စတန်းဖို့ဒ်တက္ကသိုလ်မှ ညအချိန်တွင် လျှပ်စစ်ထုတ်ပေးနိုင်သည့် ဆိုလာပြား သုတေသန အကြောင်း

Innovation Tech

၎င်းဆိုလာပြားများဟာ ညလေထက် ပိုအေးသောကြောင့် လျှပ်စစ်ထုတ်လုပ်ဖို့အတွက် အသုံးပြုနိုင်သည့် အပူချိန်ကို ဖန်တီးပေးတယ်ဟု ဆိုပါတယ်။

ဆိုလာ စွမ်းအင်ရဲ့ ချို့ယွင်းချက်ကို ထောက်ပြရမယ်ဆိုရင်တော့ နေ့ဘက်မှာသာ လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

အခု ဖွံ့ဖြိုးတိုးတက်မှုအသစ်က ဒါကို ပြောင်းလဲဖို့ မျှော်လင့်ပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ်မှ အင်ဂျင်နီယာပညာရှင်တွေဟာ ညအချိန်တွင် အလုပ်လုပ်နိုင်သော ဆိုလာပြား အမျိုးအစားကို တီ ထွင်ခဲ့ပြီး ဖုန်းအားသွင်းဖို့ သို့မဟုတ် LED မီးအား လည်ပတ်ဖို့အတွက် လုံလောက်တဲ့ ပါဝါထုတ်ပေးနိုင်စွမ်းရှိတယ်ဟု ဆိုပါတယ်။

နေစွမ်းအင်က ဆိုလာပြားဆီသို့ ထိတွေ့တဲ့ အခါမှာ ဆိုလာပြားဟာ နေစွမ်းအင်ကို စုဆောင်းပါတယ်။

ဆိုလာ​ပြားတွေရဲ့ အကန့်တိုင်းမှာ semi- conducting material အလွှာများဖြင့် ပြုလုပ်ထားသည့် ဆိုလာဆဲလ်များ အစုံလိုက် ပါရှိပါတယ်။

ဒီပစ္စည်းကို နေရောင်ခြည်က ထိတွေ့တဲ့အခါ လျှပ်စစ်စီးကြောင်းကို ဖန်တီးပေးပါတယ်။

ဆိုလာစွမ်းအင် အသုံးပြုမှုဟာ ဆိုရင် 2020 မှာပဲ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းရဲ့ 3.1% ရှိပြီး 2019 နှင့် နှိုင်းယှဉ်ပါက 23% တိုးလာတာကိုလည်း တွေ့ရပါတယ်။

ဒါတောင်မှ ကမ္ဘာပေါ်ရှိ လူပေါင်း တစ်ဘီလီယံကျော်ဟာ လျှပ်စစ်ဓာတ်အားလိုင်း သုံးစွဲခွင့် မရသေးပါဘူး။

နေရောင်ခြည်ဟာ ပြန်လည် ပြည့်ဖြိုးမြဲဖြစ်တဲ့ off-grid လျှပ်စစ် အရင်းအမြစ်ကို ပေးစွမ်း နိုင်သော်လည်း ၎င်းရဲ့ အဓိကအားနည်းချက်က နေ့ဘက်တွင်သာ ဓာတ်အား ထုတ်လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

ဆိုလာ off-grid စနစ်များကို အားကိုးတဲ့ ကျေးလက်ဒေသ အများအပြားမှာဆိုရင် ဆိုလာပြားတွေကို နေ့ဘက်တွင် စွမ်းအင်စုဆောင်းဖို့နှင့် ညအချိန်တွင် လုံလောက်စွာ အသုံးပြုနိုင်ဖို့အတွက် သိုလှောင်တဲ့နေရာမှာ ဘက်ထရီ သိုလှောင်မှုကို တပ်ဆင်ခြင်းကို ဆိုလိုပါတယ်။

ဒီလိုဘက်ထရီတွေဟာ သိသိသာသာ ဈေးကြီးပါတယ်။ ဒါပေမယ့် တခြား နည်းလမ်းများလည်း ရှိကောင်းရှိနိုင်ပါတယ်။

နေထွက်ချိန်တွင်၊ ဆိုလာပြားတွေဟာ နိမ့်သောအပူချိန်သို့ ဦးတည်စေသည့် အပူချိန် ၃ ကီလိုဗင် (-270.15 °C) ဝန်းကျင်ရှိသော ပြင်ပသို့ အပူများ ဖြာထွက်စေပါတယ်။

