ရန်သူ့ လေယာဉ်ကွင်းတွေကို ဒုက္ခပေးမယ့် အိန္ဒိယ၏ SAAW စမတ်ဗုံး

Military News

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ ပြည်တွင်းဖြစ် အပေါ့စား တိုက်လေယာဉ်ဖြစ်တဲ့ Tejas Mk-1 ပေါ်မှ တဆင့် လက်နက်တခု စမ်းသပ်ဖို့ရာ ရှိနေပါတယ်။

အဲဒါကတော့ ရန်သူ့ လေယာဉ်ကွင်းများကို တိုက်ခိုက်နိုင်သည့် Smart Anti Airfield Weapon (SAAW) စမတ် လေယာဉ်ကွင်း တိုက်ခိုက်ရေး လက်နက်ပဲ ဖြစ်ပါတယ်။

အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ဟာ အဆိုပါ ပြည်တွင်းဖြစ် SAAW လက်နက်ကို ယခုအချိန်မှာ အ နည်းငယ်သာ ထုတ်လုပ်နေသေးတဲ့ အပေါ့စား တိုက်လေယာဉ် Tejas များ၏ မြေပြင်တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

Idian Defence Research Wing နှင့်နီးစပ်သည့် အရင်းအမြစ်များအရ ၁၀၀ ကီလိုမီတာ အကွာအဝေးထိ ထိရောက်နိုင်မယ့် ဒီ စမတ် လက်နက်စနစ်ကို ယခုနှစ် နှောင်းပိုင်း လောက်မှာ စမ်းသပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီ လက်နက်ဟာ ရန်သူ့ လေယာဉ်ကွင်းများရှိ ရေဒါများ၊ ဘန်ကာများ၊ လေယာဉ် ကွင်းပတ်လမ်းများနှင့် လေယာဉ် ပြေးလမ်းများကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

SAAW ကို အိန္ဒိယနိုင်ငံ ပြည်တွင်း ကုမ္ပဏီ Hindustan Aeronautics Limited (HAL) မှ ထုတ်လုပ်သည့် Indian Hawk-Mk 132 လေယာဉ်နှင့် Jaguar Strike လေယာဉ်များတွင် စမ်းသပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

SAAW ကို ၂၀၁၆ ခုနှစ်ကတည်းက အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး အိန္ဒိယ လေတပ်နှင့် ရေတပ်တို့မှ အရေအတွက် မသိရတဲ့ အဆိုပါ လက်နက်အချို့ကို ကာကွယ်ရေး ဝယ်ယူမှု ကောင်စီက မှာယူပြီးနောက်မှာ အကန့်အသတ်ဖြင့် ထုတ်လုပ်မှု စတင်ခဲ့ပါတယ်။

လက်ရှိမှာတော့ SAAW လက်နက်၏ မျိုးကွဲ အသစ်တမျိုးကို ထုတ်လုပ်ဖို့ရာ ကြိုးစားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ မျိုးကွဲတွင် အီလက်ထရောနစ် အော်ပတစ်ကယ် နှင့် အနီအောက်ရောင်ခြည် ရှာဖွေစနစ်များ (EO/IR seeker) ပါဝင်ကာ အလိုအလျှောက် ပစ်မှတ်ရယူသည့် စနစ်ပါရှိလာမှာ ဖြစ်ပါတယ်။

ထိုစနစ်များဟာ GPS ဖိဖျက်မှုဒဏ်၊ ပစ်မှတ်အသေများကို တိုက်ခိုက်ရာတွင် ဖြစ်နိုင်မည့် လမ်းညွှန်စနစ်နှင့် ပစ်မှတ် တည်နေရာ အမှားများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

EO/IR ရှာဖွေရေး စနစ်ဟာ SAAW ကို လက်နက်၏ ကွန်ပျူတာ မှတ်ဥာဏ်အတွင်းတွင် မှတ်ထားသည့် ရှိပြီးသား အချက်အလက်နှင့် တိုက် ဆိုင် စစ်ဆေးနိုင်ပြီး ပစ်မှတ်ဟာ ဖျက်ဆီးပြီး ဖြစ်ပါက အခြား ပစ်မှတ်ကို အလိုအလျှောက် ပြောင်းလဲနိုင်ပါတယ်။

Knowledgeworms Copyright Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *