မော်လီကျူးတစ်ခုဟာ ပုရွက်ဆိတ်လုပ်သားတွေကနေ ဘုရင်မထံ ကူးပြောင်းဖို့ ကူညီ ထိန်းချုပ်ပေးပါတယ်။
တိရိစ္ဆာန်ဦးနှောက်တွေဟာ လိုသလိုပြောင်းလဲနိုင်ပါတယ်။
ဒါကြောင့် ၎င်းတို့ရဲ့ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကိုပါ ပြုပြင် ပြောင်းလဲ နိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် တချို့ပုရွက် ဆိတ်တွေက ဒါကို တော်တော်လွန်ကဲတဲ့အဆင့်အထိ ပြောင်းလဲယူကြပါတယ်။
အချို့သောအခြေအနေတွေမှာ ၎င်းတို့ဟာ လုပ်သားပုရွက်ဆိတ်ကနေ ဘုရင်မနှင့်တူတဲ့ ပုရွက်ဆိတ် တစ်ကောင်သို့ ပြောင်းနိုင်ပါတယ်။
အဆိုပါ ပြောင်းလဲမှုရဲ့နောက်ကွယ် သော့ချက်ကတော့ မော်လီကျူးတစ်ခုတည်းက ထိန်းချုပ်ထားတာပါ။
ပုရွက်ဆိတ်အုပ်စုမှာဆိုရင် ဘုရင်မရဲ့တာဝန်က ဥဥဖို့အတွက်ဖြစ်ပြီး လုပ်သားတွေကတော့ ကောင်းကောင်း အလုပ်လုပ် ကြရပါတယ်။
ပုရွက်ဆိတ်တွေဟာ မျိုးစိတ်ပေါ်မူတည်ပြီး ဘုရင်မ တစ်ကောင်ထက် ပိုမို ပါဝင်နိုင်သော်လည်း အချို့ မျိုးစိတ်တွေဟာ ပိုပြီးဆန်းကြယ်တဲ့ အရာတွေကို ပြုလုပ်နိုင်ကြပါတယ်။
၎င်းတို့မှာဆိုရင် ဘုရင်မကဲ့သို့ ဥဥနိုင်တဲ့ လုပ်သားပုရွက်ဆိတ်များ ရှိပါတယ်။ အဆိုပါ အတုအယောင် ဘုရင်မတွေကို gamergate လို့ခေါ်ဆိုကြပါတယ်။

ants
ပုရွက်ဆိတ် မျိုးစိတ် အများစုမှာ လုပ်သား ပုရွက်ဆိတ်တွေဟာ မြုံနေကြသော်လည်း အခြား မျိုးစိတ်များ တွင် gamergates တွေဟာ ဘုရင်မများ အပြင် မျိုးပွားကြပါတယ်။
အချို့မျိုးစိတ်တွေမှာဆိုရင် “သာမန်” ဘုရင်မတွေ နေရာမှာ gamergates တွေနဲ့ လုံးဝ အစားထိုး ထားကြပါတယ်။
ဒါဆို လုပ်သားပုရွက်ဆိတ်တွေကို gamergate ဖြစ်လာတဲ့အရာက ဘာလဲ ၊ ဒါတွေဟာ ဘယ်လိုဖြစ်ပျက်လာတာလဲ။ ဒီအချက်ကိုသိရှိဖို့ သုတေသနအဖွဲ့ဟာ Harpegnathos saltator ဟုခေါ်တဲ့ ပုရွက်ဆိတ်မျိုးစိတ်တစ်ခုကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။
“Gamergateတွေဟာ ဘုရင်မတွေရဲ့အခန်းကဏ္ဍကို လွှဲပြောင်း ရယူထားရတဲ့ လုပ်သားပုရွက်ဆိတ်တွေ ဖြစ်တယ်” ဟု Pennsylvania Perelman ဆေးကျောင်းမှ Robert Bonasio က ဆိုပါတယ်။
ဒါဟာ လူမှုရေးကဏ္ဍများအကြား “အပြောင်းအရွှေ့” ဖြစ်သော်လည်း ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။ အပြင်မှာ မြင်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ မရှိပေမယ့် အတွင်းပိုင်းမှာတော့ အပြောင်းအလဲတွေ အများကြီးပါပဲ။
“ဥပမာ၊ သားဥအိမ်တွေ ကျယ်လာတယ်။ ဒါ့အပြင် သူတို့ရဲ့ ဦးနှောက်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ချိတ်ဆက်ထားတာ တွေ့ရတယ်” ဟု Bonasio က ရှင်းပြပါတယ်။
Bonasio နှင့် လုပ်ဖော်ကိုင်ဖက်များဟာ အချို့သော မျိုးဗီဇများကို ပြောင်းလဲခြင်းဟာ ဦးနှောက်လုပ်ဆောင်ချက် နှင့် အပြုအ မူအပေါ် ဘယ်လို အကျိုးသက်ရောက်တယ် ဆိုတာကို နားလည်လိုကြပါတယ်။
ဒီအတွက်ကြောင့် သုတေသီတွေဟာ ပုရွက်ဆိတ်ဦးနှောက်ကနေ ပုရွက်ဆိတ်တွေရဲ့ အာရုံကြောများကို ခွဲထုတ်ပြီး အသက်ရှင်နေအောင် ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုကိုလည်း တီထွင်ခဲ့ရပါတယ်။
ဒါဟာ ကြွက်များဖြင့် ပြုလုပ်သည့် သုတေသနအတွက် ပုံမှန် အလေ့အကျင့်တစ်ခု ဖြစ်သော်လည်း အင်းဆက် များ အတွက်တော့ အလွန် ခက်ခဲပါတယ်။

ants
အဖွဲ့ဟာ အဓိကဖြစ်တဲ့ နောက် ခံမော်လီကျူး ယန္တရားများကို လေ့လာခဲ့ကြပါတယ်။
လုပ်သားပုရွက်ဆိတ်တွေ နဲ့ gamergate တွေရဲ့ ကိုယ်ခန္ဓာ အတွင်း မတူညီတဲ့ အဆင့်တွေမှာ ရှိနေတဲ့ ဟော်မုန်းနှစ်မျိုး (အ ရွယ် မရောက်သေးသူရဲ့ ဟော်မုန်းနှင့် ecdysone) ကို ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။
ဒီဟော်မုန်းတွေဟာ ဦးနှောက်ထဲကနေ မတူညီတဲ့ မျိုးရိုးဇာတ်နှစ်မျိုးရဲ့ မျိုးရိုးဗီဇ လှုံ့ဆော်မှု ပုံစံများကို ကွဲပြားစွာ ထုတ်လုပ်ပုံရပါတယ်။
Bonasio နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ လုပ်သားပုရွက်ဆိတ်တွေဟာ မျိုးဗီဇကိုပြောင်းလဲနိုင်တဲ့ ပရိုတင်းတစ်မျိုး သို့မဟုတ် တစ်ခုထက်ပိုတဲ့ သီးခြားကူးယူဖော်ပြတဲ့ အချက်များကို ရှာဖွေနိုင်ဖို့ မျှော်လင့်နေပြီး gamergates တွေမှာသာ လှုပ်ရှားနေတဲ့ မတူညီသော အချက်များစွာကို တွေ့ရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
“အခန်းကဏ္ဍနှစ်ခုလုံး ပြောင်းလဲကစားနိုင်တဲ့ လုပ်သားပုရွက်ဆိတ်ကိုရှာရတာ စိတ်ဝင်စားစရာပါပဲ” ဟု Bonasio မှ ရှင်းပြ ပါတယ်။
သို့ပေမဲ့ Kr-h1 ဟုခေါ်တဲ့ ပရိုတင်းတစ်မျိုးတည်းကို အသက်သွင်းခြင်းဖြင့် ဟော်မုန်းနှစ်မျိုးလုံးဟာ ဆဲလ်များကို သြဇာသက်ရောက်နိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့သဖြင့် အံ့အားသင့်နေကြပါတယ်။
လုပ်သား ပုရွက်ဆိတ်တစ်ကောင်ကို ဘုရင်မ အဖြစ်သို့ ပြောင်းလဲ စေခြင်းဟာ တစ်ခုတည်းသော တာဝန် မဟုတ်ကြောင်း သုတေသီများကဆိုပါတယ်။
“Kr-h1 ဟာ အမျိုးဇာတ်ခွဲခြားမှုကို ထိန်းညှိပေးနိုင်တဲ့ တစ်ခုတည်းသော ပရိုတင်းဖြစ်တယ်ဟု မဆိုလိုပါဘူး။ ဒီအရာတွေဟာ ပုံမှန်အားဖြင့် ရှုပ်ထွေးပြီး Kr-h1 ဟာ လူမှုအကူးအပြောင်းကို ထိန်းချုပ်တဲ့ အရာများစွာထဲမှ တစ်ခုဖြစ်ဖွယ်ရှိတယ်” ဟု Bonasio ကဆိုပါတယ်။

ant
Bonasio က ကျောရိုးမဲ့ တိရစ္ဆာန်များပုံစံအတိုင်း လူသားများထံ တိုက်ရိုက်ပြောင်းလဲဖို့ရာ ခက်ခဲသော်လည်း သုတေသီများဟာ ဦးနှောက်ရဲ့ပြောင်းလဲနိုင်မှု နှင့် တိရစ္ဆာန် အမျိုးအစား အမျိုးမျိုးတွင် ၎င်းတို့အား အုပ်ချုပ်တဲ့ ယန္တရားများကို နားလည်နိုင်ဖို့ ဒီ လေ့လာမှုကို အကောင် အထည် ဖော်ခဲ့တယ် ဟုဆိုပါတယ်။
လိုက်လျောညီထွေးစွာပြောင်းလဲနိုင်မှုဟာ ကျွန်ုပ်တို့ အပါအဝင် ဦးနှောက်တိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လိုက် လျော ညီထွေမှု မရှိခြင်းဟာ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။
ပုရွက်ဆိတ်တွေမှာ တွေ့ရတဲ့ ပရိုတင်းတွေနဲ့ ဆင်တူတဲ့ ပရိုတင်းတွေ၊ဟော်မုန်းတွေဟာ နို့တိုက်သတ္တဝါတွေရဲ့ ဦးနှောက်ထဲမှာ အလုပ်လုပ်နေတာကို တွေ့နိုင်ရင် အရမ်း စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။
ဒါကြောင့် အနာဂတ်မှာ ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သတ်ပြီး သုတေသနတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု Bonasio က နောက်ဆုံးပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်းလုံးဝ ခွင့်မပြုပါ။
First Published 7/11/2021