ဒါကြောင့် ဆိုလာပြားတွေဟာ ညလေထက် အေးစေပါတယ်၊ အပူချိန် ကွာခြားချက်ကတော့ နေရောင်ခြည် စွမ်းအင်လိုပဲ ထုတ်လုပ် အသုံးပြုနိုင်သလား ဆိုတာကို သုတေသီများက ငြင်းခုံခဲ့ကြတာပဲ ဖြစ်ပါတယ်။

အစားထိုး ဆိုလာပြား

စတန်းဖို့ဒ်တက္ကသိုလ်မှ Shanhui Fan နှင့် ၎င်းရဲ့ အဖွဲ့ဟာ ပြင်ပမှာ ဆိုလာဆဲလ် တစ်ခုကို တပ်ဆင်ပြီး သာမိုလျှပ်စစ် မီးစက်ကိုပါ ထည့်ပေးခဲ့ပါတယ်။

၎င်းဟာ ပတ်ဝန်းကျင်လေနှင့် ဆိုလာဆဲလ်အကြား အပူချိန် ကွာခြားချက်မှ လျှပ်စီးကြောင်းများကို ထုတ်လုပ်ပေးသည့် ကိ ရိယာတစ်ခုဖြစ်ပါတယ်။

ပြုပြင်မွမ်းမံထားတဲ့ ဆိုလာဆဲလ်တွေက တစ်စတုရန်းမီတာလျှင် ပါဝါ ၅၀ မီလီဝပ် ထုတ်ပေးနိုင်ပြီး ဒါဟာ နေ့အချိန်တွင် ဆိုလာ ဆဲလ်တစ်ခု၏ ​ပါဝါထွက်ရှိမှုနှုန်းရဲ့ ၀.၀၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒါဟာ မိုဘိုင်းဖုန်း အားသွင်းကိရိယာ သို့မဟုတ် ဝပ်အားနည်း LED မီးကဲ့သို့ စက်ပစ္စည်းများကို ပါဝါ လုံလောက်အောင် အသုံးပြုနိုင်တဲ့ ပါဝါ ပမာဏ တစ်ခုဖြစ်ပါတယ်။

နောက်ပြီးတော့ တိုးတက်ဖို့ နေရာတွေ အများကြီး ရှိပါသေးတယ်။

“ဒီအစိတ်အပိုင်းများထဲမှ မည်သည့် အရာကိုမှ အဆိုပါ ရည်ရွယ်ချက်အတွက် အထူး ဖန်တီးထားခြင်း မရှိပါဘူး” ဟု Shanhui Fan က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါသေးတယ်။

ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး စွမ်းအင်အသုံးပြုသူတွေဟာ ဘက်ထရီသိုလှောင်မှု မလိုအပ်ဘဲ ညဘက်မှာ တိုက်ရိုက်ပါဝါ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ ဘက်ထရီတွေက စျေးကြီးပြီး စိတ်မချရဘူးလို့ သုတေသီတွေက ဆိုပါတယ်။

ဘတ်ထရီတွေဟာ ထုတ်လုပ်ဖို့လည်း စွမ်းအင်များစွာ လိုအပ်ပြီး ၎င်းတို့ကို စနစ်တကျ မစွန့်ပစ်ပါက ပတ်ဝန်းကျင်ကို ညစ် ညမ်းစေနိုင်ပါတယ်။

သို့သော်လည်း ပြုပြင်ထားတဲ့ ဆိုလာပြားများရဲ့ 50 မီလီဝပ်ဆိုတဲ့ စွမ်းဆောင်မှုကတော့ အနည်းဆုံး လက်ရှိ စွမ်းအင် အခြေ ခံ အဆောက်အအုံတွေကို အစားထိုးဖို့ မဖြစ်နိုင်သေးပါဘူး။

အချို့ ပါဝါနည်းပါးတဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ဖို့အတွက်နှင့် လိုင်းမရှိသော နေရာများအတွက်တော့ အသုံးဝင်ပါတယ်။

Fan က တစ်နေ့ စျေးကွက်မှာ စီးပွားဖြစ် ထုတ်ကုန် တစ်ခု ရရှိဖို့အတွက် စနစ်ကို မြှင့်တင်ဖို့ မျှော်လင့်ထားတယ် ဟု သိရပါတယ်။

ယခု သုတေသန၏ စာတမ်းကို Applied Physics Letters ဂျာနယ်တွင် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.