တောင်ကိုရီးယား ကာကွယ်ရေး ဝယ်ယူရေး အစီအစဉ် စီမံဌာန (DAPA) သို့ ဘက်စုံသုံး မောင်းသူမဲ့ မြေပြင်သွားယာဉ် အမျိုးအစား ၂ မျိုးကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်တယ် လို့ ကာကွယ်ရေး ပစ္စည်များထုတ်လုပ်သည့် Hyundai Rotem ကုမ္ပဏီမှ မှ ဇူလိုင်လ ၇ ရက်နေ့မှာ ကြေ ငြာ ခဲ့ပါတယ်။
ဒီ multipurpose unmanned ground vehicles (MPUGVs) ဘက်စုံသုံး မောင်းသူမဲ့ မြေပြင်သွား ယာဉ်ငယ်ဟာ ကိုရီးယားကြည်းတပ် နှင့်အတူ ၆ လာကြာ စမ်းသပ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ HR-Sherpa ရှေ့ပြေးပုံစံ ယာဉ်ကို အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ ကြေငြာချက်အရ ဒီမောင်းသူမဲ့ မြေပြင်သွားယာဉ် ဝယ်ယူမှုဟာ ဝယ်ယူမှု အရှိန်မြှင့် ဝယ်ယူရေး အစီအစဉ်အရ စစ်တပ်ကို စွမ်းရည်အသစ်တွေကို မိတ်ဆက်ပေးဖို့ ရည်ရွယ်တာဖြစ်ပြီး ဆက်စပ်လေ့ကျင့်ရေးနှင့် အထောက်အပံ့များနှင့်အတူ နိုဝင်ဘာ ၂၀၂၀ စာချုပ်အရ
ကြည်းတပ်အတွက် ပထမဆုံး 6×6 ဘီးသုံး မောင်းသူမဲ့ မြေပြင်သွားယာဉ် ထုတ်လုပ်ရေး အစီအစဉ်အဖြစ် ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ယခု ပေးအပ်လိုက်တဲ့ ယာဉ်အသစ်ဟာ ရှေ့ပြေးပုံစံ HR-Sherpa ထက် ပိုမို ကောင်းမွန်ကာ ဘက်စုံအသုံးပြုနိုင်တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်ကို အနီးကပ် တိုက်ခိုက် စစ်ဆင်ရေးများ၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း စစ်ဆင်ရေးများ စသည့် စစ်ဆင်ရေးများ အပြင် ခဲယမ်း မီးကျောက်များ နှင့် ရိက္ခာများ ပြန်လည် နေရာချထားခြင်းများ၊ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက်ပါ အသုံးပြုနိုင်ပါတယ်။
ယာဉ်တွင် နေ့/ည မြင်နိုင်သည့် ကင်မရာများ တပ်ဆင်ထားပြီး အဝေးမှ ထိန်းချုပ် မောင်းနှင်သူကို အချိန်နှင့်တပြေးညီ ပုံရိပ်များ ပေးပို့နိုင်ပါတယ်။

ဒါ့အပြင် အခြား စနစ်များအနေဖြင့် ခေါင်းဆောင်နှင့် နောက်လိုက် အပါအဝင် အုပ်စုလိုက် ပုံစံဖွဲ့ မောင်းနှင်ခြင်း၊ အဝေးမှ ထိန်းချုပ်မောင်းနှင်ခြင်း၊ လမ်းကြောင်း ကြိုတင် ပရိုဂရမ်ဆွဲကာ အလိုအလျောက် မောင်းနှင်စေခြင်း စသည်များကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ယာဉ်ကို ဘက်ထရီဖြင့် စွမ်းအင်ပေးထားတာ ဖြစ်ကာ အလေးချိန်မှာ ၂ တန် ထက်နည်းတဲ့ အလေးချိန် ရှိပါတယ်။ ယာဉ်ပေါ်တွင် အဝေးထိန်း ပစ်ခတ်မှုစနစ် တပ်ဆင်ထားပြီး ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဝန်ကို တင်ဆောင်နိုင်သည့်အတွက် အရေးပေါ် လူနာတင်ယာဉ်အဖြစ်ပါ အသုံး ပြုနိုင်ပါတယ်။
တပ်ဆင်ထားသည့် ဘက်ထရီဟာ တခါအားသွင်းထားပါက ၁၄ နာရီလောက် ဆက်တိုက် အလုပ်လုပ်နိုင်မယ်လို့ ခန့်မှန်း ရပါတယ်။
ဘီးများကို လေမပါသည့် တာယာအမျိုးအစားများ အသုံးပြုထားကာ ဘီးအတွင်း သီးခြားစီ စွမ်းအင်ပေးထားသည့် လျှပ်စစ်မော်တာများကို တပ်ဆင်ထားပါတယ်။
သာမန် မော်တော်ကားလမ်းပေါ်တွင် တနာရီ ၄၀ ကီလိုမီတာအမြန်နှုန်းနှင့် လမ်းကြမ်းပေါ်တွင် တနာရီ ၂၀ ကီလိုမီတာ အမြန်နှုန်း များဖြင့် စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ဖွယ် ရှိပါတယ်။
ယခင်က HR-Sherpa ရှေ့ပြေးပုံစံယာဉ်ဟာ တကြိမ်အားသွင်းပြီးပါက ၆ နာရီမှ ၁၂ နာရီအထိ သာ မောင်းနှင်နိုင်ပြီး၊ တနာရီလျှင့် ၃၀ ကီလို မီတာ အမြန်နှုန်းဖြင့်သာ မောင်းနှင်နိုင်ပါတယ်။
Knowledgeworms Copyright © 2021