နင်းဂျာများ အကြောင်း သိကောင်းစရာ အချို့

History Knowledge

နင်ဂျာတွေရဲ့ အကြောင်းဟာ ဂျပန်ရိုးရာ ပုံပြင်၏ တစိတ်တပိုင်းလို့ ထင်ရပေမယ့် ၎င်းတို့ဟာ တကယ်ကို ရှိကြတာပါ။

လူအများစုဟာ ရှေးခေတ် ရှီနိုဘီ များကို ချောင်းမြောင်းလုပ်ကြံတတ်တဲ့ ကြေးစားတွေအဖြစ် သတ်မှတ်ထားကြပေမယ့် တကယ့် တကယ်တော့ Sonny Chiba သရုပ်ဆောင်ခဲ့တဲ့ Hattori Hanzo နင်:ဂျာဟာ James Bond ထက် အများကြီး သာပါတယ်။

နင်ဂျာတွေ ဘယ်အချိန်က အစပြုခဲ့သလဲဆိုတာ အတိအကျ မသိရှိရပေမယ့် ခန့်မှန်းခြေ ၁၅ ရာစုနှစ်လောက်က စတင် ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

၎င်းတို့ဟာ Warring States Period လို့ခေါ်တဲ့ ပြည်ထောင်အချင်းချင်း စစ်ပွဲတွေ ဖြစ်နေတဲ့ Sengoku ခေတ်အထိ အပြည့်အဝ မတွေ့ရခဲ့ပါဘူး။ အဲဒီ့အချိန်မှာ ကျော်ကြားတဲ့ နင်းဂျာ မျိုးနွယ်စုဖြစ်တဲ့ Iga နှင့် Koga တို့မှာ အထွတ်အထိပ် ရောက်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ၎င်းတို့ရဲ့ ရွှေခေတ်ဟာ နေဝင်သွားခဲ့ပြီး ရှီနိုဘီဟာ ဂျပန်သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ အမှတ်အသားတခု အဖြစ် ထားရစ်ခဲ့ပါတော့တယ်။

နင်းဂျာ ဆိုတာ တရုတ်မှ အမြစ်တွယ်လာတာ ဖြစ်ပါတယ်

၁၉၀၇ ခုနှစ် တန်မင်းဆက် ပျက်သုဉ်း ပြီးနောက်မှာ အချို့ တရုတ်စစ်သူကြီးများဟာ ၁၀၂၀ ခုနှစ်များ နောက်ပိုင်းမှာ ဂျပန်သို့ ထွက်ပြေး လွတ် မြောက် လာကြပါတယ်။

တရုတ် ဘုန်းတော်ကြီးများဟာလည်း သူတို့နှင့် အတူ လိုက်ပါလာပြီး ကိုယ်ပိုင် စိတ်ကူးသစ်များကို တရုတ်ပြည်မှ ဂျပန်ပြည်သို့ သယ်ဆောင်လာခဲ့ကြပါတယ်။

ဘုန်းတော်ကြီးများဟာ နည်းဗျူဟာများနှင့် အတွေးအခေါ်များ ပေါင်းစပ် နိုင်မှုတို့ကြောင့် ဂျပန်နိုင်ငံအတွင်းမှာ ဩဇာကြီးမား ခဲ့ကြပါတယ်။

Shinobi ရှီနိုဘီ နှင့် နင်းဂျာ အခေါ်အဝေါ်ဟာ အတူတူပါပဲ

အချို့က နင်းဂျာလို့ ခေါ်ပြီး အချို့က ရှီနိုဘီလို့ ခေါ်ကြပါတယ်။ ဘယ်သူမှန်လဲ ဆိုရင်တော့ နှစ်ယောက်လုံး မှန်တယ်လို့ ပြောရမှာပါ။

နင်းဂျာ ဆိုသည့် အသုံးအနှုံးဟာ တရုတ်ဘာသာမှ ဆင်းသက်လာတာဖြစ်ပြီး ဂျပန်မှာ ရောက်ရှိလာတဲ့အခါ အသုံးအနှုံး ပြောင်းလဲသွားကာ ရှီနိုဘီ (ခံနိုင်ရည်ရှိသူ) အဖြစ် ခေါ်ဆို ကြပါတယ်။

