(၁)
၁၈၈၅ -ခုနှစ်၊နိုဝင်ဘာ ၂၉ ရက်နေ့ ညနေမိုးချုပ်စ အချိန်တွင် မြန်မာဘုရင် သီပေါမင်းနှင့် စုဘုရားလတ်တို့အား သူရိယသင်္ဘောပေါ်တင်ဆောင်ပြီး အိန္ဒိယနိုင်ငံ၊ရတနာဂီရိသို့ ခေါ်ဆောင်သွားခဲ့ကြပြီး အဲဒီအချိန်မှာ သီပေါမင်းရဲ့အသက်က (၂၇) နှစ်အရွယ်ပါ။
(၂)
ကမ္ဘာပေါ်တွင် ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်တွင်သာရှိပြီး တစ်ခြားသော မည်သည့် တိရစ္ဆာန်ဥယျာဉ်မှ မရှိသော တိရစ္ဆန်ဟာ “သားမင်း”ဖြစ်ပါတယ်။

(၃)
ရှေးအခါက မြန်မာဘုရင်များသည် စစ်ပွဲ၌ ရန်သူတွေနှင့်တိုက်ခိုက်ပြီး ခုခံသူများကို ဖမ်းဆီးရမိပါက “လက် ရ” ဟု အမည်ခေါ်ပြီး စေပါးခိုင်းပိုင်ခွင့်ရှိပါတယ်။
ဒီလိုမဟုတ်ပါပဲ ရန်သူက မခုခံပဲ လက်နက်ချ အဖမ်းခံသူများကို “သုံ့ပန်း” ဟုခေါ်ဆိုပြီး မြို့ရွာထူထောင် လုပ်စားခွင့်နှင့် လွတ်လပ်ခွင့်ပေးပါတယ်။သွေးနှောခွင့် လဲပေးပါတယ်။သူတို့ဟာ ကြာလာလျှင် နိုင်ငံသားအခွင့်အရေးပါ အပြည့်အဝရကြပါတယ်။
(၄)
ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံးတက်ရောက်ခဲ့ မြန်မာများမှာ ဗိုလ်မှူးကြီး စောမြင့်ဦး ဦးဆောင်သော “ယိမ်းနွဲ့ပါး”တောင်တက်အဖွဲ့ဖြစ်ပြီး ၁၉၅၅-ခုနှစ်က တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် တောင်ထိပ်ထိတော့မရောက်ခဲ့ပါဘူး။

(၅)
မြန်မာထီလက်မှတ်များကို ဗြိတိသျှခေတ် ၁၉၃၈ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အိန္ဒိ ယ ရူပီးဖြင့်သာ ရောင်းချခဲ့ပါတယ်။

ပုံ-ခရက်ဒစ်