ခွေးလေးများ ရေစိုပါက အနံ့ထွက်ရသည့်အကြောင်း နှင့် သန့်ရှင်းနည်း

Knowledge Nature

ကျွန်တော်တို့ ချစ်တတ်တဲ့‌ ခွေးများဟာ အနံထွက်တဲ့အခါမှာတော့ ကျွန်တော်တို့ အတွက် အခက်အခဲ ကြုံစေရတာတော့ အမှန်ပါပဲ။

ခွေးလေးတွေဟာ တူးဆွခြင်း နှင့် အခြား ညစ်ညမ်းတဲ့ အရာများကို လုပ်ဆောင်မှုကြောင့် ညစ်ပတ် စေနိုင်ပေမယ့် စိုစွတ်တဲ့အခါ ထွက်လာတဲ့ အနံ့ကတော့ တကယ်ဆိုးပါတယ်။

ဒီလို အနံထွက်ရတာ ဘာကြောင့်လဲဆိုတာရယ် အရေးကြီးတာက အဲဒါကို ဘယ်လို ရှောင်ရှားလို့ ရသလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အနံထွက်ရတဲ့ ဒီလို သဘာဝ ကြောင့် သင့်ရဲ့ ခွေးလေးကိုတော့ အပြစ်တင်စရာ မလိုဘူးဆိုတာတော့ သိသာထင်ရှားပြီးသားပါ။

ခွေးများ၏ အရေပြားနှင့် အမွှေးအမျှင် များပေါ်မှာ တဆေးနှင့် ဘက်တီးရီးယား များစွာ ခိုအောင်း နေလေ့ ရှိပါတယ်။

ဒီသေးငယ်တဲ့ ဇီဝသက်ရှိများဟာ ဓာတုဗေဒ ဒြပ်ပေါင်းများကို ထုတ်လုပ်ပေမယ့် ပုံမှန်အားဖြင့် အနံ့မရှိ ကြပါဘူး။

ဒါပေမယ့် အဆိုပါ သက်ရှိများနှင့် ၎င်းတို့၏ အညစ်အကြေးများဟာ စိုစွတ်လာပြီး ရေများအငွေ့ ပျံလာတဲ့ အခါမှာတော့ အနံ့မော်လီကျူးများကို ထုတ်လွှတ်တတ်ပါတယ်။

ဒါ့ကြောင့် ခွေးလေးများ ရေကူးပြီးသည့်အခါ ဖြစ်စေ၊ မိုးရွာထဲ ထွက်သည့်အခါဖြစ်စေ မလိုလားအပ်သည့် အနံ့များ ထွက်လာရခြင်း ဖြစ်ပါတယ်။

American Kennel Club ၏ အဆိုအရ အနံ့များဟာ အယ်မွန်စေ့၊ သစ်သီး၊ ပျားရည် သို့မဟုတ် “ဆာလ်ဖာနှင့် မစင်ကဲ့သို့ အရိပ်အမြွက်များ” အထိ ဆင်တူနိုင်ပါတယ်။

အရေပြားတွန့်ခြင်း၊ အဆီပြန်သည့် အရေပြားရှိခြင်း သို့မဟုတ် သွားရည် အလွန်အကျွံ ကျတတ်တဲ့ အချို့ ခွေးမျိုးစိတ်များမှာ ဘက်တီးရီးယားများ ခိုအောင်းဖို့ ပိုပြီး ဖြစ်နိုင်ချေများပါတယ်။

ကံကောင်းတာကတော့ အနံ့ကို သက်သာစေဖို့ ကူညီနိုင်တဲ့ နည်းလမ်းတခု ရှိပါတယ်။ အဲဒါကတော့ ရေစိုတာကို အမြန်ခြောက်သွေ့အောင် လုပ်ဆောင်တာပါပဲ။

ခွေးလေးတွေကို မြန်မြန် ခြောက်သွေ့အောင် လုပ်နိုင်လေ အနံ့ မြန်မြန် ပျောက်လေပါပဲ။ ဒါ့ကြောင့် ၎င်းတို့ကို ပုဝါဖြင့် သုတ်ပေးတာဖြစ်စေ ခွေများအတွက် အသုံးပြုတဲ့ blow-dryer အခြောက်မှုတ်စက်ကို ဖြစ်စေ အသုံးပြု ရမှာဖြစ်ပါတယ်။

လူတွေအတွက် အသုံးပြုတဲ့ blow-dryer များဟာ ခွေးလေးများ အတွက် အရမ်းပူတဲ့အတွက် အသုံးမပြုသင့် ပါဘူး။ ဒါ့ကြောင့် သူတို့အတွက် သီးသန့် blow-dryer များကိုသာ သုံးသင့်ပါတယ်။

ကနဦးအနေဖြင့် ပုဝါဖြင့် ခြောက်အောင် သုတ်ပေးပြီး နောက်မှသာ မှုတ်စက်ကို သုံးတာ အကောင်းဆုံးကတော့ နည်းလမ်း ဖြစ်ပါတယ်။

အခြောက်မှုတ်စက်ကို အသုံးပြုသည့်အချိန်တွင် အပူ မလွန်ကဲစေရန် တနေရာထဲကို ထိုးမထားဘဲ နေရာအနှံ့ ဖြည်းဖြည်းခြင်း အခြောက်ခံသင့်ပါတယ်။

ဒါ့အပြင် ခွေးလေးများ၏ လည်ပင်းနှင့် ကြိုးများကိုလည်း သန့်ရှင်းစေဖို့ ဂရုစိုက်သင့်ပါတယ်။

အထက်ပါ နည်းလမ်းကို အသုံးပြုပြီး ခွေးလေးများ ရေစိုချိန်မှာ ထွက်ပေါ်တတ်တဲ့ အနံဆိုးများကို အချိန်အနည်းငယ်အတွင်း ပျောက်သွားအောင် ပြုလုပ်နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.