တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ပဋိပက္ခကို စောင့်ကြည့် ခန့်မှန်းနိုင်သည့် ဆော့ဖ်ဝဲလ် အမေရိကန် ဖန်တီးနေ

Military Tech

ပစိဖိတ်ဒေသရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်မှူးများဟာ ဒေသအတွင်းရှိ အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုများကို တရုတ်အစိုးရက မည် သို့ တုံ့ပြန်မယ်ဆိုတာ ခန့်မှန်းနိုင်ဖို့ ဆော့ဖ်ဝဲလ်တခုကို ဖန်တီးထားပါတယ်။

အဆိုပါ ဆော့ဖ်ဝဲလ်ဟာ ဒေသတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချမှု၊ ထိုင်ဝမ်ကဲ့သို့ နိုင်ငံများ သို့ လည်ပတ်မှုနှင့် အမေရိကန် ကျောထောက်နောက်ခံပြု စစ်ရေးလှုပ်ရှားမှုများ အပေါ် တရုတ်၏ တုံ့ပြန်နိုင်မှုများအား တွက်ချက် ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။

အမေရိကန် လက်ထောက် ကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ Kathleen Hicks ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဟာဝိုင်အီရှိ အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲရေးဌာနချုပ်သို့ သွားရောက် လည်ပတ်စဉ်အတွင်း အဆိုပါ စနစ်သစ် ကိစ္စနှင့် ပတ်သက်ပြီး အကျဉ်းချုံး ပြောကြားခဲ့တာပါ။

Hicks က grey zone (ငြိမ်းချမ်းရေး နှင့် စစ်ပွဲအကြား အဆိုပါနေရာရှိ နိုင်ငံနှင့် အခြားနိုင်ငံများ ပြိုင်ဆိုင်ရာ နေရာတခု) ဖြစ်လာပြီဖြစ်တဲ့ ဒေသတွင်း အချက်အလက်များကို စုစည်းကာ ခြိမ်းခြောက်မှုဆိုင်ရာ အပြန်အလှန် တုံ့ပြန်မှုကို နားလည်ရန် လိုအပ်ကြောင်းကို

ပင်တဂွန် စစ်ဌာနချုပ်

ကယ်လီဖိုးနီးယားပြည်နယ်သို့ ပျံသန်းနေသည့် စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ်ပေါ်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ပြောကြား ခဲ့ပါတယ်။

အဆိုပါ Tool ဟာ “မဟာဗျူဟာ ပဋိပက္ခ” များကို တွက်ချက်ပေးမှာ ဖြစ်တယ်လို့ ကာကွယ်ရေး အရာရှိ တစ်ယောက်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဟာ ၂၀၂၀ အစောပိုင်း အချက်အလက် များကို ကြည့်ကာ အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိခဲ့သည့် သိသာထင်ရှားသည့် လုပ်ဆောင်ချက်များကို အကဲဖြတ်ပေးမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ အခြေပြုစနစ်ဖြစ်တဲ့ ယခု စနစ်ဟာ ပင်တဂွန်စစ်ဌာနချုပ်မှ အချို့သော လုပ်ဆောင်ချက်များဟာ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို နှိုးဆွပေးသလို ဖြစ်နိုင်မလားဆိုတာ ခန့်မှန်း ကူညီပေးမှာပါ။

အောက်တိုဘာလအတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး စစ်သင်္ဘောတစင်းစီ စေလွှတ်ခဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်စစ်ဘက်က ရှုတ်ချခဲ့ပါတယ်။

စူပါ ကွန်ပျူတာ

အဆိုပါ ဖြစ်ရပ်ကြောင့် အမေရိကန်အနေဖြင့် တရုတ်ကို မရည်ရွယ်ဘဲ စိတ်ပျက်စရာ ကိစ္စမျိုး ဖြစ်စေသည့် ယခုလို ကိစ္စများကို ကြိုတင်ခန့်မှန်းနိုင်မယ့် ဆော့ဖ်ဝဲလ် လိုအပ်မှုကို တိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။

အမေရိကန် နှင့် တရုတ် အကြား ဆက်ဆံရေးမှာ အဆင်မပြေတော့ပေမယ့် အဆိုပါ ကိရိယာဟာ ထိုင်ဝမ်သို့ လွှတ်တော်အစည်းအဝေးများ သွားရောက်ခြင်း၊ ဒေသတွင်းရှိ မဟာမိတ်များကို လက်နက်ရောင်းချခြင်း

သို့မဟုတ် တရုတ်နိုင်ငံအား ရန်စသည့် အပြုအမူများကို ဖြစ်စေနိုင်သည့် ထိုင်ဝမ်ရေလက်ကြားတွင် ဖြတ်ပြီး ခုတ်မောင်းလာသည့် အမေရိကန် သင်္ဘောများ စသည့် လှုပ်ရှားမှုများကို မြင်သာစေမှာ ဖြစ်ပါတယ်။

တရုတ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်နိုင်ငံကို ၎င်းပိုင် နယ်မြေ ဖြစ်တယ်လို့ အမြဲလိုလို ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ကိုဖြတ်ပြီး လွန်ခဲ့တဲ့ နှစ်များအတွင်း ထပ်ခါတလဲလဲ လေတပ်ဆိုင်ရာ စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ခဲ့လို့ တိုင်ပေကို ဒေါသ ထွက်စေခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြား မြင်ကွင်းတခု

ဆော့ဖ်ဝဲလ်အသစ်ဟာ အချိန် ၄ လ အထိ ကြိုတင်စီစဉ်ထားသည့် လုပ်ဆောင်ချက်များကို အမေရိကန် တာဝန်ရှိသူများက စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘိုင်ဒင် အုပ်ချုပ်ရေး၏ ၂၀၂၃ ဘတ်ဂျက် မူကြမ်း ပုံစံ အကောင်အထည် ပေါ်လာစေဖို့ Kathleen Hicks ဟာ ယခု သီတင်းပတ်အတွင်း အမေရိကန် အခြေစိုက် စခန်းများသို့ သွားရောက် လည်ပတ်နေပါတယ်။

ကာကွယ်ရေးဌာနဟာ တရုတ်နှင့် ရုရှားတို့ကို ဟန့်တားနိုင်သည့် အမေရိကန် စစ်တပ်အတွက် ဘတ်ဂျက်များ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.