ကမ္ဘာအကြီးဆုံး သန္တာကျောက်တန်းကြီးတစ်ခု ဖြစ်တဲ့ Great Barrier Reef လို့ခေါ်တဲ့ သန္တာကျောက်တန်းကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဟု သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ ယုံကြည်ကြပါတယ်။
လွန်ခဲ့တဲ့ သတင်းတစ်ပတ်က Nature ဂျာနယ် Scientific Reports တွင်ထုတ်ဝေခဲ့တဲ့ သုတေသနအရ သန္တာကျောက်တန်းအသစ် အမျိုးအစားတွေကို ကျယ်ကျယ်ပြန့်ပြန့်တွေ့လာနိုင်ဖွယ်ရှိတယ်ဟု ဖော်ပြထားပါတယ်။
အံ့သြဖွယ်ကောင်းတာတစ်ခုက ကမ္ဘာအကြီးဆုံးသန္တာကျောက်တန်းကြီးတစ်ခု ဖြစ်တဲ့ Great Barrier Reef လို့ခေါ်တဲ့ သန္တာကျောက်တန်းကြီးမှာရှိတဲ့ ဘတ်စ်ကား အရွယ်အစားရှိတဲ့ သန္တာကျောက်တန်းတွေဟာ ပူနွေးလာပြီး အက်စစ်ဓာတ်ပိုမို ခံစားလာသည်နဲ့ အမျှ
တခြားဒေသက သန္တာကျောက်တန်းတွေနဲ့ နှိုင်းယှဥ်လျှင် အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာရှင်သန်နေကြတာကို တွေ့ရပါတယ်။
လေ့လာမှု ဦးဆောင်စာရေးဆရာ နှင့် Kames Cook တက္ကသိုလ်မှ သုတေသီ Adam Smith တို့က သန္တာကျောက်တန်းတွေဟာ တိုက်ခန်းတွဲနဲ့ တူတယ်လို့ လွတ်လွတ်လပ်လပ်ပြောဆိုခဲ့ကြပါတယ်။

”သန္တာကျောက်တန်းတွေဟာ တခြားမျိုးစိတ်တွေကို ဆွဲဆောင်တယ်။ သန္တာကျောက်တန်း ဝန်းကျင်မှာဆိုရင် သူတို့ကို အကာအကွယ်အတွက် သို့မဟုတ် အစာရှာဖွေဖို့အတွက် အသုံးပြုနေတဲ့ တခြားတိရစ္ဆာန်များစွာရှိပါတယ်။”
“ဒါကြောင့် သန္တာကျောက်တန်းဟာ သူတို့လေးတွေအတွက် တော်တော်အရေးပါတာကိုတွေ့ရပါတယ်။ ”
ထင်သာမြင်သာရှိနေ
သုတေသီများဟာ ဒီလောက်ကြီးမားတဲ့ သန္တာကျောက်ကို မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက် လေ့လာဖို့အတွက် အံ့အားသင့်ခဲ့ ကြသော် လည်း နောက်ဆုံးမှာ သူတို့ဟာ ဝေးလံပြီး ကောင်းမွန်စွာ ကာကွယ်ထားတဲ့ Great Barrier Reef ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မယ်လို့ ကောက် ချက်ချခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားများ နှင့် သုတေသီတွေဟာ ဒီ ကမ္ဘာအကြီးဆုံးသန္တာကျောက်တန်းကြီးတစ်ခု ဖြစ်တဲ့ Great Barrier Reef ကို နှစ်များစွာအတွင်း မည်သည့်အခါမှ ထိခိုက်ပျက်စီးအောင် မပြုလုပ်ကြပါဘူး။
အသက်ရှင် နေထိုင်နိုင်မှု
သန္တာကျောက်တန်းတွေဟာ ရာစုနှစ်များစွာ အသက်ရှင်နေထိုင်ဖို့အတွက် ကြီးမားတဲ့သန္တာကျောက်တန်းတွေဟာ အရောင်ကျွတ်တဲ့ အဖြစ် အပျက်တွေ ၁၀၀ နီးပါးလောက် နဲ့ ယေဘုယျအားဖြင့် သမုဒ္ဒရာအခြေအနေတွေကို ပိုမိုဆိုးရွားစေသည့် ဆိုက်ကလုန်းမုန်တိုင်း ၈၀ လောက် ဒဏ်ကို ကြံ့ကြံ့ခံနေရတယ် လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချကြပါတယ်။
တကမ္ဘာလုံးရှိ သန္တာကျောက်တန်းများ ကြုံတွေ့နေရသည့် အန္တရာယ်ကို “တကမ္ဘာလုံးရှိ သန္တာကျောက်တန်းတွေ လုံးဝ ပျောက်ကွယ်သွားမယ့် အန္တရာယ် ကြုံတွေ့နေ” တွင် အသေးစိတ် လေ့လာနိုင်ပါတယ်။
ကြီးမားပြီး ကျန်းမာသန်စွမ်းတဲ့ သန္တာကျောက်တန်းတစ်ခုလုံး ပြန်လည် ကျန်းမာရှင်သန်မယ်လို့ မဆိုပါဘူး။

ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရသော်လည်း ကျန်းမာစွာ ရှင်သန်နေတဲ့ သန္တာကျောက်တန်းတွေ ရှိကောင်းရှိနိုင်ပါတယ်၊
ဒါဟာ ဂေဟဗေဒဆိုင်ရာ ကျန်းမာရေးအတွက်စိတ်ချရတဲ့သတင်းတစ်ခုဘဲ ဖြစ်ပါတယ်။
ဒါမှမဟုတ် ဒီ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရတဲ့ နမူနာတွေဟာ ကျွနိုပ်တို့အနေဖြင့် သန္တာကျောက်တန်းတွေကို မည်သို့ ကယ်တင်နိုင်မည်ဆိုတာကို သဲလွန်စပေးနိုင်တာကို တွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။