Iga နဲ့ Koga ဟာ အကျော်ကြားဆုံး မျိုးနွယ်စု ဖြစ်

ဂျပန်ပြည်တွင် ထိုအချိန်က နင်းဂျာများကို လေ့ကျင့် ပေးနိုင်သည့် ကျောင်းပေါင်း ၅၃ ကျောင်းခန့် ရှိခဲ့ပါတယ်။

အဲဒီ့အထဲက နင်ဂျာတို့၏ အကျော်ကြားဆုံး မျိုးနွယ်စု နှစ်ခုကတောာ့ အီဂါ (Mie စီရင်စု မှ) နှင့် ခိုဂါ (Shiga စီရင်စု မှ) တို့ ဖြစ်ကြပါတယ်။

၎င်းတို့ဟာ သူတို့ရဲ့ နင်းဂျာ အဖွဲ့အစည်းကို တောတောင်များနှင့် သစ်တောများ ကြားတွင် ပုန်းကွယ်ကာ နင်းဂျာ စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို လေ့ကျင့်ပေး ကြပါတယ်။

ဂျပန်ပြည်အတွင်း စစ်မက်များ ဖြစ်ပွားနေသည့် ကာလဖြစ်သည့် ဆန်ဂိုကု ကာလဟာ နင်ဂျာများ၏ ရွှေခေတ် ဖြစ်ခဲ့

၁၃၃၆ ခုနှစ်မှ ၁၃၉၂ ခုနှစ်ကြား မြောက်ပိုင်းနှင့်‌ တောင်ပိုင်း စစ်ဖြစ်သည့်ကာလ နှင့် ၁၄၆၇ ခုနှစ်မှ ၁၄၇၇ အကြား မူရိုမာချီ ခေတ်အတွင်း ဖြစ်ခဲ့သည့် အိုးနီး ပြည်တွင်း စစ်ပွဲများတွင် နင်းဂျာများဟာ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ် နင်းဂျာများရဲ့ အထွတ်အထိပ် ကာလာဖြစ်တဲ့ ၁၄၆၇ ခုနှစ်မှ ၁၅၆၈ ကြား ဆန်ဂိုကု ခေတ်လောက်တော့ မပေါများသေးပါဘူး။

အဲဒီ့ခေတ်မှာ နင်းဂျာများဟာ ကင်းထောက်အဖြစ်၊ သူသျှိုအဖြစ်၊ မတူညီတဲ့ စစ်မက်အုပ်စုများကို သွေးထိုး လှုံ့ဆော်သူများအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် ရဲတိုက်များကို ဖောက်ဖျက်ရာမှာလည်း အထူးကျွမ်းကျင် ကြပါတယ်။

၎င်းတို့၏ မိတ်ဘက် စစ်သည်များ အပြင်မှထိုးဖောက်နေစဉ် နံရံတွေရဲ့ နောက်ကွယ်မှနေပြီး နင်းဂျာများဟာ ရန်သူ့ စစ်သားများကို အာရုံထွေပြားအောင် ပြုလုပ်လေ့ ရှိပါတယ်။

ဆာမူရိုင်းများမှ နင်းဂျာအဖြစ် ပြောင်းလာတတ်ပါတယ်။

ဆာမူရိုင်းများကို ဘူရှိဒိုလို့ ခေါ်တဲ့ စစ်သည်တော်များ၏ လမ်းစဉ်ဖြင့် တင်းကြပ်သော စံချိန်စံနှုန်းများဖြင့် ချည်နှောင်ထားပါတယ်။ ဒါပေမယ့် အချို့ဟာ ရှီနိုဘီခေါ် နင်းဂျာ ဖြစ်လာခဲ့ကြပါတယ်။

