အလိုအလျှောက် ပြုပြင်နိုင်မည့် စမတ်ဖုန်း မှန်များ မကြာခင်မြင်တွေ့ဖွယ်ရှိ

News Tech

တစုံတယောက်က သင့်ရဲ့ တန်ဖိုးကြီး ဖုန်းကို ခဏငှားပြီး အသုံးပြုပါက စိတ်လှုပ်ရှားမိမှာတော့ အမှန်ပါပဲ။ အဓိကကတော့ သင့်ဖုန်းထဲကို လျှောက်ကြည့်မှာ စိုးတာထက် လွတ်ကျမှာ စိုးတာပါ။

ဒါ့ကြောင့် အိန္ဒိယနိုင်ငံ ကာလ်ကတ္တားရှိ သိပ္ပံပညာရေးနှင့် သုတေသန ကျောင်း (Indian Institute of Science Education and Research IISER) မှ သုတေသီများဟာ စမတ်ဖုန်း မျက်နှာပြင် ပြုလုပ်အတွက် အကောင်းဆုံး အရာကို ရှာဖွေတွေ့ရှိ ထားပါပြီ။

ဒါကတော့ ထွင်းဖောက်မြင်ရပြီး မာကျောကာ ကွဲအက်သွားပါက အလိုအလျှောက်ပြန် လည်ကောင်းမွန်လာစေမယ့် မှန်သား တမျိုးပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ အဆိုပါ အလိုအလျှောက် ပြန်လည်ကောင်းမွန်လာစေမယ့် မှန်မျိုးကို ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တွေချီအောင် ကြာလာပြီ ဖြစ်ကာ အောင်မြင်မှု တချို့လဲ ရရှိခဲ့ပါတယ်။

ဥပမာအားဖြင့် အမေရိကန် ဓာတုဗဒ အဖွဲ့အစည်းမှ သုတေသီများဟာ သေးငယ်ပြီး ရေကူးနိုင်ကာ မဂ္ဂနက်တစ် သံလိုက်နည်းဖြင့် ကိုယ့်ဟာကိုယ် ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်တဲ့ စက်ရုပ်ငယ်လေးကို ဖန်တီးခဲ့ပါတယ်။

အဆိုပါ စက်ရုပ်ကို အပိုင်း ၃ ပိုင်းလောက် ခွဲလိုက်ရင်တောမှ ၎င်း၏ ကိုယ်ထည်ဟာ အလိုအလျှောက် ပြန်လည်ပေါင်းစည်းပြီး အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်မှ သုတေသီများကတော့ စမတ် foam ဆိုသည့် ပစ္စည်းတမျိုးကို ဖန်တီးခဲ့ပြီး အဲဒီ့ အပြားများဟာ စက် ရုပ်၏ လက်တွင် တပ်ဆင် အသုံးပြုနိုင်ကာ အရာဝတ္ထုများကို ထိစရာမလိုဘဲ အာရုံခံနိုင်ပြီး မိမိဘာသာ မိမိ ပြန်လည် ပြုပြင်နိုင်ပါတယ်။

ဒါပေမယ့် အထက်ပါ တီထွင်မှုများဟာ နူညံ့ပျော့ပြောင်းတဲ့အတွက် အကြမ်းသုံး ပစ္စည်းတခုအနေဖြင့်တော့ မသင့်တော်သေးပါဘူး။

ဒါ့ကြောင့် အိန္ဒိယရှိ IISER မှ သုတေသီများဟာ မာကျောတဲ့ အရာတွေအတွက် အလိုအလျှောက် ပြုပြင်နိုင်တဲ့ ပစ္စည်းကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိန္ဒိယ တယ်လီဂရပ်ဖ် က ဖော်ပြခဲ့ပါတယ်။

သုတေသီများဟာ စက်မှု စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို အပြန်အလှန် ပြောင်းလဲပေး နိုင်တဲ့ ၂ မီလီမီတာအမြင့် ရှိပြီး ၀.၂ မီလီမီတာ အ ကျယ် ရှိတဲ့ အပ်ပုံစံ ခရစ်စတယ်လေးများကို piezoelectric အော်ဂဲနစ်ပစ္စည်းတွေကို အသုံးပြုပြီး ဖန်တီးခဲ့ပါတယ်။

ဒီလို မော်လီကျူးဖွဲ့စည်းမှုကြောင့် အထူးဒီဇိုင်းပြုလုပ်ထားတဲ့ ပုံဆောင်ခဲများ၏ မျက်နှာပြင် ၂ ခုအကြားမှာ အပြန်အလှန် သံလိုက်များကဲ့ သို့ ဆွဲဆောင်နိုင်သည့် အားများပေါ်ပေါက်လာ ပါတယ်။

အာရုံခံနိုင်သည့် smart foam ကို လက်တွင် တပ်ဆင်ထားစဉ်

ဒါ့ကြောင့် ကျိုးပဲ့သွားသည့် အခါတိုင်း ဆွဲအားမှ အပိုင်းအစများကို ပြင်ပမှ အပူ သို့မဟုတ် အခြား အလိုအလျှောက် ပြုပြင်သည့် ပစ္စည်းများ လိုအပ်သည့် လှုံ့ဆော်မှုများ မလိုအပ်ဘဲ ပြန်လည်ပေါင်းစည်း စေပါတယ်။

“ကျွန်တော်တို့ရဲ့ မိမိကိုယ်ကို ပြုပြင်နိုင်တဲ့ ပစ္စည်းဟာ အခြားအရာများထက် ၁၀ ဆလောက် ပိုပြီးမာကျော်ပါတယ်။ ပြီးတော့ သူ့မှာ သေချာစီစဉ်ထားတဲ့ အတွင်းပိုင်း ခရစ်စတယ်ဖွဲ့စည်းမှုရှိတဲ့အတွက် အီလက်ထရောနစ်နှင့် optical ပိုင်းများမှာ အများဆုံး သင့်လျှော်ပါတယ်”

လို့ IISER ၏ သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခ ချီလာ မာလာ က ပြောပါတယ်။

“ဒီပစ္စည်းတွေကို မိုဘိုင်ဖုန်း မျက်နှာပြင် အဖြစ် အသုံးပြုနိုင်ပြီး အက်ကြောင်းတွေ ပေါ်လာရင် မိမိဖာသာ ပြန်လည် ပြုပြင်နိုင်မှာပါ” ဟု IIT Kharagpur မှ ဘာနူဘူရှန် ခ တူဝါ က ပြောပါတယ်။

ဒီပစ္စည်းနှင့် ပတ်သက်ပြီး တခု ထဲသော ပြသနာက သင့်ဖုန်းနောက်တလုံး လဲမယ့်အချိန်အထိ စီးပွားဖြစ် ထုတ်လုပ်နိုင်ဦးမှာ မဟုတ်တာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *