အားသွင်းစရာမလိုဘဲ လပေါင်းများစွာ မောင်းနှင်နိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံးကား Lightyear One အကြောင်း

Innovation Tech

နေရောင်ခြည်စွမ်းအင်သုံး EV ထုတ်လုပ်သူ Lightyear ဟာ ၎င်းရဲ့ Lightyear One ဆိုလာလျှပ်စစ်ကား (SEV) ကို မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။

ဒတ်ခ်ျကုမ္ပဏီဟာ Lightyear One အတွက် တာရှည်ခံစမ်းသပ်မှုအတွက်အကြိမ် ၂၀အထိ အောင်မြင်စွာ စမ်းသပ်ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

၎င်းတို့ရဲ့ ရည်ရွယ်ချက်က ပလပ်ထိုးဖို့ မလိုပဲ လနှင့်ချီ မောင်းနှင်နိုင်တဲ့ ကားတစ်စီးကို တီထွင်နိုင်ဖို့ဖြစ်ပြီး ယာဉ်ရဲ့ ရေရှည်တည်တံ့မှုကို ကြီးမားစွာ မြှင့်တင်ဖို့ ဖြစ်တယ် ဟုဆိုပါတယ်။

အင်တာဗျူးတစ်ခုတွင် Lightyear အမှုဆောင်အရာရှိချုပ် Lex Hoefsloot က ပထမဆုံးမော်ဒယ်ဟာ နယ်သာလန်မှာ ရှိပြီး နွေရာသီမှာဆိုရင် အဆိုပါ ကားဟာ ကျွန်ုပ်တို့ နေ့စဉ် သွားလာနေတဲ့ခရီးအတွက် အားသွင်းစရာမလိုဘဲ လအတော်ကြာ မောင်းနှင်နိုင်တယ် ဟုဆိုပါတယ်။

‘ကျွန်ုပ်တို့လူသားတွေအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံးကားများ အသွင်ကူးပြောင်းရေးကို ပိုမိုအာရုံစိုက်ဖို့ လိုအပ်ပါတယ်’

Lightyear ရဲ့ဝဘ်ဆိုက်မှာ ကျွန်ုပ်တို့အတွက် တာရှည်သုံး SEV တွေ မြင်တွေရဖို့ မဝေးတော့ဘူး ဟု ဆိုထားပါတယ်။

ကုမ္ပဏီက ၎င်းတို့ရဲ့ပထမမော်ဒယ်ဟာ 83 Wh/km သာ စားသုံး​ပြီး ဒါဟာ ယနေ့ဈေးကွက်ရှိ အခြား EV များထက် သုံးဆပိုနည်းတယ် ဟုဆိုပါတယ်။ ခေါင်မိုးပေါ်ရှိ ဆိုလာပြားများကို အသုံးပြုပြီး တစ်နာရီလျှင် 12 ကီလိုမီတာနှုန်းဖြင့် အားသွင်းနိုင်ပါတယ်။

Photo: Courtesy of Lightyear

Lightyear က ယခုအခါ ယာဉ်ပိုင်ရှင်များစွာကို နေရောင်ခြည်စွမ်းအင်ဖြင့်သာ အချိန်အကြာကြီး နေ့စဉ်အသွားအလာလုပ်ဖို့ လုံလောက်နေပြီ ​ဟု ဆိုပါတယ်။ ဥရောပတွင် ပျမ်းမျှအလုပ်သွားချိန်ဟာ မိနစ် ၃၀ ခန့်ရှိကြောင်း ဥရောပကော်မရှင်ရဲ့အဆိုအရ သိရပါတယ်။

ဆိုလာစွမ်းအင်သုံး ကား နည်းပညာတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နည်းသေးပြီး လာမည့်နှစ်တွေမှာ ပိုမိုကောင်းမွန်လာမည့် အလားအလာရှိပါတယ်။

Hoefsloot ရှင်းပြထားတဲ့ အတိုင်း IPCC ရဲ့နောက်ဆုံးပေါ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာအစီရင်ခံစာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ လူတွေအနေနဲ့ SEV များကို ပိုမိုအလေးထားသင့်ကြောင်း ပြောထားပါတယ်။

“2030 မှာ အတွင်းလောင်ကျွမ်းမှုအားကောင်းတဲ့ အင်ဂျင် (ICE) ကားတွေ ရောင်းချတာကို တားမြစ်ချင်တဲ့ ဥရောပနိုင်ငံတွေ အများကြီးရှိလာပါလိမ့်မည် ” ဟု Hoefsloot ကဆိုပါတယ်။

“ဒါက သတင်းကောင်းပဲ၊ ဒါပေမယ့် ဆိုလာကားတွေဆီ ကူးပြောင်းဖို့ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ ပိုမို ထိရောက်တဲ့ ဆိုလာပြား တွေကို ဒီဇိုင်း ထုတ်လုပ်တာက ဒီအကူးအပြောင်းမှာ သိသိသာသာ အထောက်အကူဖြစ်မှာပါ” ဟု ထပ်မံပြောကြားခဲ့ပါတယ်။

