အနာဂတ်စီမံကိန်းများဟာ ကျွန်ုပ်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချရေးကို ပို၍ အလေးထားလာကြပါတယ်။
ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ကမ္ဘာ့သမိုင်းဝင်အဆင့်များသို့ ရောက်ရှိလာတဲ့အခါမှာတော့ အင်ဂျင်နီယာများ နှင့် ဗိသုကာများဟာ မကြုံစဖူးစိတ်ကူးများ နှင့် ဖြေရှင်းနည်း များကို ကြံဆောင်လာကြပါတယ်။
NUDES ဟုခေါ်သော မွမ်ဘိုင်းအခြေစိုက် ဗိသုကာကုမ္ပဏီတစ်ခုက ” solar mountain ” လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင် စုဆောင်းမည့် တောင်ကုန်းသဏ္ဍာန် အဆောက်အအုံ ကို ပြန်လည်ပြုပြင်ထားတဲ့ ကျွန်းသစ်များဖြင့် တည်ဆောက်ထားပြီး နေရောင်ခြည်စွမ်းအင်သုံးဆိုလားပြားများဖြင့် ဖုံးအုပ်ထားတဲ့ ခေတ်မီတည်ဆောက်ပုံကို တင်ပြခဲ့ကြပါတယ်။
၎င်းဟာ နီဗားဒါးရှိ ၃,၈၀၀ ဧကရှိတဲ့ Fly Ranchထဲမှာကျင်းပမည့် Burning Man ပွဲတော် ရဲ့ ဆန်ကာတင် ပရောဂျက် ၁၀ ခုတွင် တစ်ခုအနေနဲ့ ပါဝင်ပါတယ်။
Burning Man ပွဲစီစဉ်သူများက အဆိုပြုထားသော နီးဗားဒါး သဲကန္တာရ ရှိ Fly Ranch ဟာ အမြဲတန်း ဓာတ်အားလိုင်းမဲ့တဲ့နေရာဟု ဆိုပါတယ်။အခြေခံအဆောက်အဦးများကို ဖန်တီးဖို့ စည်းကမ်းထိန်းသိမ်းရေး ဒီဇိုင်းမျိုးစုံစိန်ခေါ်မှု အတွက် Land Art Generator Initiative (LAGI) နှင့်ပူးပေါင်းခဲ့ပါတယ်။

LAGI 2020 Fly Ranch နှင့် NUDES ရဲ့ Solar Mountain အပါအ၀င် ဆန်ကာတင်စာရင်းများဟာ ရှေ့ပြေးပုံစံရဲ့ နောက်တစ်ဆင့်သို့ ထပ်တိုး လုပ်ဆောင်ကြမည် ဟုဆိုပါတယ် ။
အဆိုပါ solar mountain ဟာ ကမ္ဘာတစ်ဝှမ်းမှ ရပ်ရွာလူထုများအတွက် ယခုလက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပုံကို အံ့တုနိုင်ဖို့ ကတိပြုထားပါတယ်။
၎င်းကို အပြန်အလှန် ဆက်သွယ်တပ်ဆင်ခြင်း အဖြစ်လည်းကောင်း၊ ရပ်ရွာအတွက် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ် ဖြန့်ဝေရန်အတွက်လည်းကောင်း ဒီဇိုင်းထုတ်ထားပါတယ်။
အဆိုပါ ဒီဇိုင်းအသစ်တွင် အလယ်ဗဟိုကြောရိုးကနေ အဆင့်ဆင့်တက်ပြီး ဆွဲဆန့်နိုင်တဲ့ အလွန်ကြီးမားသော အမျိုးအစားမျိုးစုံပါဝင်တဲ့ ဆိုလာပြားများလည်း တပ်ဆင်ထားကြပါတယ်။
၎င်းဟာ သဘာဝ ပူပူ နဲ့ အေးသော စမ်းရေတွင်းများ၊ ဧက ရာချီတဲ့ စိုစွတ်တဲ့ မြေနေရာတွေ ၊ တိရိစ္ဆာန်မျိုးစိတ် ဒါဇင်ပေါင်းများစွာ နှင့် အပင်မျိုးစိတ် ၁၀၀ ကျော်ရှိသည့် နေရာဖြစ်တဲ့ Fly Ranch အတွက် သဘာဝရှုခင်းအားဖြင့် အိမ်သဖွယ် ဖြစ်နေပါတယ်။

