ကမ္ဘာဂြိုလ်အတွက် စွမ်းအင်တွေ ပေးနိုင်မည့် Caltech ရဲ့ အာကာသ နေရောင်ခြည် စွမ်းအင် စီမံကိန်းသစ် အကြောင်း

Innovation Tech

ဒါတွေဟာ စိတ်ကူးယဥ် သိပ္ပံဆန်ဆန်ဖြစ်သော်လည်း အမှန်တကယ်ဖြစ်လာတော့မှာပါ။

ယခုအခါ အာကာသရှိ ဆိုလာပြားတွေကနေ ကမ္ဘာကြီးအတွက် သန့်ရှင်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို တိုက်ရိုက်ပေးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတွေဟာဆိုရင် မကြာခင်မှာ လက်တွေ့ မြင်တွေ့လာရတော့မှာပါ။

Caltech ရဲ့ Space Solar Power Project (SSPP) အတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၁၀၀ ကို မကြာသေးမီက ရရှိခဲ့ပါတယ်။

အဆိုပါ ပရောဂျက်ကို Caltech မှ “အာကာသအတွင်း နေရောင်ခြည်စွမ်းအင်ကို စုဆောင်းပြီး စွမ်းအင်ကို မိုက်ခရိုဝေ့ဖ်များမှ တဆင့် ကမ္ဘာ ဂြိုလ်ပေါ်ကို ကြိုးမဲ့ ပို့လွှတ်ခြင်း ဟာ ရာသီဥတု သို့မဟုတ် နေ့အချိန် ပြောင်းလဲခြင်း တို့ကြောင့် သက်ရောက်မှု မရှိစေဘဲ နေစွမ်းအင်ကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ဆက်တိုက် ရရှိနိုင်တယ် ” ဟု ဆိုပါတယ်။

Photo: Courtesy of Caltech

“အဆိုပါ ကြီးကြီးမားမား ရည်မှန်းထားတဲ့ ပရောဂျက်ဟာ ကမ္ဘာမြေအတွက် ကြီးမားတဲ့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုနိုင်ဖို့အတွက် အသွင်ပြောင်းချဉ်းကပ်မှုတစ်ခုဖြစ်ပြီး စွမ်းအင်ပြတ်တောက်မှု နှင့် စွမ်းအင်သိုလှောင် လိုအပ်မှုတို့ကို ကျော်လွှားနိုင််တယ်” ဟု SSPP မှ သုတေသီ Harry Atwater က Caltech သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

လာတော့မည့် မှတ်တိုင်

ယခုဆိုရင် SSPP ဟာ သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုဆီကို ချဉ်းကပ်လာနေပြီပဲ ဖြစ်ပါတယ်။ နေရောင်ခြည်ကို စုဆောင်းကာ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဘက်စုံသုံးနည်းပညာအတွက် သရုပ်ပြရှေ့ပြေးပုံစံများကို စမ်းသပ်လွှတ်တင်ခြင်း ၊ ရေဒီယိုကြိမ်နှုန်း (RF) လျှပ်စစ်ပါဝါကို အသုံးပြုပြီး ကြိုးမဲ့စွမ်းအင်ဖြင့် စွမ်းအင်လွှဲပြောင်းခြင်းစသည်တို့ကို ပေါင်းစပ်ပြီး လက်တွေ့အသုံးချနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ပရောဂျက်ဟာ ကန့်သတ်ချက်တွေ မရှိတာတော့ မဟုတ်ပါဘူး။

Photo: Courtesy of Caltech

လက်ရှိမှာတော့ သုတေသီတွေဟာ ပထမဆုံးလုပ်ဆောင်ရမည့်ကိစ္စဖြစ်တဲ့ စွမ်းအင်ကို လုံလောက်စွာ စုဆောင်းဖို့ နည်းလမ်းများကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ စွမ်းအင်တွေကို ကမ္ဘာမြေပေါ် အလေအလွင့်မရှိဘဲ ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အဆိုပါ ပရောဂျက်ဟာဆိုရင် မျှော်လင့်ထားတာထက် စောပြီး လွှတ်တင်နိုင်မည့် အလားအလာရှိတယ်ဟုလည်း ဆိုပါတယ်။

“လွှတ်တင်မှုကို ၂၀၂၃ ရဲ့ ပထမသုံးလပတ်လောက်မှာ ဖြစ်နိုင်ဖို့ မျှော်လင့်တယ်”ဟု ပရောဂျက်ရဲ့ တွဲဖက်ဒါရိုက်တာ Ali Hajimiri က ပြောပါတယ်။

” သရုပ်ပြသူတွေဟာ အဓိကနည်းပညာတွေဖြစ်တဲ့ အာကာသစမ်းသပ်မှုမှာဆိုရင် အကွာအဝေးတစ်ခုကနေ ကြိုးမဲ့ ပါဝါလွှဲပြောင်းမှုတွေအပြင် လိုက်လျောညီထွေစွာ ဖြန့်ကျက်နိုင်တဲ့ အာကာသဖွဲ့စည်းပုံတွေလည်း ပါဝင်တယ် ” ဟု ဆိုပါတယ်။

“နောက်ဆုံးစနစ်က အနီးကပ်ဖွဲ့စည်းပျံသန်းမှုမှာ အသုံးချနိုင်တဲ့ module အများအပြားပါဝင်ပြီး တစ်ခုနှင့်တစ်ခု ထပ်တူပြုအောင် လုပ် ဆောင်နိုင်ဖို့ မျှော်မှန်းထားတယ်” ဟု Hajimiri က ပြောကြားခဲ့ပါတယ်။

Photo: Courtesy of Caltech

“module တစ်ခုစီဟာဆိုရင် ဘေးဘက်မှာ မီတာဆယ်ဂဏန်းများစွာရှိပြီး အချိန်ကြာလာတာနှင့်အမျှ module များကို ထပ်မံပေါင်းထည့်ခြင်းဖြင့် စနစ်တည်ဆောက်နိုင်တယ် “ဟု သိရပါတယ်။

အခြား အလားတူ ပရောဂျက်များစွာလည်း လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူက ပထမဆုံး စတင်လုပ်​ဆောင်နိုင်မလဲဆိုတာကို အချိန်ကပဲ ပြောသွားပါလိမ့်မယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *