ကြောင်တွေ ခြေရင်းမှာ လာပြီး အိပ်စက်တတ်တဲ့ အကြောင်းအရင်း

Article Nature

ကြောင်တွေဟာ လူတွေ အိပ်စက်ချိန်မှာ ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ခြေရင်းမှာ အတူလာရောက် အိပ်စက်တတ်ကြပါတယ်။

ဒီလို အပြုအမူဟာ ဘာ့ကြောင့်လဲ ဆိုတာ အကြောင်း ပြချက် များစွာ ရှိပြီး ဒီအကြောင်းကို Vet Explains Pets မှ ဒေါက် တာ Jess က ရှင်းပြထား ပါတယ်။

သင်နှင့် အနီးကပ်နေလို

အရွယ်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ နှင့် အသက်အရွယ် မျိုးစုံ မည်သို့ပင် ဖြစ်နေပါစေ ကြောင်များဟာ ၎င်းတို့ကို အစားအစာ ကျွေးမွေးနေသည့် သူများနှင့် နီးကပ်လိုသည့် ဆန္ဒရှိကြပါတယ်။

ဒီလို သူတို့ကို ကျွေးမွေး ပြုစုနေသည့် သူများနှင့် အနီးကပ် နေခြင်းဟာ သူတို့ကို လုံခြုံတယ်လို့ ခံစားရစေပါတယ်။

ဒါပေမယ့် အတူရှိနေစဉ်မှာ သူတို့အပေါ် လှိမ့်တာတို့၊ ပြန်မထွက်နိုင်လောက်အောင် စောင်ထဲမှာ ပိတ်မိနေတာမျိုးကိုတော့ သဘာဝအရ မလိုလားကြပါဘူး။

သင့်ကို ကာကွယ်ပေးလို

ကြောင်တွေဟာ လူတွေနဲ့ အိပ်ယာပေါ်မှာ ရှိနေစဉ်မှာ သူတို့ကိုယ် သူတို့ လုံခြုံတယ်လို့ ခံစားရပေမယ့် တစုံတခု ကြုံတွေ့လာပါက ကာကွယ်ပေးမယ်ဆိုတဲ့ သဘာဝ ရှိပါတယ်။

ဒါ့ကြောင့် ကြောင်တွေဟာ သင့်အနီးကို လုံခြုံမှုအတွက် လာကပ်နေတာ ဖြစ်ပေမယ့် သင့်ကို ဂရုစိုက်ပေးနေတာတော့ ရှိပါတယ်။

အပူချိန် ထိန်းသိမ်းဖို့

လူတွေဟာ အိပ်စက်ချိန်မှာ အပူတွေ များစွာ ထုတ်လွှတ် တတ်လို့ အေးမြတဲ့ နေ့တွေမှာ သင့်ကို အသုံးချဖို့ အတွက်လည်း လာရောက်တတ်ပါတယ်။

ဒါဟာ သူတို့အတွက် ဘေးကင်း လုံခြုံ စိတ်ချရပြီး ခန္ဓာကိုယ် အပူချိန်အတွက်ပါ အကျိုးရှိတဲ့အတွက် တခါတလေ ခြေရင်းမှ တဆင့် အပူပိုထွက်တဲ့ အလယ်ပိုင်းလောက်ကို ကပ်လာတတ်ပါတယ်။

သူတို့ဟာ ပူနွေးတဲ့ ခန္ဓာကိုယ်ကို သဘောကျပေမယ့် အပူလွန်ကဲတာကိုတော့ မကြိုက်ပြန်ပါဘူး။

ဒါ့ကြောင့် ဆောင်းတညတာ အတွင်းမှာ ကြောင်တွေဟာ သူတို့အတွက် လုံလောက်တဲ့ အပူရှိရာ ခြေထောက်မှာ တညလုံး ရှိနေနိုင်ပေမယ့် မနက်မှာ သင့်ဦးခေါင်းအနီး ရောက်ရင် ရောက်နေနိုင်ပါတယ်။

သူ့ရဲ့ နယ်မြေ

ကြောင်တွေဟာ ပိုင်နက်နယ်မြေ သတ်မှတ်တတ်တာ ဖြစ်တဲ့အတွက် တခါတရံမှာ သူတို့ ပိုင်ရှင်ကို သူတို့ ပိုင်ဆိုင်တယ်လို့ ယူဆကြပါတယ်။

သင့်အိမ်ကို ပထမဆုံး ရောက်ရှိလာတဲ့ ကြောင်တွေဟာ အိမ်ထဲရှိ အခန်းတွေ၊ လူတွေ၊ ပရိဘောဂတွေနဲ့ အခြား တိရိစ္ဆာန်တွေကို သေချာအောင် လေ့လာမှာပါ။

သင်နှင့် အတူရှိနေပေမယ့် ကြောင်တကောင်အနေနဲ့တော့ သင့်ကို သူ့အိပ်ယာကို အတူ သင့်ကိုဝေငှ ထားရတယ်လို့ သဘော ထားနိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်စေ သင့်အနီးမှာ အိပ်စက်နေတဲ့ ကြောင်ဟာ သင့်ကို မြတ်နိုးတာတော့ အသေအချာပါပဲ။

လွတ်လပ်ပြီး ထွက်ပေါက်ကို မြင်သာတဲ့နေရာ

ကြောင်တွေဟာ သူတို့အတွက် လှုပ်သာလူးသာ ရှိတဲ့ နေရာကို ပိုမို ကြိုက်နှစ်သက်ကြပြီး လုံခြုံမှုကို နှစ်သက်တဲ့အတွက် အိပ်ခန်းတံခါးကို မြင်နိုင်တဲ့ နေရာကို ပိုသဘောကျပါတယ်။

ဒါဟာလည်း သင့်ခြေရင်းမှာ အများဆုံး အိပ်စက်ရတဲ့ အကြောင်းအရင်းများထဲက တခုပါပဲ။

ကြောင်တွေ တကောင်နှင့် တကောင် အပေါ်မူတည်ပြီး အပြုအမူတွေ အနည်းငယ် ကွဲပြားနိုင်ပေမယ့် လုံခြုံစိတ်ချမှုကို ဦး စားပေးတဲ့ သူတို့ သဘာဝကြောင့် သင်နဲ့ အတူရှိနေသရွေ့ သင့်ကို လုံခြုံမှု ပေးနိုင်သူလို့ သတ်မှတ်ထားလို့ပါ။

ဒါ့ကြောင့် ချမ်းအေးလှတဲ့ ဆောင်းညတွေဟာ ကြောင်တွေ သင့်ကို အဖော်ပြုလာမယ် ဆိုရင်တော့ သင်ဟာ သူတို့ရဲ့ ယုံကည် စိတ်ချမှုကို ရရှိထားပြီလို့ ယူဆနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *