Mary Shelley ရဲ့ Frankenstein ဝတ္ထု ဇာတ်လမ်းထဲမှ သိပ္ပံပညာရှင် Dr. Victor Frankenstein က လူတယောက်ကို အ သက် သွင်းဖို့ ကြိုးစားခဲ့သည့် အကြောင်းကို သိကြမှာပါ။
တကယ့်လက်တွေ့ ဘဝမှာလည်း သိပ္ပံပညာရှင်များဟာ လူမဟုတ်ပေမယ့် အခြား သက်ရှိများကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒီလို ကြိုးစားခဲ့သည့် ဖြစ်ရပ်များမှ ၁၀ နှစ်အတွင်း သိပ္ပံပညာရှင်များ အသက်သွင်းခဲ့သည့် အရာ ၅ မျိုးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
၁။ အာတိတ်ဒေသမှ အဏုဇီဝ သက်ရှိ
၂၀၂၁ ခုနှစ်ဇွန်လ အတွင်းမှာ သိပ္ပံပညာရှင်များဟာ နှစ် ၂၄,၀၀၀ လောက် သက်တမ်းရှိသည့် သက်ရှိ တကောင်ကို ဆိုက်ဘေးရီးယား ရေခဲထုကြီး အောက်မှာ ရှာတွေ့ခဲ့ပါတယ်။
ထို သက်ရှိကို bdelloid rotifer သို့မဟုတ် Arctic rotifer လို့ ခေါ်ပါတယ်။

Image: Courtesy of Lyubov Shmakova
သိပ္ပံပညာရှင်များဟာ ယခင်က ၆ နှစ်မှ ၁၀ နှစ်အတွင်းသာ အေးခဲသည့် အဆင့်တွင် ရှင်သန်နိုင်သည့် ရေခဲပြင်အောက်တွင် အေးခဲနေသည့် အဆိုပါ သက်ရှိကို အောင်မြင်စွာ ပြန်လည် အသက်သွင်းနိုင်ခဲ့ပြီး ၎င်း၏ သက်တမ်းကိုလည်း radiocarbon dating နည်းဖြင့် တွက်ချက်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ အဆက်မပြတ် မျိုးပွားနိုင်ပြီး သန္ဓေဆောင်စရာ မလိုဘဲ မျိုးပွားနိုင်တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
၂။ ပြန်လည်ရှင်သန်လာသည့် အပင်များ
Permafrost လို့ခေါ်သည့် အမြဲတမ်း အေးခဲနေသည့် နေရာတွင် ရုရှားပိုင်နက်၏ ၆၅ ရာခိုင်နှုန်းလောက် ပါဝင်နေပြီး ရှေးခေတ် သက်ရှိနှင့် အပင်များကို လေ့လာလိုပါက ဆိုက်ဘေးရီးယား ဒေသဟာ အကောင်းဆုံး ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရုရှား သိပ္ပံပညာရှင်များဟာ Pleistocene ခေတ် နှောင်းပိုင်း ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂,၀၀၀ လောက်က အပင်တပင်လုံးကို ပြန်လည် အသက်သွင်းနိုင်ခဲ့တယ်လို့ စာတမ်း တစောင် ရေးသားခဲ့ပါတယ်။
ထိုအပင်များဟာ အရှေ့ ဆိုက်ဘေးရီးယားတွင် ပေါက်ပွားခဲ့သည့် အပင်များဖြစ်ပြီး Silene stenophylla လို့ ခေါ်ပါတယ်။

Image: Courtesy of Wikimedia Commons
အပင်ကို ရေခဲပြင်အောက် အနက် မီတာ ၄၀ လောက်မှာ ရှာတွေ့ခဲ့တာ ဖြစ်ပြီး ၎င်းကို ဆက်လက်ရှင်သန်နိုင်ရန် အလား အ လာရှိသည့် မျိုးစေ့များကိုတောင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၃။ ရှေးခေတ် ရေညှိများ
အထက်ပါ အပင်တွေကို ရုရှား သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိပြီး နောက် ၂ နှစ်အကြာမှာ ဗြိတိန် သိပ္ပံပညာရှင်များ အဖွဲ့ဟာ ရှေးခေတ် ရေညှိပင်ကို အန္တာတိက တွင် ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။
ထိုအပင်များဟာ သက်တမ်း ၁,၅၃၀ နှစ်လောက် ရှိပြီး ရေခဲပြင်အောက်တွင် cryptobiosis လို့ခေါ်တဲ့ ဇီဝဖြစ်ပျက်နှုန်း နှေးကွေးတဲ့ အနေအထားဖြင့် ရှိနေခဲ့တာပါ။
သိပ္ပံ ပညာရှင်များဟာ ၎င်းတို့ကို ရေခဲပြင် အထက်သို့ ပြန်လည် ယူဆောင်ပြီး ပုံမှန် ဇီဝဖြစ်ပျက်မှုဖြင့် ရှင်သန်လာစေနိုင်ခဲ့ပါတယ်။
၄။ ဗိုင်းရပ်စ် တမျိုး

Image: Courtesy of EYE OF SCIENCE/SCIENCE SOURCE
၂၀၁၇ ခုနှစ်မှာတော့ Alberta တက္ကသိုလ်မှု သုတေသီများဟာ မြင်းများတွင် ဖြစ်ပွားခဲ့သည့် ကျောက်ရောဂါ ဗိုင်းရပ်စ် တမျိုးကို ပြန်လည်ဖန်တီးခဲ့ကာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။
မြင်းကျောက်ရောဂါပိုးဟာ လူတွေကို မထိခိုက်စေပေဘဲ သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သုတေသီများကတော့ ဒီနည်းပညာကို စိုးရိမ်နေခဲ့ပြီး မလိုလားအပ်တဲ့ သူများဆီသို့ ရောက်သွားခါ ရေကျောက် ရောဂါပိုးများ ပြန်လည် ရှင်သန်လာအောင် ပြုလုပ်မှာ စိုးရိမ်နေပါတယ်။
ရေကျောက်ရောဂါဟာ ၁၉၇၇ ခုနှစ်မှာ ပျောက်ကွယ်သွားတာ ဖြစ်ပြီး ပထမဆုံးနှင့် တခုထဲသော ဆေးဝါးကြောင့် ပျောက်ကွယ်သွားခဲ့သည့် ပိုးတမျိုး ဖြစ်ပါတယ်။
၅။ Ibex တောင်ဆိတ်ရိုင်း
၂၀၂၂ ခုနှစ် အစောပိုင်းမှာ သုတေသီများဟာ ပျောက်ကွယ်လု ဖြစ်နေတဲ့ black-footed ferret လို့ခေါ်တဲ့ မြွေပါမျိုးနွယ် တမျိုးကို ပုံတူပွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

Image: Courtesy of Wiki Media CC 3.0
၂၀၀၀ ခုနှစ်မှာတော့ Pyrenean ibex လို့ခေါ်တဲ့ Celia လို့ အမည်ပေးထားတဲ့ မျိုးသုဉ်းပြီး တောင်ဆိတ်ရိုင်း တကောင်ကို ပုံတူပွားခဲ့ပါသေးတယ်။
ဒါပေမယ့် အဆိုပါ သားလောင်းဟာ ၁၀ မိနစ်ခန့်သာ ရှင်သန်ခဲ့ပြီး မွေးဖွားပြီး မကြာခင်မှာ ဆုံးရှုံးခဲ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 6/7/2022