အဆိုပါ စီမံကိန်းတွင် ယူနစ်လေးခုပါရှိပြီး တစ်ယူနစ်စီတွင် အလျား ၃၀ မီတာ ၊ အကျယ် ၅ မီတာ မှ ၃၀ မီတာအကြား နှင့် အမြင့် ၁၅ မီတာ အထိ အတိုင်းအတာရှိပါတယ်။
ယူနစ်တစ်ခုစီတိုင်းကို ၃၀၀ ဝပ် အထိ စွမ်းဆောင်ရည်ရှိတဲ့ ဆိုလာပြား ၁၈၂ ပြားဖြင့် တပ်ဆင် ဖွဲ့စည်းထားပါတယ်။
NUDES ကခန့်မှန်းခြေအားဖြင့် စုစုပေါင်းဆိုလာပြား ၇၂၈ ပြား ပါ၀င်သော ယူနစ်လေးလုံး မှ တစ်ရက်လျှင် ၈၇၃ kWh အထိရနိုင်တယ်ဟုဆိုပါတယ်။
ဆိုလိုတာက ၎င်း Solar Mountain ဟာ တစ်နှစ်လျှင် ၃၁၈,၆၄၅ ကီလိုဝပ်နှုန်း ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။
အဆိုပါ အဆောက်အဦးကို ပြန်လည်အသုံးပြုထားသော သစ်သား နှင့် သဘာဝပတ်ဝန်းနှင့် ညီညွတ်သော အစ္စည်းများအသုံးပြု၍ တည်ဆောက်ထားပါတယ်။
ဘတ္ထရီသို လှောင်ထားမှုကြောင့် အဆိုပါ လျှပ်စစ် ဓာတ်အားပေးစက်ရုံဟာ ပွဲတော်တစ်ခုလုံးအတွက် စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

၎င်း Solar Mountain ဟာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ဖန်တီးဖို့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဆိုလာစခန်း တစ်ခုထဲ မ ဟုတ်ပါဘူး။
Burning Man ပွဲတော်တွင် ပါဝင်သူများအတွက် ရပ်ရွာ စင်တာတစ်ခု အဖြစ်လည်း နှစ်ဆတိုး အသုံးပြု၍ ရပါတယ်။
NUDES တည်ထောင်သူ နှင့် ကျောင်းအုပ် Nuru Karim က ဒီဇိုင်း နောက်ကွယ်က အကြောင်းကို အပိုင်း သုံးပိုင်း ခွဲ၍ စွမ်း အင်ကြီးမားခြင်း ၊ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိခြင်း နှင့် လိုအပ်သလို အသုံးချနိုင်ခြင်း စသည်တို့ ပါဝင်ပါတယ် လို့ ရှင်းပြပါတယ်။
Net-zero အခြေခံသဘောတရားများကို အသုံးပြု၍ ဒီဇိုင်းထုတ်ထားသော Solar Mountain ရဲ့ ရည်ရွယ်ချက်ဟာ ၎င်းကို သုံးစွဲမှု ပမာဏထက် ပိုမိုထုတ်လုပ်နိုင်ရန် ဖြစ်ပါတယ်။
အဆိုပါအဆောက်အဦးကိုတည်ဆောက်ရာတွင် ဗိသုကာပညာရှင်တွေက modular ဒီဇိုင်းကိုစဥ်းစားတည်ဆောက်ထားတာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိလူမှုအသိုင်းအဝိုင်းသစ်များကို ရေရှည်တည်တံသော စွမ်းအင်များ ပေးစွမ်းနိုင်ပါလိမ့်မယ် ဟုဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်းလုံးဝ ခွင့်မပြုပါ။