စီးပွားဖြစ်ကုန်တင်ယာဉ်များအတွက် လျှပ်စစ်ဓာတ်အားပေးစနစ်သုံးဖြေရှင်းနည်းကို ပံ့ပိုးပေးတဲ့ XL Fleet ဟာ ပါဝါသုံးယာဉ်များကို ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချဖို့ ဆိုလာပြားအမိုးများနဲ့ အအေးခန်း ထရပ်ကားတစ်ထောင်ကို တပ်ဆင်ရန် နေရောင်ခြည်နှင့် ဘက်ထရီစွမ်းအားစနစ်များကို ပံ့ပိုးပေးတဲ့ eNow နဲ့ပူးပေါင်းခဲ့ပါတယ်။
အစားအစာ တန်ချိန်များစွာကို ဒေသတွင်း စူပါမားကတ်များသို့ သယ်ယူခြင်းဟာ ပုံမှန်အားဖြင့် ဒီဇယ်လောင်စာဆီ အအေးခန်း ထရပ်ကားကြီးများနဲ့ ပြုလုပ်ထားပါတယ်။
ဒီဇယ်အင်ဂျင်များသည် တစ်နာရီလျှင် ဒီဇယ်တစ်ဂါလံ ( ၃.၇၈ လီတာ) ခန့် လောင်ကျွမ်းစေပြီး လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက် ၂၂ ပေါင် ကျော်ထုတ်လွှတ်ပါတယ်။

XL Fleet မှပြုလုပ်သောသဘောတူညီချက်အသစ်ရဲ့အသေးစိတ် အချက်အလက်များအရကုမ္ပဏီဟာ eNow ရဲ့လျှပ်စစ်ဓာတ်အားသုံးအအေးခန်း နောက်တွဲယာဉ် အသစ်များအတွက် ပထမဆုံးယူနစ် ၁၀၀၀ အတွက် ဘက်ထရီနဲ့ လျှပ်စစ်ဓာတ်အား ပစ္စည်းစနစ်များကို ထောက်ပံ့ပေးပါတယ်။
ဒီနည်းလမ်းဖြင့် XL Fleet ဟာ သန့်ရှင်းတဲ့စွမ်းအင်နဲ့ အစားအစာသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ရဲ့ ထုတ်လွှတ်မှုနည်းသော ရည်မှန်းချက်များကို ရရှိရန် ရည်ရွယ်ထားပါတယ်။
eNow ရဲ့မူပိုင်ခွင့်ရရှိထားသော ဆိုလာစနစ်များဟာ နေရဲ့စွမ်းအင်ကို အမိုးပေါ်တွင်တပ်ဆင်ထားသော ဆိုလာ modules များဖြင့် ထိထိရောက်ရောက် ဖမ်းယူပြီးနောက် ဓာတ်လှေကားများ၊ HVAC၊ အအေးခန်း၊ telematics နှင့် အသုံးအဆောင်ပစ္စည်းများနဲ့ မီးသီးများကဲ့သို့ အခြားဝန်များတွင်အသုံးပြုသော အရန်ဘက်ထရီများတွင် စွမ်းအင်များ သိုလှောင်ထားပါတယ်။
အမေရိကန်တွင် ဒီဇယ်စွမ်းအင်သုံးအအေးခန်း နောက်တွဲအသစ် ၅၀၀၀၀ ခန့်ကို နှစ်စဉ်ရောင်းချနေပြီး XL Fleet သည် ဒီဇယ်စွမ်းအင်သုံးစနစ်များ အစားထိုးအဖြစ် အပြည့်အဝ လျှပ်စစ် သယ်ယူပို့ဆောင်ရေး အအေးခန်းများ (eTRUs)နဲ့ အားဖြည့်ပေးမယ့် စနစ်တစ်ခုကို တည်ဆောက်ရန် eNow နှင့် ပူးပေါင်း လုပ်ဆောင် နေပါတယ်။
XL Fleet က Class 8 နောက်တွဲကြမ်းပြင်အောက်တွင် ခန့်မှန်းခြေအားဖြင့် ၁၂နာရီထက် ပိုအားခံမယ့် ဘက်ထရီများ တပ်ဆင်မယ့် စွမ်းရည်မြင့် ပေါင်းစည်းထားသော လစ်သီယမ် အိုင်းယွန်း ဘက်ထရီနှင့် ပါဝါအီလက်ထရောနစ် နည်းပညာများကို တည်ဆောက်နေပါတယ်။
နောက်တွဲခေါင်မိုးပေါ်တွင် တပ်ဆင်ထားသောဆိုလာပြားတွေက အအေးခန်း ထရပ်ကားများ ရပ်ထားစဉ် (သို့) ကုန်တင်ဆောင်နေစဉ် ဒီစနစ်တွေကို အားသွင်းပေးပါတယ်။

ကုမ္ပဏီများက သူတို့ရဲ့ eTRUs များကို လျင်မြန်တဲ့ စီမံခန့်ခွဲမှုတွေ အတွက် ထုတ်လွှတ်မှုကို ချက်ချင်း သိသိသာသာ လျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် အတွင်းပိုင်း လောင်ကျွမ်းအင်ဂျင် (သို့) လျှပ်စစ်ထရပ်တာ များဖြင့် ဆွဲငင်နိုင်တယ်လို့ပြောပါတယ်။
၂၀၂၂ ခုနှစ်ပထမနှစ်ဝက်တွင် ကနဦး eTRUs များကို အစားအစာ၊ လက်လီ၊ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေး လုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းများတွင် ဝယ်သူများအား ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားပါတယ်။
ရေရှည် တည်တံ့ခိုင်မြဲမှု ပန်းတိုင်များကို ပံ့ပိုးနေစဉ် စီးပွားရေးလုပ်ငန်းများနှင့် ကုန်တင်ကားများကို လည်ပတ်မှု ကုန်ကျစရိတ် သက်သာစေရန် XL Fleetရဲ့တာဝန်ဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်လို့ eNow ရဲ့ဥက္ကဌ Jeff Flath ကပြောခဲ့ပါတယ်။
reefer နောက်တွဲယာဉ်များအတွက် အဆင့်အမြင့်ဆုံး ပြန်လည်အားဖြည့်ပေးမယ့် ဓာတ်အားစနစ်များကို charging infrastructure နဲ့တွဲပြီး၊ ကုန်တင်ယာဉ်များအတွက် ဒီဇယ်လောင်စာသုံးစွဲမှုနှင့်ထုတ်လွှတ်မှုရဲ့အဓိကအရင်းအမြစ်ကိုဖယ်ရှားပစ်ရန်
ကျွန်တော်တို့အတူတကွ ကမ်းလှမ်းထားတာကြောင့် ဒီပူးပေါင်းမှုက သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ စွမ်းအင်နှင့်အအေးခန်း သယ်ယူ ပို့ ဆောင်ရေးအကြောင်းစဉ်းစားပုံကို ပြောင်းလဲလိမ့်မယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။