နင်းဂျာ အများစုဟာ သာမန် ပြည်သူများသာဖြစ်

အချို့ ဆာမူရိုင်းများမှာ နင်ဂျာအဖြစ် ကူးပြောင်းလာကြတယ် ဆိုပေမယ့် ရှီနိုဘီ အများအပြားဟာ ဆာမူရိုင်း လူတန်းစားက ပေါက်ဖွားလာတာ မဟုတ်ပါဘူး။

တချို့ဟာ အီဂါနှင့် ခိုဂါ မျိုးနွယ်စုမှ ဆင်းသက်ပြီး နင်းဂျာများ ဖြစ်လာကြတာဖြစ်ပြီး အချို့ကတော့ လယ်သမား နှင့် တောသူ တောင်သားများ ဖြစ်ကြပါတယ်။

ဒါပေမယ့် အဲဒါဟာ နင်းဂျာများတွင် ရာထူး အဆင့်ဆင့် မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ၎င်းတို့မှာ အထက်အောက် ထိန်းကျောင်းသူတွေ ရှိပါတယ်။

အဆင့်နိမ့်သည့် နင်ဂျာများဟာ ရှင်သန်ဖို့ သပ်သပ် အတွက် ကြိုးစားနေကြတဲ့ လယ်သမားများသာ ဖြစ်ပါတယ်။

ရှူဂန်ဒို လေ့ကျင့်မှုတွင် ရေတံခွန်အောက်တွင် ထိုင်ကာ လေ့ကျင့်မှု ပါဝင်

အချို့ သမိုင်း ပညာရှင်များဟာ နင်းဂျာများကို ဆာမူရိုင်းများ ကဲ့သို့ စနစ်တကျ ကိုယ်ခံပညာများကို မသင်ယူခဲ့ရဘူးလို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် ရှူဂန်ဒို လေ့ကျင့်မှု စနစ်ဟာ ၎င်းတို့၏ စတင်မှုလို့ ယုံကြည်ရပါတယ်။ အဆိုပါ လေ့ကျင့်မှုများတွင် တောအုပ်ထဲတွင် မိုင်ပေါင်းများစွာ လမ်းလျှောက်ခြင်းနှင့် ရေတံခွန်အောက်တွင် ထိုင်ခြင်းများ ပါဝင်ပါတယ်။

ဝတ်စုံများဟာ အလွန်ညံ့ဖျင်းကြပါတယ်

သင်ဟာ နင်ဂျာများကို ခပ်ပွပွ အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်တယ်လို့ ထင်ရင် ဒါဟာ ပြဇာတ်ထဲမှာပဲ မှန်ပါလိမ့်မယ်။

နင်းဂျာများဟာ ညပိုင်း စစ်ဆင်ရေးများမှာ ကိုယ်ရောင်ဖျောက်ဖို့ အပြာဟာ အမဲထက် အထောက်ကူပြုတယ်လို့ ယူဆလို့ အပြာရင့်ရင့် အရောင်ကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။

လူအများနှင့် ရောနောသွားသည့်အခါ နင်းဂျာများဟာ စုတ်စုတ်ပြတ်ပြတ် ဝတ်စားလေ့ရှိပါတယ်။

သူလျှိုအဖြစ် ဆောင်ရွက်တဲ့အခါ ထင်ထင်ရှားရှား နေလို့မဖြစ်တဲ့ အတွက် ၎င်းတို့ဟာ ဖျော်ဖြေသူများ၊ ဘုန်းကြီးများ၊ ကုန်သည်များနှင့် လယ်သမားများ ပုံစံ ဝတ်စား ဆင်ယင် တတ်ကြပါတယ်။

ပေါက်သည့် ကြယ်ပုံစံ လက်နက်ကို ပစ်ပြီး မသုံးခဲ့ပုံပေါ်

ရှူရီကန် shuriken လို့ခေါ်တဲ့ လက်နှင့် ပစ်ပေါက်ရသည့် ကြယ်ပုံစံ လက်နက်များ အကြောင်းသိလိုပါက မေ့ပစ်နိုင်ပါတယ်။ အဲဒီ့ခေတ်က အဲဒီလို လက်နက်တွေ ရှိခဲ့ပေမယ့် ပစ်ပေါက် အသုံးပြုခဲ့ပုံ မရပါဘူး။

