စင်္ကာပူ၏ ရေဆိုးမှ သုံးရေဂါလံ သန်းချီ ပြောင်းလဲပေးသည့် စနစ်အကြောင်း တစေ့တစောင်း

Innovation Tech

သက္ကရာဇ် ၂၀၅၀ ပြည်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၉.၇ ဘီလီယံလောက်အထိ ရှိလာနိုင်ပြီး အဲဒီ့အထဲက ၅၂ ရာခိုင်နှုန်းလောက်ဟာ သောက်သုံးရေ အခက်အခဲရှိသည့် နေရာဒေသများတွင် နေထိုင်ရနိုင်တယ်လို့ MIT မှ သုတေသီများကဆိုပါတယ်။

အချို့ နိုင်ငံများဟာ သောက်သုံးရေနှင့် ပတ်သက်လို့ ပြသနာများ ရှိနေနှင့်ပြီး ဖြစ်ကာ အဲဒီ့အထဲမှာ လူဦးရေ ၅.၇ သန်းလောက် နေထိုင်တဲ့ စင်္ကာပူနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

အကြောင်းကတော့ စင်္ကာပူတွင် သောက်သုံးရေအတွက် သဘာဝ ရင်းမြစ် အလုံအလောက် မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မြို့ပြ နိုင်ငံငယ် တခုဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာ သောက်သုံးရေအတွက် မလေးရှားနိုင်ငံကို မှီခိုခဲ့ရပေမယ့် အဲဒီ့ အနေအထားကို ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

စင်္ကာပူ အစိုးရဟာ ဥမင်လှိုဏ်ခေါင်းများနှင့် နည်းပညာမြင့် စက်ရုံများပါဝင်တဲ့ ခေတ်မှီ မိလ္လာသန့်စင်စနစ်ကို တီထွင်ခဲ့ပြီး မိလ္လာရေများကို သောက်သုံးရေအဖြစ် ပြောင်းလဲပေးခဲ့နိုင်ကြောင်း Phys. org တွင် ဖော်ပြခဲ့ပါတယ်။

စင်္ကာပူသောက်သုံးရေ အေဂျင်စီ၏ တွက်ချက်မှုအရ နိုင်ငံရေလိုအပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ၂၀၆၀ ခုနှစ်မှာတော့ ၅၅ ရာခိုင်နှုန်းလောက်အထိ ထောက်ပံ့ပေးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

recycled water လို့ခေါ်တဲ့ ပြန်လည် အသုံးပြုရေအများစိုကု စက်မှုလုပ်ငန်းများအတွက် အသုံးပြုပြီး အချို့ကိုတော့ ရေလှောင်ကန်များတွင် ရေဖြည့်၇◌န် အသုံးပြုပါတယ်။

သန့်စင်ထားသောရေ အနည်းငယ်ကိုသာ ပင်လယ်ထဲသို့ စွန့်ပစ်တဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်ပါတယ်။

မြို့၏ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည့် ချန်ဂီ ရေသန့်စင် စက်ရုံကြီးဟာ ပြန်လည် အသုံးပြုရေ ထုတ်လုပ်ဖို့အတွက် အဓိက အသဲနှလုံး နေရာပဲ ဖြစ်ပါတယ်။

ဒီစက်ရုံ၏ တစိတ်တပိုင်းကို မြေအောက်မှာ တည်ဆောက်ထားပြီး အချို့ အခန်းများဟာ မြေအောက် ၂၅ ထပ်လောက်အထိတောင် ရှိနေပါတယ်။

အညစ်အကြေးရေများဟာ ကြီးမားပြီး မိုင် ၃၀ (၄၈ ကီလိုမီတာ) လောက်ရှည်တဲ့ အညစ်အကြေးစွန့်ထုတ် စနစ်မှ တဆင့် စီးဆင်းလာတာ ဖြစ်ပါတယ်။

စက်ရုံအတွင်းမှာ သံမဏိပိုက် ကွန်ယက်များ၊ ပြွန်များ၊ သိုလှောင်တိုင်ကီကြီးများ၊ စစ်ထုတ်သည့် စနစ်များနှင့် အခြား စက်ပစ္စည်းများဟာ တနေ့လျှင် ရေဂါလံ ၂၃၇ သန်းလောက်အထိ ထုတ်လုပ်ပေးနေပါတယ်။

ဒီအရေအတွက်ဟာ အိုလံပစ် ရေကူးကန်အရွယ်ရှိတဲ့ ကန်တခုကို တစ်နှစ်လောက် နေ့စဉ် ရေဖြည့် ပေးနိုင်ပါတယ်။

ရေဆိုးများဟာ စက်ရုံသို့ ရောက်ရှိလာတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ စုပ်ထုတ်စက်များဆီ မရောက်ခင် ပထမဆုံး စစ်ထုပ်သည့်နေရာသို့ ဖြတ်သန်းရပါတယ်။ အဲဒီ့နောက် မြေပြင်ပေါ်ရှိ ရေဆိုး သန့်စင်သည့်နေရာသို့ ပို့လွှတ်ပါတယ်။

ကြိုတင်စီမံထားသည့် လုပ်ငန်းစဉ်များကြောင့် ဤသန့်စင်ထားသောရေသည့် နောက်ထပ် သန့်စင်စနစ်ကို ဖြတ်သွားရာတွင် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ် များကို ခရမ်းလွန်ရောင်ခြည် ဖြင့် ပိုးသတ်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါတယ်။

ဒါဟာ NEWater လို့ခေါ်တဲ့ ပြန်လည် အသုံးပြုသည့်ရေ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အကြောင်း အကြမ်းဖျင်းပဲ ဖြစ်ပါတယ်။

ရရှိလာတဲ့ ရေများကို အရည်အသွေးမြင့် ရေကို အသုံးပြုဖို့ လိုအပ်သည့် microchip ထုတ်လုပ်ရေး စက်ရုံများတွင် အသုံးများပါတယ်။

ခြောက်သွေ့တဲ့ ရာသီများမှာတော့ ရေများကို ထပ်မံ သန့်စင်ပြီး လူများ အသုံးပြုနေသည့် ရေဘုံဘိုင် စနစ်သို့ ပေးပို့ ပေးတာ ဖြစ်ပါတယ်။

လက်ရှိ စင်္ကာပူနိုင်ငံ၏ ရေသန့်စင်မှု လုပ်ငန်းဟာ အစပိုင်းသာ ရှိသေးတာဖြစ်ပြီး ဒီစနစ်အတွက် အဆင့်မြှင့်တင်ဖို့ နှင့် တိုးချဲ့ဖို့ အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံလောက် သုံးစွဲဖို့ ရှိနေပါတယ်။

နိုင်ငံအတွင်း နောက်ထပ် မြေအောက် လှိုင်ခေါင်းစနစ်များ နှင့် ရေသန့်စင်သည့် စက်ရုံကြီး တခုကို ၂၀၂၅ ထပ်မံတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံ၏ ဗဟုသုတဖြစ်ဖွယ် ပြန်လည် အသုံးပြုရေ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရေသန့်စင် စနစ်အကြောင်းကို ဗဟုသုတအနေ ဖြင့် Knowledgeworms မှ တဆင့် မျှဝေ ပေးလိုက် ပါတယ် ခင်ဗျာ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.