ဆိတ်တွေနဲ့ မိတ်ဖွဲ့ဖို့ရာ ဘယ်နည်းက အကောင်းဆုံး ဖြစ်မလဲ စဉ်းစားဖူးမယ်လို့တော့ မထင်ပါဘူး။
ဒါပေမယ့် အကောင်းဆုံး နည်းလမ်း တော့ရှိပါတယ်။
လူတွေရဲ့ ဆက်ဆံရေးမှာတော့ မသိတဲ့သူ တစ်ယောက်နှင့် တွေ့လျှင် ပြုံးပြတာက အကောင်းဆုံး တုန့်ပြန်မှု တခု ဖြစ်ပါတယ်.
Royal Society Open Science မှ အကြံပြုချက်အရ ဆိတ်များဟာ လူတွေရဲ့ ပျော်ရွှင်တဲ့ မျက်နှာတွေကို သိရှိနိုင်ရုံသာမက ၎င်းတို့ကို ဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။

လန်ဒန်မြို့ရှိ Queen Mary တက္ကသိုလ်၏ အဖွဲ့ တဖွဲ့ဟာ ဗြိတိန် အရှေ့တောင်ဘက်ရှိ ဆိတ်တွေ ဘေးမဲ့ပေးရာနေရာ Buttercups တွင် အထီး ၁၂ ကောင် အမ ၈ ကောင်အပါအဝင် ဆိတ်အကောင့် ၂၀ ဖြင့် သုတေသန လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆိတ်များကို အဖြူအမဲ ကာလာဖြင့် ရိုက်ကူးထားသည့် ပျော်ရွှင်နေသည့် လူမျက်နှာ ပုံများကို ညာဘက် နှင့် စိတ်ဆိုးနေသည့် လူမျက်နှာ ဓာတ်ပုံများကို ဘယ်ဘက်မှာ ထားကာ ဖြတ်သန်းစေခဲ့ပါတယ်။
အဲဒီ့အခါမှာ ပြုံးနေတဲ့ လူမျက်နှာပုံများဟာ ဆိတ်များကို ပိုမို ဆွဲဆောင်စေတာကို လေ့လာ တွေ့ရှိခဲ့ပါတယ်။
၎င်းတို့ဟာ ပြုံးတွေတဲ့ လူမျက်နှာပုံများ အနီးသို့ လျှောက်သွားကြပြီး နှာခေါင်းများဖြင့်ပင် တို့ထိခြင်းများ ပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့ ရတာပါ။

ညာဘက်တွင် ထားရှိသည့် လူမျက်နှာပုံများဟာ အစွဲဆောင်ဆုံး ဖြစ်တဲ့အတွက် ဆိတ်များ၏ ဦးနှောက် ဘယ်ဘက်ခြမ်းဟာ အပြုသဘောဆောင်တဲ့ ခံစားမှုများကို ညွှန်ပြနေတာ ဖြစ်မှာပါ။
တချို့သော တိရစ္ဆာန်များဟာ လူတို့၏ မျက်နှာအနေအထားကို ဖတ်ရာတွင် အလွန်ကောင်းမွန်တာကို ကျွန်တော်တို့ သိပြီး ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် လေ့လာမှုများအရ လေ့ကျင့်ထားတဲ့ ခွေးများဟာ တစုံတယောက်၏ မျက်နှာထိပ်တဝက်ကိုသာ ဓာတ်ပုံရိုက်ပြခဲ့ရင်တောင် ပျော်ရွှင်တဲ့၊ စိတ်ဆိုးတဲ့ အမူအရာများကို အောင်မြင်စွာ ခွဲခြားနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလို အစွမ်းဟာ အိမ်မွေး တိရစ္ဆာန်တွေမှာသာ ရှိတာမဟုတ်ဘူး ဆိုတာ ဆိတ်တွေကို သုတေသန လုပ်ခဲ့ခြင်းက သက်သေပြနေပါတယ်။

လေ့လာမှုဟာ အသေးစား လေ့လာမှု တခု ဖြစ်တဲ့အတွက် ဆိတ်များဟာ လူသားများနှင့် အကျွမ်းတဝင်မရှိခဲ့ရင်တော့ အကြောင်းအရာ တူညီချင်မှ တူညီမှာပါ။
ဒါပေမယ့် လမ်းဖြတ်ကူးတာပဲ ဖြစ်ဖြစ်၊ တခြား အကြောင်း တခုခုကြောင့် ဆိတ်တွေနဲ့ တွေ့ရင်တော့ သင့်ရဲ့ အပြုံးက ၎င်းတို့ကို နာကျင်စေမှာ မဟုတ်ပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။