အဏုဇီဝ သက်ရှိလေးတွေကို အနီးနားရှိ ကြယ်အစုအဝေးတွေဆီ ပို့ဆောင်ဖို့ စီစဉ်နေတဲ့ အကြောင်း

News Science

အလွန်သေးငယ်တဲ့ သတ္တဝါတွေက အာကာသ ခရီးသွားခြင်းရဲ့ ကြမ်းတမ်းတဲ့ အခြေအနေ​တွေမှာ ကောင်းစွာ ရှင်သန်နိုင်တာဟာ အံ့သြစရာကောင်းလှပါတယ်။

ဒါကြောင့် ပထမဆုံး ကြယ်အစုအဝေးတွေဆီကို စေလွှတ်ဖို့က ​ပြင်းထန်တဲ့ အခြေအနေ​တွေမှာ ရှင်သန်နိုင်တဲ့ အဏုဇီဝ သက်ရှိများ ဖြစ်ကောင်းဖြစ်နိုင်ပြီး ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများစွာကို ဖြစ်ပေါ်စေမှာလည်း သေချာပါတယ်။

UC Santa Barbara ရဲ့တက္ကသိုလ်သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပရော်ဖက်ဆာ Philip Lubin နှင့် Joel Rothman တို့က သေးငယ်တဲ့ အာကာသယာဉ်ဖြင့် အနီးအနားရှိ ကြယ်အစုအဝေးတွေဆီကို “water bears” ဟု လူသိများတဲ့ tardigrades ​တွေကို ပေးပို့နိုင်ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“ဆက်လက်လေ့လာမှုတွေ ပြုလုပ်လို့ စီစဥ်​​နေတယ်” ဟု Rothman က ဆိုပြီး လူသားမျိုးစိတ်တွေရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ကျွန်ုပ်တို့လူသားတွေဟာ အက်တမ်လို အလွန် သေးငယ်တဲ့ အဆင့်တွေအထိ စူးစမ်း လေ့လာကြပြီး

ပိုမို ကြီးမားကျယ်ပြန့်တဲ့ အရာတွေကိုလည်း စူးစမ်းလေ့လာဖို့ ကြိုးပမ်းနေကြပါတယ်ဟု ဆိုပါတယ်။

အထူးသဖြင့် Tardigrades လို့ခေါ်တဲ့ ရေဝက်ဝံတွေဟာ အလွန် ပြင်းထန် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာ ရှင်သန်နိုင်ကြတာကြောင့် အဆိုပါ အဏုဇီဝ သတ္တဝါတွေဟာ အာကာသတွင်း ကောင်းမွန်စွာ ရှင်သန်နိုင်တာကိုလည်း တွေ့ရပါတယ်။

သို့သော်လည်း ကြယ်အစုအ​ဝေးတွေ ဆီကို ရေဝက်ဝံများ ပို့ဆောင်ရာမှာ ပြဿနာအနည်းငယ်ရှိပါတယ်။

ပထမဆုံးအနေနဲ့၊ tardigrades တွေဟာ လုံးဝ အသက် မဆုံးရှုံးနိုင်ပါဘူး ဆိုပေမယ့်လည်း အာကာသထဲမှာ ၎င်းတို့ အနေနဲ့ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းပင် မသိရသေးပါဘူး။

ဒါကြောင့် ဆယ်စုနှစ်များ အတွင်း လူသားတွေ အခြား ဂြိုဟ်တွေပေါ်မှာ အခြေချဖို့ရာလည်း အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဒါတွေအပြင် UC Santa Barbara မှ သုတေသီတွေက လူသားတွေ အနေနဲ့ သက်ရှိတွေရဲ့ ဘဝကို နေရာသစ်ဆီ ပို့ဆောင်တာနဲ့ ပတ်သတ်ပြီး ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတစ်ချို့လည်း ရှိနေတယ် ဟု ဆိုပါတယ်။

“ကျင့်ဝတ်တွေရှိတယ်” ဟု Lubin မှထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး တစ်ခါတစ်လေ ပန်စပါမီးယားလို့ ခေါ်တဲ့ သက်ရှိတွေရဲ့ တိုက်ရိုက် ပြန့်ပွားမှုအကြောင်း ကြားဖူးမယ်ဆိုရင် သက်ရှိတွေက တစ်ခြား ဂြိုလ်က​နေလာပြီး ကြယ်တံခွန်တွေကို အဆုံးသတ်စေတယ် ဆိုတဲ့

အယူအဆတွေ နှင့် ရည်ရွယ်ချက်ရှိရှိ ​စေလွှတ်လိုက်တယ်ဆိုပြီး ကြီးမားတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာမှာ သေချာပါတယ်။

Image: Courtesy of LifeScience

ဒါပေမယ့်လည်း ဒါဟာ သူတို့တွေအတွက် ကောင်းမွန်တဲ့နေရာကို ရောက်စေတာလည်း ဖြစ်နိုင်ပါတယ်။

ထိုကဲ့သို့သော သက်ရှိ အရာလေးတခုဟာ တွေးနိုင်၊ ခံစားရနိုင်ခြင်း မရှိတဲ့အတွက် စိတ်ပူနေတာကို ရယ်စရာ ဖြစ်နေနိုင်သော်လည်း ၎င်းတို့ကို ပတ်လမ်းထဲသို့ မလွှတ်တင်မီတွင်တော့ အနည်းဆုံးတော့ ကြိုတင်စဥ်းစားပေးသင့်ပါတယ်။

Tardigrades ဟာ ကမ္ဘာပေါ်တွင် အကြမ်းအခံနိုင်ဆုံးသော သေးငယ်သည့် အဏုဇီဝ သက်ရှိ တမျိုးဖြစ်ပြီး ယခင်က အာကာသ ထဲကို ပို့လွှတ်ဖူးပါတယ်။

Tardigrades နှင့် ပတ်သက်ပြီး အံ့အားသင့်စရာ အချက်အလက်များနှင့် ပတ်သက်ပြီး “အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ လို့ခေါ်တဲ့ Tardigrades အကြောင်း ၅ ချက်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *