ကနေဒါနိုင်ငံရှိ Αugusta Mountain မှာ “sea dragon” လို့ တင်စား ခေါ်ဝေါ်ကြတဲ့ ichthyosaur ရဲ့ ၈ ပေရှည်သော ဦး ခေါင်း ခွံကို ရှာဖွေတွေ့ရှိခဲ့ပြီး စတင်တွေ့ရှိခဲ့သမျှ အကြီးမားဆုံး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာပါတယ်။
အဆိုပါ ထူးထူးခြားခြား ရှာဖွေတွေ့ရှိမှုဟာ ဝေလငါးများ မည်ကဲ့သို့ ဆင့်ကဲ ပြောင်းလဲလာပုံနှင့် ၎င်းတို့ရဲ့ ရှေ့ပြေး ပင်လယ်ပြင်များကို ထိန်းသိမ်းထားပုံတို့ကို ထောက်ပံ့ပေးနိုင်တယ်ဟု သုတေသနအဖွဲ့မှ ယုံကြည်နေပါတယ်။
သုတေသီတွေက လွန်ခဲ့သော နှစ်ပေါင်း ၂၄၆ သန်းခန့်က ရှင်သန်ခဲ့သည့် ကြီးမားတဲ့ ရေနေ တွားသွားသတ္တဝါ အမျိုးအစားဖြစ်တဲ့ ichthyosaur ရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သုတေသနအဖွဲ့ရဲ့ အဆိုအရ၊ ထိုအချိန်ကာလတုန်းက ၎င်းဟာ ကမ္ဘာမြေပေါ်မှာ ရှင်သန်ဖူးသမျှ ကုန်းမြေနဲ့ ရေအောက် အကြီးဆုံးနဲ့ ထင်ရှားကျော်ကြားဆုံး ဖြစ်တာကြောင့် Cymbospondylus youngorum လို့ အမည်အသစ်ပေးခဲ့ကြသေးတယ်ဟု ဆိုပါတယ်။

Illustration
သုတေသီတွေက ichthyosaur ( sea dragon) တွေဟာ ၅၅ ပေထက် ပိုမြင့်နိုင်တဲ့ အတွက်ကြောင့် ကြီးမားတဲ့ စပန်း ဝေလ ငါးရဲ့ အရွယ်အစားဖြစ်တယ် ဟု ဆိုပါတယ်။
၎င်းတို့မှာ သေးငယ်တဲ့ သွားများ ရှိတယ်ဟု ယူဆရပြီး ငါးများကို စားသောက် ကျက်စားတယ်ဟု ဆိုပါတယ်။
၎င်းတို့မှတဆင့် သေးငယ်သော တွားသွားသတ္တဝါများနှင့် ပင်လယ် ရေနေ တွားသွား သတ္တဝါများကို ဆင့်ကဲပြောင်းလဲလာတယ်ဟု ဆိုပါတယ်။
၁၉ရာစု အစောပိုင်းတုန်းက အင်္ဂလန်မှာ ပထမဆုံး ပြီးပြည့်စုံတဲ့ အရိုးစုများကို တွေ့ရှိတဲ့အခါ ichthyosaurs များရှိကြောင်း သိပ္ပံပညာက သိရှိလာခဲ့တာ ဖြစ်ပါတယ်။
ထိုရာစုနှောင်းပိုင်းမှ တစ်သျှူးပျော့ ရုပ်ကြွင်းများ အပါအဝင် အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထားသော ichthyosaur ရုပ် ကြွင်းအများအပြားကို ဂျာမနီမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Illustration
နှစ်ဆယ်ရာစုနှောင်းပိုင်းမှစပြီး စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး တိုက်ကြီးအားလုံးမှ ichthyosaurs ရုပ်ကြွင်း အရေအတွက် တိုးများလာကာ ယခုအခါ တရားဝင် မျိုးစိတ် ငါးဆယ်ကျော်ကို သိရှိလာခဲ့တာ ဖြစ်ပါတယ်။
Ichthyosaur မျိုးစိတ်များက အရှည် ၁ မီတာမှ ၂၀ မီတာ (၃ မှ ၆၆ ပေ) အထိ ကွဲပြားကြပါတယ်။
၎င်းတို့က ယနေ့ခေတ် ငါးများ၊ လင်းပိုင်များနှင့် ဆင်တူပါတယ်။ အနည်းဆုံး မျိုးစိတ်အချို့မှာဆိုရင် နောက်ကျောဆူးတောင်ရှိပါတယ်။
သူတို့ရဲ့ ဦးခေါင်းများက ချွန်နေပြီး သေးငယ်သော သားကောင်ကို ဖမ်းဖို့ မေးရိုးများကို အသုံးပြုကြပါတယ်။

Illustration
အချို့သောမျိုးစိတ်များက တိရစ္ဆာန်ကြီးများကို တိုက်ခိုက်ဖို့ အတွက် ပိုကြီးသော သွားများရှိကြပါတယ်။
နက်နက်နဲနဲငုပ်ဖို့ မျက်လုံးတွေက အရမ်းကြီးပါတယ်။ လည်ပင်းက တိုတောင်းပြီး နောက်ပိုင်း မျိုးစိတ်တွေမှာ ခန္ဓာကိုယ် တောင့်တင်းကြတာကို တွေ့ရပါတယ်။
သုတေသီတွေက Cymbospondylus youngorum တွေဟာ “ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားပြီးနောက် သမုဒ္ဒရာများအတွင်း သက်ရှိများရဲ့ ခံနိုင်ရည်အားကို သက်သေပြခဲ့တယ်” ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။