုးခဲ့ပါတယ်။

အခြားအပိုင်းတွေက နောက်မှ ဆက်လာဖို့ ယူဆရပါတယ်။ ပုဂ္ဂိုလ်ရေး အမြင်အရ ကျွန်တော် ဒီချဉ်းကပ်မှုအပေါ် သံသယရှိပါတယ်။

စနစ်သုံးခုအနက် ဘယ်အရာကမှ သူ့အလိုလို ရှင်သန်မနေပါဘူး။ သူတို့ဟာ အချင်းချင်း လိုအပ်ကြပါတယ်။

ထို့ပြင် ကမ္ဘာမြေဟာ သက်ရှိ ဓာတုပစ္စည်းတွေ အားလုံးကို ပြုလုပ်တဲ့ ဒီလို အလုပ်မျိုးကို လုပ်နေတယ်ဆိုရင် စနစ်သုံးခု စလုံးကို တစ်နေရာတည်းတွင် တစ်ပြိုင်နက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်နိုင်ပါတယ်။

ထိုအရာသည် ပင်လယ်နက်တွင်း ရေပူထွက်ပေါက် ဒါမှမဟုတ် ကုန်းပေါ်ရှိ ရေကန်ကဲ့သို့ အကန့်အသတ်ရှိတဲ့ နေရာ၌ ပိုမိုလွယ်ကူစွာ ဖြစ်လိမ့်မှာ ဖြစ်ပါတယ်။

သက်ရှိတွေ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာကို အတိအကျမသိရသေးတဲ့အပြင် တချိန်က လုံးလုံးပဟေဠိဆန်ခဲ့တဲ့ အရာတွေက အခုအချိန်မှာ ရှင်းပြလို့ မရနိုင်လောက်သေးပါဘူး။

By : Michael Marshall

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *