ဆီနီဂေါရှိ လယ်သမားများဟာ အစိမ်းရောင် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့အတွက် ၎င်းတို့၏ ကိုယ်ပိုင် မဟာတံတိုင်းကြီးကို တည်ဆောက်နေကြပါတယ်.
တကယ်လို့ သင်ဟာ Boki Daiwe မြို့ကိုဖြတ်ပြီး လေယာဉ်စီးခဲ့ရင် သဲကန္တာရထဲမှာ ဂရုတစိုက် စိုက်ပျိုးထားတဲ့ အဝိုင်းပုံစံ ဥယျာဉ်တွေကို မျက်တောင်မခတ်ဘဲ ကြည့်နေမိမှာ ဖြစ်ပါတယ်။
အဲဒီ့ ဥယျာဉ်တွေကို tolou keur လို့ လူသိများပြီး သဲကန္တာရ မဟာတံတိုင်း စီမံကိန်း၏ နောက်ဆုံး မွေးဖွားလိုက်တဲ့ အရာများ ဖြစ်ကြပါတယ်။
ဒီ ဥယျာဉ်ကို ဒီဇိုင်းဆွဲခဲ့သူကတော့ နယ်နိမိတ်တွေကို ပိတ်လိုက်တဲ့အခါမှာ နိုင်ငံတွင်းက မထွက်ခွာနိုင်တော့တဲ့ ဆီနီဂေါ စိုက်ပျိုးရေး အင် ဂျင်နီယာ Aly Ndiaye ပဲ ဖြစ်ပါတယ်။
ကနဦး အစပျိုးမှုကို ၂၀၀၇ ခုနှစ်မှာ အာဖရိက သမဂ္ဂက ပြုလုပ်ခဲ့တာဖြစ်ပြီး ဥရောပ သမဂ္ဂ၊ ကမ္ဘာ့ဘဏ် နှင့် ကုလ သမဂ္ဂတို့က ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ဆာဟာရ သဲကန္တာရကို တောင်ဘက်သို့ ရွေ့လျားစေခြင်းဖြင့် ကန္တာရ နယ်မြေ တိုးလာခြင်းကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဆီနီဂေါမှ Djibouti အထိ Sahel ဒေသ တလျှောက် ၁၀ မိုင်ကျယ်ဝန်းပြီး ၄၃၅၀ မိုင်ရှည်လျှားတဲ့ သစ်ပင်များကို ခါးပတ်ပုံစံ စိုက်ပျိုးသွားဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် စီမံကိန်းတွင် ဆာဗားနားတွင် သစ်ပင် စိုက်မရသည့် အခက်အခဲ နှင့် ရန်ပုံငွေ မရှိခြင်း အပါအဝင် ပြသနာပေါင်းများစွာ ကြုံခဲ့ရပါတယ်။
ကုလ သမဂ္ဂ၏ တွက်ချက်မှုကို Reuters သတင်းဌာနတွင် ဖော်ပြခဲ့မှုအရ စီမံကိန်း တခုလုံးအတွက် ကတိပြုထားသည့် ဟက်တာ သန်း ၁၀၀ ရှိသော သစ်ပင်များအတွက် ၄ ရာခိုင်နှုန်းသာ စီစဉ်နိုင်ခဲ့ပါတယ်။
ဒီ စီမံကိန်းကို ၂၀၃၀ ခုနှစ်မှာ ပြီးစီးရန် ရည်မှန်းထားပြီး ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံ ခန့် ရှိနိုင်ပါတယ်။
စက်ဝိုင်းပုံ ဥယျာဉ်များကတော့ သစ်ပင် မဟာတံတိုင်းကြီးကို တည်ဆောက်နိုင်ဖို့ အတွက် နည်းလမ်းသစ်ကို ကိုယ်စားပြုနေပါတယ်။
သဲကန္တာရကို ရပ်တန့်စေမယ့် စက်ဝိုင်းပုံစံ သစ်ပင်များ
သင်္ဘောပင် နှင့် သရက်ပင်ကဲ့သို့ ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ခံနိုင်သည့် အပင်များနှင့် ပျိုးပင်များကို အဆိုပါ ဥယျာဉ်များတွင် တွေ့ရမှာ ဖြစ်ပြီး အတွင်းပိုင်းမှာတော့ ဆေးဖက်ဝင် အပင်များကို တွေ့ရမှာပါ။
ဥယျာဉ်ပြီးစီးဖို့ ၃ လ ကြာမြင့်ပြီးနောက် ၎င်း၏ အေးဂျင့်များဟာ ၂ နှစ်တာအတွင်း လစဉ် စစ်ဆေးမှုများကို စတင်တော့မှာ ဖြစ်ပါတယ်။
သင့်အနေဖြင့် ဘာလို့ စက်ဝိုင်းပုံစံ ပတ်ပြီး သစ်ပင်များကို စိုက်ရတဲ့ အကြောင်းကို သိချင်ပါလိမ့်မယ်။ အဲဒါကတော့ စက်ဝိုင်းပုံစံ စိုက်ပျိုးခြင်းက သစ်ပင်အမြစ်များကို အတွင်းသို့ ရောက်နေစေလို့ ဖြစ်ပါတယ်။

ဒါဟာ အရည်များနှင့် ဘတ်တီးရီးယားများကို ထောင်ချောင်ဖြစ်စေပြီး ရေဓာတ် ထိန်းသိမ်းမှုနှင့် မြေဩဇာဓာတ် ရရှိဖို့ကို တိုးတက်စေပါတယ်။
ဆီနီဂေါ ဟာ ကပ်ရောဂါကြောင့် နယ်စပ်ဝင်ခွင့်ကို ပိတ်လိုက်ပြီးနောက် ကျေးရွာများဟာ နိုင်ငံခြား အစားအစာနှင့် ဆေးဝါးများကို မှီခိုနေရသဖြင့် ပိုမို ဖူလုံလာခဲ့ပြီးနောက် ဒီ စီမံကိန်းကို မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။
စီစဉ်သူများဟာ ဒီစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဥယျာဉ် ရာပေါင်းများစွာကို တည်ဆောက်သွားမှာဖြစ်ကာ အစားအစာလုံခြုံရေး၊ ဒေသတွင်း သဲကန္တာရ လျှော့ချရေးနှင့် ထောင်ချီတဲ့ လုပ်သားများအတွက် အလုပ်အကိုင်ပါ ရရှိလာစေမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။