တောင်ကိုရီးယား ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးပျံ ရေအောက်တွင် စမ်းသပ်

News

တောင်ကိုရီးယား သတင်း မီဒီယာတခုဖြစ်တဲ့ YTN အရ တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည် submarine-launched ballistic missile (SLBM) ကို ပထမဆုံး စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီစမ်းသပ်မှုကို ရေအောက်မှ ပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား ရေတပ်အတွက် ပထမဆုံးဖြစ်တဲ့ ပဲ့ထိန်းဒုံးတင် Dosan An Chang-ho (KSS-III) အတန်းအစား ရေငုပ်သင်္ဘောအတွက် စမ်းသပ်တာဖြစ်တယ်လို့ သိရပါတယ်။

Yonhap သတင်း အေဂျင်စီမှု အမည်မဖော်ပြခဲ့တဲ့ သုံးသပ်သူအဆိုအရ အချက်အလက်အချို့ကို အခြေခံပြီး ဒီလေ့ကျင့် စမ်းသပ်မှုဟာ ပစ်လွှတ်ပြွန်မှတဆင့် ‌ရေအောက်မှာ စမ်းသပ်ခဲ့တာလို့ သိရတာပါ။

ဒီစမ်းသပ်တဲ့ ဒုံးကျည်ဟာ တောင်ကိုရီးယား ရဲ့ ကီလိုမီတာ ၅၀၀ လောက်အထိ ပစ်ခတ်နိုင်တဲ့ Hyeonmu-2B (Hyunmoo-2B ဟုလည်း စာလုံးပေါင်း) အမျိုးအစား ဒုံးကျည်ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

၂၀၂၀ ခုနှစ်က ထယ်အမ် စီရင်စုရှိ အာဟွန် စမ်းသပ်ရေး စခန်းမှာ ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီမှ အဆိုပါ ဒုံးကျည်ကို မြေပြင်တွင် စမ်းသပ်အောင်မြင်ပြီးဖြစ်ကာ ယခုအခါမှာတော့ ရေအောက်တွင် စမ်းသပ်တာပဲ ဖြစ်ပါတယ်။

ဒုံးကျည်ကို နျူကလီးယား မဟုတ်တဲ့ သမားရိုးကျ ထိပ်ဖူးများကိုသာ အသုံးပြုမှာဖြစ်ပြီး တန် ၃ ထောင် မဟုတ် ဒီ့ထက်ပိုတဲ့ ရေငုပ်သင်္ဘောဖြစ်တဲ့ KSS-III အတန်းအစားလို ရေငုပ်သင်္ဘောမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကာကွယ်ရေး ပြပွဲ တွင် တောင်ကိုရီးယား သင်္ဘောတည်ဆောက်သည့် ကုမ္ပဏီဖြစ်တဲ့ Daewoo Shipbuilding & Marine Engineering (DSME) ဟာ KSS-III အတန်းအစား ရေငုပ်သင်္ဘောကို ပြသခဲ့ပါတယ်။

ပြပွဲအတွင်း ဒီရေငုပ်သင်္ဘောဟာ ပဲ့ထိန်း ဒုံးကျည်များ တင်ဆောင် ပစ်လွှတ်နိုင်အောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

အဆိုပါ အတန်းအစားထဲမှ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်တဲ့ Dosan An Chang-ho (SS 083) ဟာ air-independent propulsion (AIP) စနစ် တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ထို သင်္ဘောကို တော်ပီဒို လမ်းလွှဲစနစ်များ နှင့် ဒေါင်လိုက်ပစ်လွှတ်စနစ်များ စမ်းသပ်အောင်မြင်ပြီးနောက် တောင်ကိုရီးယား ရေတပ်သို့ လွှဲပြောင်းသွားမှာ ဖြစ်တယ်လို့ YTN မီဒီယာအရ သိရှိရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *