ကမ္ဘာ့အသေးငယ်ဆုံး သမုဒ္ဒရာ အကြောင်း

Article Knowledge

ကျွန်တော်တို့ လူသားတွေဟာ အချိန် အများစုကို ကုန်းမြေပေါ်တွင် ကုန်ဆုံး နိုင်ကြပေမယ့် ကမ္ဘာ့ မြေမျက်နှာပြင်ရဲ့ ၇၁ ရာ ခိုင်နှုန်းကို သမုဒ္ဒရာတွေနဲ့ ဖုံးလွှမ်းထားပြီး ရေငံ လွှမ်းမိုးတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ နေထိုင်ကြပါတယ်။

ဘူမိဗေဒပညာရှင်တွေက ကမ္ဘာ့ သမုဒ္ဒရာကို ဒေသများအဖြစ် ပိုင်းခြားထားပြီး ၎င်းတို့ အနက် အသေးငယ်ဆုံးမှာ အာတိတ်သမုဒ္ဒရာ ဖြစ်ပါတယ်။

ကမ္ဘာ့ သမုဒ္ဒရာတွေထဲက အသေးငယ်ဆုံးတောင်မှ အထင်ကြီးစရာ ကောင်းလောက်အောင် ကျယ်ပြန့်ပါတယ်။

အာတိတ် သမုဒ္ဒရာသည် စတုရန်းမိုင်ပေါင်း ၅.၄ သန်း (၈.၇ သန်းကီလိုမီတာ) ရှည်လျားပြီး မြောက်အမေရိကထက် ၁၅၀ ရာခိုင်နှုန်းခန့် ကြီး မားပါတယ်။

၎င်းသည် ​ကမ္ဘာ့ မြောက်ခြမ်းရဲ့ဝင်ရိုးစွန်းဒေသတွင် တည်ရှိပြီး ဥရောပ၊ အာရှနဲ့ မြောက်အမေရိက တိုက်ကြီးများဖြင့် ဝန်းရံထားပါတယ်။

အာတိတ်သမုဒ္ဒရာသည် တစ်နှစ်ပတ်လုံး ရေခဲများဖုံးလွှမ်းနေပြီး ဆောင်းရာသီ၌ သမုဒ္ဒရာ တခွင်လုံး ဖုံးလွှမ်းနေသော်လည်း ကမ္ဘာ့အပူချိန်မြင့်တက်မှုကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲများ အရည်ပျော်မှု မြင့်တက်လာပါတယ်။

ပစိဖိတ် သမုဒ္ဒရာထက် ၁၀ ဆ ပိုသေးတဲ့ အာတိတ် သမုဒ္ဒရာဟာ အရွယ်အစား အသေးငယ်ဆုံး ဖြစ်ရုံ သာမက အတိမ်ဆုံးလည်းဖြစ်ပါတယ်။

Image: Courtesy of John Englander

အမျိုးသားသမုဒ္ဒရာနဲ့လေထုအစိုးရအရ ပျမ်းမျှသမုဒ္ဒရာအနက်ဟာ ၂.၃ မိုင် (၃.၇ ကီလိုမီတာ) သို့မဟုတ် ပေ ၁၂,၁၀၀ ခန့်ရှိပါတယ်။

တစ်ချိန်တည်းမှာပင် အာတိတ်သမုဒ္ဒရာရဲ့ ပျမ်းမျှအတိမ်အနက်ဟာ ၀.၆၅ မိုင် (၁.၀၄ ကီလိုမီတာ)၊ ၃,၄၀၇ ပေခန့်ရှိပါတယ်။

၆.၈၅ မိုင် (၁၁ ကီလိုမီတာ)၊ သို့မဟုတ် ၃၆,၂၀၀ ပေခန့် အထိ နက်ရှိုင်းတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အနက်ဆုံးဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် က လေး ရေကူးကန်ငယ် ထဲမှာ ရေတွေဘောင်ဘင်ခတ် နေတာနဲ့တူပါတယ်။

အာတိတ်သမုဒ္ဒရာရဲ့ အတော်လေးသေးငယ်တဲ့အရွယ်အစားနဲ့ အတိမ်အနက်ကြောင့် တစ်ချို့က သမုဒ္ဒရာ တစ်ခု အဖြစ် ပိုင်း ခြားမယ့်အစား အာတိတ် မြေထဲ ပင်လယ်လို့ခေါ်တဲ့ အတ္တလန္တိတ် သမုဒ္ဒရာရဲ့ တစိတ်တပိုင်း ဒါမှမဟုတ် ရိုးရိုး အာတိတ် ပင် လယ်အဖြစ် ရည်ညွှန်းဖို့ ပြောဆိုကြပါတယ်။

ပင်လယ်များကို တစ်စိတ်တစ်ပိုင်းအားဖြင့် မြေပြင်များဖြင့် ဝန်းရံထားတဲ့ သမုဒ္ဒရာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေလို့ ယူဆပါတယ်။

သိပ္ပံပညာရှင်အချို့က ရေရဲ့ ပမာဏဟာ သမုဒ္ဒရာလား ဆိုတာကို စောဒကတက်ကြသည်မှာ မထူးဆန်းဘူးလို့ ထင်ရသော် လည်း ကမ္ဘာ့သမုဒ္ဒရာ ပတ်ဝန်းကျင်ရှိ ငြင်းခုံမှုတွေက အာတိတ်ထက် ကျော်လွန်ပါတယ်။

သမုဒ္ဒရာအတွင်း မြင်ကွင်း

သမိုင်းကြောင်းအရ ကမ္ဘာ့အသိုင်းအဝန်းက အတ္တလန္တိတ်၊ ပစိဖိတ်၊ အိန္ဒိယနဲ့ အာတိတ်စတဲ့ သမုဒ္ဒရာလေးစင်းကို အသိ အ မှတ်ပြုခဲ့ပါတယ်။

၂၀၀၀ ခုနှစ်တွင် နိုင်ငံတကာပင်လယ်သမုဒ္ဒရာဆိုင်ရာအဖွဲ့အစည်း (IHO) က ပဉ္စမမြောက်အဖြစ် တောင်သမုဒ္ဒရာကို ထပ်ပေါင်းထည့်ခဲ့ပါတယ်။

အန္တာတိတ်သမုဒ္ဒရာလို့လည်းခေါ်ဆိုတဲ့ ဒီသမုဒ္ဒရာဟာ အန္တာတိကကိုဝန်းရံထားပြီး တောင်လတ္တီကျု ၆၀ ဒီဂရီအောက်၌ ကမ္ဘာ့တောင်ဘက်စွန်းရှိ ရေများကို စုဖွဲ့စေပါတယ်။

IHO အဖွဲ့ဝင်အားလုံးဟာ တောင်ပိုင်းသမုဒ္ဒရာကို ပဉ္စမသမုဒ္ဒရာအဖြစ် သတ်မှတ်ခြင်းကို တရားဝင်လက်ခံမထားတာကြောင့် တောင်သမုဒ္ဒရာကို ထပ်တိုးခြင်းအား အတည်ပြုခြင်းမရှိသေးပါဘူး။

ဒါဆိုရင် သမုဒ္ဒရာဟာ လေးစင်းလား၊ ငါးစင်းလား၊ ဘယ်လောက်ရှိတာလဲ။ ယခုအချိန်တွင် အသေချာဆုံးအဖြေမှာ ကမ္ဘာ့သမုဒ္ဒရာများအားလုံးကို ဆားငံရေ တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 14/9/2021

Content Protection by DMCA.com