စာဖတ်လျှင် အိပ်ချင်ရခြင်း အကြောင်းနှင့် စာဖတ်နည်း အချို့

Knowledge Lifestyle

အိပ်ယာထဲမှာ လှဲပြီး တနေ့လုံး ဖတ်ဖို့ အားခဲထားတဲ့ စုံထောက် ဝတ္ထုတအုပ်ကို ဖွင့်ဖတ်ပစ်လိုက်ပြီး ၃ မိနစ်လောက်အကြာမှာ ပိဿာလေးနဲ့ဖိထားသလို လေးလံတဲ့ မျက်ခွံ ၂ ခု ကို အရှုံးပေးလိုက်ရတာမျိုး ကြုံဖူးမှာပါ။

လူတို့ဟာ တိတ်ဆိတ်ပြီး သက်တောင့် သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ စာဖတ်ဖို့ ကြိုးစားလေ့ရှိပြီး အဲဒီ့ အခြေအနေဟာ အိပ်စက်ရန် အ ကောင်းဆုံး အနေအထား ဖြစ်နေလေ့ရှိပါတယ်။

“လူများစွာအတွက် စာဖတ်ခြင်းဟာ စိတ်အပန်းဖြေနိုင်ပြီး ပျော်စရာကောင်းပါတယ်။ ၎င်းဟာ သင့်စိတ်နှင့် ခန္ဓာကိုယ်ကို သင့်တော်တဲ့ စိတ်နေစိတ်ထားဖြင့် အိပ်ပျော်သွားစေနိုင်ပါတယ်”

လို့ အာရုံကြော အထူးကု ဆရာဝန် နှင့် အမေရိကန် အိပ်စက်ခြင်း နှင့် ဆိုင်သည့် ဆေးဝါး အကယ်ဒမီမှ ဘုတ်အဖွဲ့ဝင် တဦးဖြစ်သည့် ဒေါက်တာ ရာမန် မယ်ဟိုထျာ က ပြောပါတယ်။

“စာဖတ်တာကို အိပ်ပျော်စေတဲ့ အဓိက အကြောင်းအရင်းကတော့ မီးမဖွင့်ခင်မှာ သင့်ရဲ့ စိတ်ကို အနားပေးပြီး အနားယူဖို့ ခွင့်ပြုလို့ပါ” လို့ ၎င်းက ဆက်ပြောပါတယ်။

စကားလုံးတိုင်းအတွက် အာရုံစူးစိုက်မှု လိုအပ်သည့်အတွက် အထူးသဖြင့် သင်ရွေးချယ်သည့် စာအုပ်ဟာ အာရုံစူးစိုက်ဖို့ အရမ်းလိုအပ်ပါက သင့်ကို အလွန် ပင်ပန်းစေမှာ ဖြစ်ပါတယ်။

ဘာမဆို တကြောင်းပြီး တကြောင်း ဖတ်တာဟာ သင့် မျက်လုံးတွေကို ခဏ အနားပေးလိုက်သလို ခံစားရစေနိုင်မှာ ဖြစ်ပါတယ်။

ဤအချက်များအားလုံးအရ သင်ဟာ ပိုမို လျှင်မြန်စွာ အိပ်ပျော်ရန် နည်းလမ်းများကို ရှာဖွေနေတယ် ဆိုရင်တော့ စာဖတ်ခြင်းကို အိပ်ပျော်ခြင်း မတိုင်ခင် လုပ်ရိုးလုပ်စဉ်အဖြစ် ပြုလုပ်ဖို့က အလွန်ကောင်းတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သင့် ခန္ဓာကိုယ်မှ မှေးမှိန်နေတဲ့ စိတ်ဆန္ဒက စာအုပ်ကောင်းတွေကို အမြဲ ကောင်းကောင်း မခံစားစေဘူး ဆိုရင်တော့ အဲဒါကို ကျော်ဖြတ်ဖို့ နည်းလမ်းတွေရှိပါတယ်။

Book Riot မှ သင့်ကို နံနက်ခင်းတွင် စာဖတ်ဖို့ အကြံပေးထားပါတယ်။ ဒါမှမဟုတ် အဲဒီ့အစား အသံနှင့် နားထောင်သည့် audio book များကို စမ်းကြည့် သင့်ပါတယ်။

အိပ်ယာဟာ စာဖတ်ဖို့ နေရာတခုမဟုတ်ပါဘူး။ စာကို အာရုံစိုက်ပြီး ဖတ်လိုပါက လှဲနေတာထက်စာရင် ထိုင်ပြီး ဖတ်တာက ပိုပြီး အာရုံ စိုက်နိုင်မှာ ဖြစ်ပါတယ်။

အများသူငှာ သွားလာနေတဲ့ နေရာမျိုးတွေမှာ အထူးသဖြင့် ကော်ဖီဆိုင် သို့မဟုတ် ပန်းခြံကဲ့သို့ နေရာများမှာ စာဖတ်တာဟာလည်း သင့်ကို ငိုက်မျည်းစေနိုင် ပါတယ်။

တကယ်လို့ သင်ဟာ စာဖတ်လျှင် အိပ်ချင်တတ်ပြီး အပြီးဖတ်လို့တဲ့ စာအုပ်ဖတ်လိုပါက သက်တောင့်သက်သာ ပြီးနိုင်မယ့် နည်းလမ်းတချို့တော့ရှိပါတယ်။

ပထမဆုံး သက်တောင့် သက်သာဖြစ်မည့် နေရာကိုရှာပါ။ ဒါပေမယ့် တအားကြီး ဇိမ်ကျလွန်းတဲ့ နေရာတော့ မဖြစ်ရပါဘူး။

နောက်ကိုလှန်ပြီး လှဲတာထက်စာရင် သက်တောင့်သက်သာ ဖြစ်မယ့် ထိုင်ခုံတခုမှာ ထိုင်ပါ။ မျက်လုံး အားစိုက်ရမှုကို လျှော့ချဖို့ အလင်းပိုရတဲ့ နေရာ ဖြစ်ရပါမယ်။

အပူချိန်ဟာလည်း မပူမအေး အနေအထားဖြစ်ရပါမယ်။ ဘာလို့လဲဆိုတော့ နွေးထွေးတဲ့အခန်းဟာ သင့်ကို ပိုပြီး အိပ်ချင်စေပါတယ်။

သင်ဟာ မအိပ်ခင် စာအုပ်ကို ပြီးစီးအောင် ဖတ်လိုပါက မဖတ်ခင် နိုးနိုးကြားကြား ရှိနေအောင် အရင် ကြိုးစားပါ။ ဥပမာ အပေါ့စား လေ့ ကျင့်ခန်းလုပ်တာမျိုး၊ ကဖိန်းပါတဲ့ ကော်ဖီသို့မဟုတ် အလားတူ သောက်စရာတခုခု သောက်တာမျိုး ဒါမှမဟုတ် ရေအေးအေးဖြင့် ရေချိုးတာမျိုးပါ။

အဲလို အလေ့အကျင့်တွေနဲ့ စာဖတ်တဲ့အခါမှာ သင်နိုးကြားနေရင်တော့ သင်ဟာ သင့်ရဲ့ စာအုပ်ကို အဆုံးထိ မအိပ်ချင်ဘဲ ဖတ်နိုင်ဖို့ အလား အလာ များသွားပါပြီ။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.