တချို့ ဂျပန် နင်းဂျာပညာ ပြသမှုတွေမှာ အဆိုပါ ပစ်ပေါက်ရသည့် ကြယ်ပုံစံ လက်နက်ကို အသုံးပြုပြတာတော့ ဘာလို့မှန်းမသိပါဘူး။ သိသူများ အကြံပေး နိုင်ပါတယ်။

ပစ်မှတ်များဟာ နင်ဂျာ မဝင်ရောက်နိုင်အောင် “Ninja-Proofed” နေရာများ လုပ်ထားလေ့ရှိ

နင်းဂျာများအတွက်တောင် ဂျပန် ရဲတိုက်တခုကို ထိုးဖောက် ဝင်ရောက်ခြင်းဟာ ခေါင်းခဲစရာ အလုပ်တခု ဖြစ်ပါတယ်။ အကွေ့အကောက်များ၊ သွားရခက်သော လမ်းကြောင်းများနှင့် ၎င်းတို့ကို တမိုင်အကွာကတောင် အစောင့်များက မြင်နိုင်ချေ ရှိပါတယ်။

ပိုဆိုးစေတာကတော့ “Ninja-Proofed” လို့ခေါ်တဲ့ နင်ဂျာမဝင်ရောက်နိုင်အောင် အထူးပြုလုပ်ထားတဲ့ အခန်းများ ရှိနေခြင်း ဖြစ်ပါတယ်။ နိုက်တင်းဂေး ကြမ်းပြင်လို့ ခေါ်တဲ့ စင်္ကြံ လျှောက်လမ်းများကို နင်းလျှောက်ပါက အသံထွက်အောင် တည်ဆောက်ထားလေ့ ရှိပါတယ်။

ဒါဟာ အံ့ဩစရာ ကောင်းပေမယ့် မည်သူမဆို နင်းဂျာ ဖြစ်နိုင်သည့်အချိန်မှာ အပိုဆောင်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတာ အဓိပ္ပါယ် ရှိပါတယ်။

အိုဒါ နိုဘူနာဂါဟာ နင်းဂျာတို့၏ နံပါတ် ၁ ရန်သူဖြစ်

စစ်ဘုရင် အိုဒါ နိုဘူနာဂါဟာ ဂျပန်ပြည် ပေါင်းစည်းရန် စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ၎င်းဟာ အီဂါနှင့် ခိုဂါ မျိုးနွယ်စုများ၏ ရန်ကို သတိထားမိခဲ့ပါတယ်။

၎င်းဟာ ခိုဂါမျိုးနွယ်စုနှင့် ပတ်သက်ပြီး လျှင်လျှင်မြန်မြန် ဖြေရှင်းနိုင်ခဲ့ပေမယ့် အီဂါ မျိုးနွယ်စုဟာ ၎င်းကို အထိနာစေခဲ့ပါတယ်။

ဒါပေမယ့် စစ်သည် ၄ သောင်းလောက်ဖြင့် အီဂါ မျိုးနွယ်စု ခံတပ်ကို ဝင်ရောက် တိုက်ခိုက်စေတဲ့အခါ နင်းဂျာများ၏ အားသာသည့် စစ်ပွဲ ပုံစံ မဟုတ်သည့်အတွက် ခံတပ်ဟာ ကျရှုံး ခဲ့ပါတယ်။

ခံတပ် ကျရှုံးသွားသည့်အခါ နင်းဂျာများဟာ အနီးအနား စီရင်စုများသို့ ပုန်းအောင်း ထွက်ပြေးခဲ့ကြရပါတယ်။

နောက်ပိုင်းမှာ စစ်ဘုရင် တိုကူဂါဝါဟာ နင်းဂျာများကို ကြိုဆိုခဲ့ပြီး ၎င်းတို့၏ အကူအညီ များစွာ ရရှိခဲ့ကာ အနိုင်ရခဲ့ပါတယ်။

နင်းဂျာများဟာ ဂျပန်ပြည်၏ ပထမဆုံး လျှို့ဝှက် အမှုထမ်းများ ဖြစ်လာခဲ့

နိုဘူနာဂါ၏ ရန်မှ လွတ်မြောက်ခဲ့တဲ့ နင်းဂျာများဟာ အဖိုးတန်တဲ့ အရည်အချင်းများရှိသော်လည်း ၎င်းတို့ကျွမ်းကျင်မှုများကို အသုံးချဖို့ အလုပ်ခိုင်းစေမယ့် သူတွေ လိုအပ်ခဲ့ပါတယ်။

၁၈ ရာစုမှာ အစစ အရာရာ ပြောင်းလဲလာပြီး ဂျပန်နိုင်ငံ၏ ပထမဆုံး ထောက်လှမ်းရေး နှင့် လျှို့ဝှက်အဖွဲ့ ကိုဖွဲ့စည်းခဲ့ပြီးနောက် အဲဒီ့ အလုပ်မှာ နင်းဂျာများ အများအပြား ပါဝင်လာပါတယ်။

မေဂျီ ဘုရင်ခေတ် ကာလအတွင်း နိုင်ငံ တဝှမ်း အေးချမ်း တည်ငြိမ်လာတဲ့ နောက်မှာတော့ နင်းဂျာများ၏ ကဏ္ဍဟာ တဖြည်းဖြည်း ပြန်လည် မှေးမှိန် သွားပါတယ်။

ဂျိမ်းစ်ဘွန်း ဝတ္ထု မှ အနောက်နိုင်ငံများကို နင်းဂျာများအကြောင်း ပထမဆုံး မိတ်ဆက်ပေးခဲ့

ပထမဆုံး အနောက်တိုင်းတွင် ဂျပန်၏ နင်းဂျာ ယဉ်ကျေးမှုအကြောင်းကို ဖော်ပြခဲ့တာကတော့ You Only LIve Twice ဂျိမ်းစ်ဘွန်း ဝတ္ထု မှာ ဖြစ်ပါတယ်။

အဲဒီ့ စာအုပ်မှာ ဂျိမ်းစ်ဘွန်းဟာ ဂျပန် အထက်တန်းစား နင်ဂျာ အဖွဲ့နှင့် တိုက်ခိုက်ဖို့ ဖိအားပေး ခံရတဲ့အကြောင်း ပါဝင်ပါတယ်။

အလားတူအချိန်မှာပဲ ဂျပန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး လူအများဟာ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို စွဲလမ်းခဲ့ကြပါတယ်။

၁၉၆၄ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အားကစား တခုဖြစ်တဲ့ ဂျူဒို အားကစားကို ဂျပန်နိုင်ငံမှ မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၇၀ ခုနှစ်များမှာတော့ ဘရုစ်လီ နှင့် ဒေးဗစ် ကာရဒ်ဒင်း ကဲ့သို့ ကိုယ်ခံပညာ သရုပ်ဆောင်များ ပါဝင်တဲ့ ရုပ်ရှင်များဟာ နင်းဂျာ၏ သဘောတရားနှင့် ကွန်ဖူး တိုက်ခိုက်ရေး အယူအဆများကို လူကြိုက် များလာစေခဲ့ ပါတယ်။

နင်းဂျာ ပြန်လည် ရှင်သန်လာမှုဟာ အမေရိကန်မှာသာမက ဂျပန်တွင်ပါ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် စေခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာ နင်းဂျာ ယဉ်ကျေးမှုကို အသက်မွေးမှု အတွက် နှင့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ဖို့အတွက် ပြန်လည် အသက်သွင်းခဲ့ကြပါတယ်။

ယခုအခါမှာတော့ နင်းဂျာနှင့် ပတ်သက်သည့် မရေမတွက်နိုင်တဲ့ ဇာတ်ကားတွေ၊ ဗီဒီယို ဂိမ်းတွေ၊ ကာတွန်းတွေ၊ မြေကျွန်ခေတ်က နင်ဂျာများအကြောင်း တီဗွီရုပ်သံ အစီအစဉ်တွေနှင့် ပြည့်နှက်နေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.