မောင်းသူမဲ့ ကင်းလှည့် ရေယာဉ် ထုတ်လုပ်တော့မယ့် စင်္ကာပူနိုင်ငံ

News

စင်္ကာပူ နိုင်ငံဟာ ပြည်တွင်းမှာ ထုတ်လုပ်မယ့် မောင်းသူမဲ့ ရေပြင်သွားယာဉ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

၎င်းရေယာဉ်ဟာ AI စနစ်ဖြင့် မောင်းနှင်နိုင်မှာဖြစ်ကာ မဟာဗျူဟာအရ အရေးကြီးတဲ့ အရှေ့ တောင်အာရှ ကျွန်းနိုင်ငံရဲ့ ရေပြင်မှာ လုံခြုံရေး တာဝန်များ ထမ်းဆောင် စေဖို့ ဖြစ်ပါတယ်။

ပြီးစီးပါက စင်္ကာပူ သမ္မတနိုင်ငံ ရေတပ်မှာ အဆိုပါ USV ၄ စီးကို အသုံးပြုသွားဖွယ် ရှိပါတယ်။ ကာကွယ်ရေး ဝန်ကြီး ဌာနကတော့ ဒီ ရေယာဉ်တွေဟာ နိုင်ငံရဲ့ ပင်လယ်ပြင် နယ်နိမိတ်အတွက် စောင့်ကြည့်ခြင်းနှင့် တုံ့ပြန်မှု လုပ်ငန်းများအတွက် နောက်တလွှာ ထပ်ပေါင်း ပေးခြင်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီ မောင်းသူမဲ့ သင်္ဘောငယ်ဟာ နာရီနှင့်ချီတဲ့ ကင်းလှည့်မှုတွေ ပြုလုပ်ကာ ပင်လယ်ပြင်ကို မြဲမြံစွာ ကာကွယ်နိုင်မှာ ဖြစ်လို့ ပိုကြီးတဲ့ လူလိုက်ပါတဲ့ စစ်သင်္ဘောတွေအတွက် ပိုမိုသက်သာစေပြီး တခြား ပိုမိုအရေးကြီးတဲ့ ဗျူဟာမြောက် စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးက ထပ်လောင်း ပြောကြားပါတယ်။

ဒီရေယာဉ်မှာ ပြည်တွင်းဖြစ် ရေကြောင်းသွားလာမှု တွင် ထိခိုက်နိုင်မှုကို တွေ့ရှိ ရှောင်ရှားနိုင်တဲ့ စနစ် တပ်ဆင်ထားသည့်အတွက် ရှုပ်ယှက်ခတ်နေသည့် စင်္ကာပူ ပင်လယ်ပြင်အတွင်းမှာ အထိ အခိုက် မရှိဘဲ သွားလာနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ လူလိုက်ပါတဲ့ စစ်သင်္ဘောမှာ တပ်ဆင်ထားတဲ့ စင်ကာပူရေတပ်၏ စစ်ဆင်ရေးတွေအတွက် ဒီဇိုင်းဆွဲထားတဲ့ ရေကြောင်းလမ်းပြပုံနှင့် အလိုအလျှောက် ခွဲခြား စနစ်မှာ ပါဝင်တဲ့ အာရုံခံ ကိရိယာတွေ နဲ့ ထိခိုက်မှု တွေ့ရှိနိုင်တဲ့ ပစ္စည်းတွေကို တပ်ဆင် ပေးထားတာပါ။

ဒါ့ကြောင့် စနစ်ဟာ သင်္ဘောများနှင့် တိုက်မိနိုင်မှုကို ရှောင်ရှားနိုင်ဖို့ အလိုအလျှောက် ဆုံးဖြတ်နိုင်ပြီး ရေကြောင်း သွားလာမှုမှာ ပင်လယ်ပြင်မှာ တိုက်မိခြင်းများကို ကာကွယ်တားဆီးရေး အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။

အဆိုပါ နည်းစနစ်ကို စင်္ကာပူ ရေလက်ကြားရှိ ရေကြောင်းသွားလာမှု ပုံစံများကို ခွဲခြမ်းစိတ်ဖြာ ပြီးနောက် USV အတွက် ပင်လယ်စမ်းသပ် မှုများ အတွက် မထည့်သွင်းခင် ၉ လ အလိုမှာ ဓာတ်ခွဲခန်း ပတ်ဝန်းကျင်မှာ စမ်းသပ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှ ထုတ်လုပ်မည့် မောင်းသူမဲ့ ရေယာဉ်များ

စင်္ကာပူနိုင်ငံဟာ ဒီ USV ရဲ့ မူလအစနှင့် ပတ်သက်ပြီး အသေးစိတ် မထုတ်ပြန်ရသေးပေမယ့် Janes ကာကွယ်ရေးဆိုင်ရာ Website မှ ဖော်ပြဖူးတဲ့ သတင်းအရ ၁၆.၉ မီတာ အရှည်ရှိမှာဖြစ်ပြီး ထိုင်ဝင်နိုင်ငံပိုင် Lung Teh သင်္ဘော တည်ဆောက်ရေးကုမ္ပဏီက တည်ဆောက်ပေးမယ်လို့ သိရပါတယ်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနမှ အချက်အလက် အချို့အရ ဒီ USV ဟာ တန် ၃၀ အလေး ချိန် ရှိပြီး တစ်နာရီလျှင် ၂၅ နော့တီကယ်မိုင် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကာ ၃၆ နာရီကြာ တာ ဝန် ထမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။

ယာဉ်ပေါ်တွင် ၁၂.၇ မီလီမီတာ (၅၀ ကာလီဘာ) စက်အမြောက်တစ်လက်၊ လေဆာ အချက်ပေးစနစ်၊ တာဝေး အချက်ပြလှိုင်း နှင့် ရှာဖွေရေး မီးမောင်းများ တပ်ဆင်ထားပြီး ရေကြောင်းသွား လာ မှုကို တပ်ဆင်ထားသည့် ရေဒါနှင့် GPS စနစ်များဖြင့် ပြုလုပ်နိုင်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *