တရုတ်ဟာ ၂၀၂၃ တွင် စွမ်းအင် ထုတ်လုပ်မှုထက် ပိုမို လုပ်ဆောင်နိုင်တဲ့ ဓာတ်ပေါင်းဖို (breeder reactor) နှစ်ခုကို ဖွင့်လှစ်ရန် စီစဉ်နေပါတယ်။
ဒီဓာတ်ပေါင်းဖိုတွေဟာ ၎င်းတို့ စစ်ဆင်ရေးရဲ့ တစိတ်တစ်ပိုင်း အဖြစ် လက်နက် အဆင့် ပလူတိုနီယမ်ကို ပြုလုပ်ပါတယ်။
နိုင်ငံတကာ သိပ္ပံပညာရှင်တွေက တရုတ်ရဲ့ နျူကလီးယား လက်နက်တွေ အတွက် ဒါက ဘာကို ဆိုလိုတာလဲ ဆိုတာကို စိုး ရိမ် နေကြပါတယ်။
ဖူကျင်း ပြည်နယ်၊ ချန်းဗြောင် ကျွန်းငယ်လေးတွင် တရုတ်အမျိုးသား နျူးကလီးယား ကော်ပိုရေးရှင်းက နိုင်ငံတကာ အာရုံ စိုက်မှုနှင့် စိုးရိမ်မှုကို ရရှိစေတဲ့ လျှို့ဝှက် နျူးကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို တည်ဆောက်နေပါတယ်။
၂၀၂၃ နှင့် ၂၀၂၆ တို့တွင် ဓာတ်အားပေးရန် စီစဉ်ထားသော ဓာတ်ပေါင်းဖိုတွေကို China Fast Reactor 600 (CFR-600) လို့ခေါ်ပါတယ်။
ဒီလို ဓာတ်ပေါင်းဖိုဟာ ရုပ်ဝတ္ထုတွေကို ထပ်မံ ခွဲခြမ်း စိတ်ဖြာပြီး ၎င်း၏ နျူးကလီးယား တုံ့ပြန်မှုသည် အသုံးပြုသည်ထက် လောင်စာပိုထုတ်ပေးပါတယ်။
Al Jazeera ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ တခု အရ အဲ့တာဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာရှိတဲ့ သိပ္ပံပညာရှင်များ ခေါင်းစားနေတဲ့ အရာပဲ ဖြစ်ပါတယ်။

နျူကလီးယား ဓာတ်အားပေး စက်ရုံ အများစုရဲ့ပန်းတိုင်ဟာ ၎င်းတို့ရဲ့ လောင်စာပမာဏ အများကြီးကို အတတ်နိုင်ဆုံး အပိုမပြုလုပ်ပဲ အသုံးပြုရန်ဖြစ်ပါတယ်။
အထူးသဖြင့် ဓာတ်ပေါင်းဖိုသည် ပလူတိုနီယမ်ကို ထုတ်လုပ်တဲ့အခါ နျူကလီးယား လက်နက်အဖြစ်သို့ ပြောင်းရန် လွယ်ကူပါတယ်။
Breeder reactor တွေဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံများ သမိုင်းမှာ အစောပိုင်းကတည်းက မျက်နှာသာမရခဲ့ပါဘူး။
ယနေ့တွင် အမေရိကန်၊ ယူကေနှင့် ဂျာမနီတို့လို နိုင်ငံတွေက ၎င်းတို့ရဲ့ breeder ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို စွန့် လွှတ်ခဲ့တာဟာ ကြာပြီပဲဖြစ်ပါတယ်။
တရုတ်မှာတော့ ဒီလိုမဟုတ်ပါဖူး။ CFR-600 သည် ဆိုဒီယမ် အအေးခံထားသော နျူထရွန်ဓာတ်ပေါင်းဖိုဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် လည်ပတ်နေသည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ အများစုကဲ့သို့ ရေကိုသုံးမယ့်အစား ၎င်းကို ပုံမှန် ရေထက် ပိုမို ကောင်းမွန်တဲ့ အပူချိန် အတိုင်းအတာနဲ့ တုံ့ပြန်မှုနည်းသော ဆိုဒီယမ်အရည်တို့ဖြင့် အအေးခံထားပါတယ်။