Lightyear ဟာ SEVs များကို တည်ဆောက်နေတဲ့ တစ်ခုတည်းသော ကုမ္ပဏီမဟုတ်ပါဘူး။

“စွမ်းဆောင်ရည်မြင့် ဆိုလာကားတွေကို ဒီဇိုင်းထုတ်ဖို့ အာရုံစိုက်နေတဲ့ Lightyear အပါအဝင် များစွာသောကုမ္ပဏီ အမျိုးမျိုးရှိပြီး သမား ရိုးကျ ကားထုတ်လုပ်သူတွေကလည်း ဒါကို တီထွင်နေကြပါတယ်” ဟု Hoefsloot ကဆိုပါတယ်။

Hyundai ကဲ့သို့သော သမားရိုးကျ ကားထုတ်လုပ်သူတွေဟာ ဆိုလာခေါင်မိုးတပ်ဆင်ထားတဲ့ ကားများကို တီထွင်လျက်ရှိပြီး ဆိုလာဟာ ကားရဲ့60 ရာခိုင်နှုန်းအထိ အားပြန်သွင်းနိုင်တယ်ဟု အခိုင်အမာဆိုထားပါတယ်။

Lightyear ဟာ တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပလပ်ထိုးဖို့ လိုအပ်တဲ့ ကားတစ်စီးကို တီထွင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

SEV များ အစုလိုက်အပြုံလိုက် အရောင်းအ၀ယ်လုပ်တဲ့အခါ အကြီးမားဆုံးအခက်အခဲတစ်ခုကတော့ ဆိုလာပြားတွေဟာ လက်ရှိ 20 မှ 35 ရာခိုင်နှုန်းအထိ ထိရောက်မှုဖြင့် လုပ်ဆောင်နေသောကြောင့်ဖြစ်ပါတယ်။

Photo: Courtesy of Lightyear

ဒါကြောင့် ဆိုလာပြားများ ထပ်ထည့်ရန် လိုအပ်ပြီး ယာဥ်ရဲ့ အလေးချိန် နှင့် ကုန်ကျစရိတ်ကိုလည်း ထပ်ပေါင်းထည့်ဖို့ လိုအပ်လာပါတယ်။

Hoefsloot က ` ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်က ဥရောပ တစ်ဝှမ်းရှိ ယာဥ်မောင်းတွေ အတွက် ၁၅ နှစ်အတွင်း တစ်နှစ်လျှင် တစ်ကြိမ် သို့မ ဟုတ် နှစ်ကြိမ်သာ အားသွင်းဖို့လိုတဲ့ ကားတွေ ထုတ်လုပ်ပေးနိုင်ဖို့ ဖြစ်တယ် ´ ဟု ဆိုပါတယ်။

ဇူလိုင်လတုန်းကလည်း Lightyear ဟာ Lightyear One ရှေ့ပြေးပုံစံအား အားတစ်ကြိမ်သွင်းရုံနဲ့ ၄၄၁ မိုင် (၇၀၉ ကီလိုမီတာ) မောင်းနှင်နိုင်ကြောင်း သရုပ်ပြခဲ့တဲ့ စမ်းမောင်းနှင်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

ကုမ္ပဏီဟာ သေးငယ်တဲ့ ဘက်ထရီကနေ ဖြစ်နိုင်တဲ့ အကွာအဝေး ပမာဏ အများဆုံးရရှိဖို့ ရည်ရွယ်ထားပြီး ဘက်ထရီ နှင့် ဆိုလာပြားတွေဟာ လေးလံခြင်း မရှိစေဘူးဟု ဆိုပါတယ်။

မကြာသေးမီ အောက်တိုဘာလ ၁၈ ရက်နေ့တုန်းကလည်း ကုမ္ပဏီဟာ Lightyear One ရဲ့ ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ တစ်ပတ်ကြာအောင် တာရှည်ခံမှုဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုတွင် လက်တွေ့အခြေအနေ​တွေကို ခံနိုင်ရည်ရှိကြောင်း ပြသဖို့ တွင်းပေါက်တွေ ပြည့်နေတဲ့ လမ်း​တွေပေါ်မှာ ကားကို မောင်းနှင်ပြသခဲ့ပါတယ်။

သို့သော်လည်း ကနေဒါကဲ့သို့ နိုင်ငံတွေဟာ 2035 မှာ အတွင်း ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်(ICE) ဖြင့် မောင်းနှင်သည့် ကားများကို ပိတ်ပင်တော့မည်ဟု ကြေညာလိုက်ပြီး ဒါဟာ နေရောင်ခြည်စွမ်းအင်သုံး EV ကားများကို ထုတ်လုပ်သူတွေ နဲ့ ဝယ်သူသုံးစွဲလိုသူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.