လျင်မြန်သော neutron များတွင် အခြားနည်းလမ်းများထက် သဘာဝစွမ်းအင်ပိုရှိပါတယ်။
အပူဓာတ်ရှိတဲ့ neutronတွေကို လုပ်ဆောင်ရန်အတွက် အပူချိန် ထိန်းချုပ်နိုင်သော ကြားခံတစ်ခုတွင် ထိန်းသိမ်းထားရပါမယ်။ လျှင်မြန်သော ဓာတ်ပေါင်းဖိုများတွင်တော့ ကြားခံမလိုအပ်ပါဘူး။
CFR-600 အတွင်းမှာတော့ နျူကလီးယား စွန့်ပစ် ပလူတိုနီယမ်နှင့် ယူရေနီယံများ ပြုန်းတီးခြင်းမှ ပြုလုပ်ထားတဲ့ အောက်ဆိုက်ဒ် အရော လောင်စာ (MOX) လို့ခေါ်တဲ့ လောင်စာတစ်မျိုးရှိပါတယ်။
၎င်းဟာ ၂၀၀၃ ခုနှစ်တွင် တရုတ်ကစတင်ခဲ့တဲ့ China Experimental Fast Reactor (CEFR) ဒီဇိုင်းနဲ့ လုပ်ငန်းစဉ် တစ်ခုရဲ့ နောက်တစ်ဆင့်ပဲ ဖြစ်ပါတယ်။
CFR-600 ဓာတ်ပေါင်းဖိုနှစ်ခုစီမှ ၁၅၀၀ MWt နဲ့ ၆၀၀ MWe စွမ်းအင် ထုတ်လုပ်ပါလိမ့်မယ်။

အဲဒါကကောင်းပါတယ်။ ပြဿနာကတော့ လျင်မြန်သောဓာတ်ပေါင်းဖိုသည် နျူကလီးယားသိပ္ပံပညာရှင်များက လွန်ခဲ့သောဆယ်စုနှစ်များစွာက ယူရေနီယမ် လောင်စာများ ကုန်ကျစရိတ် မြင့်မားသောကြောင့် ပြောင်းရွှေ့ခဲ့တဲ့ ယူရေနီယမ်ကို ပိုမို အ သုံးပြုပါတယ်။
ဒါဆိုဘာလို့ တရုတ်က ကမ္ဘာ့ နျူကလီးယားစက်ရုံ အများစု မှီခို အားထား နေရတဲ့ သမားရိုးကျ ဓာတ်ပေါင်းဖိုတွေ အပြင်၊ breeder reactor ကို တည်ဆောက်နေတာလဲ။
ဒီမှာအခြေအနေကပိုပိုပြီးရှုပ်ထွေးလာပါတယ်။
စာတမ်းအသစ်တစ်ခုတွင် မူဝါဒ မပြန့်ပွားရေး ပညာပေးစင်တာ (NPEC) မှ ကျွမ်းကျင်သူများက ၂၀၃၀ တွင်တရုတ်သည် လက်နက်အဆင့် ပလူတိုနီယမ် ပမာဏနှင့် လျှင်မြန်သော ဓာတ်ပေါင်းဖိုများပြုလုပ်မယ့် နျူးကလီးယား ဒုံးကျည်ထိပ်ဖူး ၁၂၇၀ ရှိနိုင်တယ်လို့ ပြောပါတယ်။
အဲ့ဒါဟာ အမေရိကန်ရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် လက်နက်တိုက် ရှိသလောက်ပဲ များပါတယ်။
နိုင်ငံတကာ လုံခြုံရေးနဲ့ မပြန့်ပွားရေးအတွက် အမေရိကန် လက်ထောက် နိုင်ငံခြားရေးရာဝန်ကြီး နှစ်ဦးက တရုတ်ရဲ့ လက် နက်အစီအစဉ်အတွက် ဓာတ်ပေါင်းဖိုတွေရဲ့အဓိပ္ပါယ်က ဘာလဲဆိုတာနဲ့ ပတ်သတ်ပြီး ကမ္ဘာ့အစိုးရတွေကို တရုတ်အစိုးရကို တိုက်တွန်းရန် ၂၀၂၁ က စာတမ်းတစောင့် ထွက်ပေါ်လာခဲ့ပါတယ်။
ထိုစာတမ်းတွင် ဒီအစီအရင်ခံစာက အကြံပြုတဲ့အတိုင်း ကမ္ဘာ့အန္တရာယ်အရှိဆုံး အရာဝတ္ထု တန်ချိန်များ ထပ်မံ ထုတ်လုပ်ခြင်းဖြင့် ဤမျှအရေးပါ တက်ကြွသာယာဝပြောတဲ့ ကမ္ဘာကြီးအတွက် အရှုပ်အထွေးတွေကနေ ဝေးကွာဖို့ တကယ်ကောင်းတဲ့ စိတ်ကူးလား
ဒါမှမဟုတ် ပိုကောင်းတဲ့ အခြားနည်းလမ်းကို ရှာနေတာလား ဆိုတာကို ငါတို့ အမြင်မှာတော့ အနည်းဆုံးတော့ ပစိဖိတ် ပင် လယ်ပြင်နှင့် ထိစပ်နေတဲ့ တဝိုက်က ခေါင်းဆောင်တွေ အချင်းချင်း သံတမန်ရေးအရ ဆက်ဆံဖို့ အချိန်တန်ပါပြီလို့ ပြောခဲ့ပါတယ်။
ကျွမ်းကျင်သူများက ဆွေးနွေးမှုတွင် ပါဝင်မယ့်အစား တရုတ်ဟာ ၎င်းရဲ့နျူကလီးယား အစီအစဥ်ကို ပိုပိုပြီး သိသာ ထင်ရှားစေခဲ့တယ် လို့ ပြောပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ၎င်းတို့ရဲ့ လက်နက်ရေးရာတွင် အသုံးမပြုသော အရပ်ဘက်သုံး ပလူတိုနီယမ် အခြေအနေကို အပြည်ပြည်ဆိုင်ရာအနုမြူ စွမ်းအင်အေဂျင်စီ (IAEA) သို့အစီရင်ခံပြီး အစီအရင်ခံစာက တရုတ်က ၂၀၁၇ ကတည်းက အတူတူ မလုပ်သောကြောင့် လုပ်ဖို့ တိုက်တွန်းပါတယ်။
ဘာလို့ တရုတ်က တံခါးပိတ်ပြီး ပလူတိုနီယမ်ကို သိုလှောင်ထားရတာလဲ။
တရုတ်ဟာ လောလောဆယ်မှာ အမေရိကန်ထောက်လှမ်းရေးအရာရှိများက ခန့်မှန်းခြေအားဖြင့် အနည်းဆုံးပေကျင်း၏ နျူက လီးယားလက်နက်တိုက်အရွယ်အစားနှစ်ဆ
သို့မဟုတ် ထို့ထက်ပိုလိမ့်မယ်လို့ ယူဆရတဲ့ ကြီးမားတဲ့နျူကလီးယား လက်နက် တည်ဆောက်မှုတွေမှာ ပါဝင်နေလို့ ကျွမ်း ကျင် သူများက ရှင်း ပြခဲ့ပြီး ပလူတိုနီယမ်စုဆောင်းခြင်းဟာ ၎င်းတို့အား ဤအရေးပါသော အရင်းအမြစ်များကို ပိုပေးပါတယ်။
တရုတ်သည် အခြား ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် အပြိုင်အဆိုင် ခံစားရရန် နည်းလမ်းအဖြစ် ဒါမှမဟုတ် လိုအပ်ရင်ဆွဲဆောင်ညှိနှိုင်းနိုင်မယ့် အစအန တစ်ခုရှိရန် ပလူတိုနီယမ် အမြောက်အမြားကို လိုချင်တာ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံများစွာဟာ ကာဗွန်ကြားနေမှုကို ထိန်းညှိရေးအတွက် နည်းလမ်းတစ်ခု အဖြစ် ၎င်းတို့ရဲ့ နျူကလီးယားစက်ရုံများကို တည်ဆောက်နေတာကြောင့် သိပ္ပံပညာရှင်များက breeder reactor များကိုမေးခွန်းထုတ်ဖွယ်ရှိပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။