အာကာသထဲမှ အသံများ တကယ် ဟုတ်မဟုတ်

Article Science

အသံတွေကို အာကာသထဲမှာ ကြားနိုင်သလား ဆိုတဲ့ မေးခွန်းအတွက် အတိုဆုံး အဖြေကတော့ “မကြားရနိုင်ပါဘူး” ဆိုတာပါပဲ။

များသောအားဖြင့် သိပ္ပံဇာတ်ကားတွေနဲ့ တီဗွီ အစီအစဉ်များတွင် အာကာသအတွင်းမှ အသံများနှင့် ပတ်သက်သည့် အရာများဟာ မှားယွင်းနေသည့် အပြင်ဂြိုဟ်တွေမှ အသံထွက်တယ်ဆိုတာလည်း မမှန်ပါဘူး။

ဂြိုဟ်တွေက ထွက်ပေါ်လာတဲ့ အသံဆိုတာ ၎င်းတို့ လေထုအတွင်း သို့မဟုတ် ပိုင်ဆိုင်ထားသည့် ကွင်းများမှ ထုတ်လွှတ်မှုတွေကို ကိရိယာများက အသံအဖြစ် ဖမ်းယူမိတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ ရရှိလာတဲ့ ထုတ်လွှတ်မှုတွေကို heterodyne ခေါ် ပေါင်းစပ်ပြီး လူတွေ ကြားနိုင်တဲ့အသံကို ဖန်တီးပြီး ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

သေချာတာကတော့ ဂြိုဟ်တွေဟာ ကြားနိုင်တဲ့ အသံတွေကို ထုတ်လွှတ် နေတာ မဟုတ်ပါဘူး။

ရူပဗေဒ နှင့် အသံ

ရူပဗေဒအရ အသံဟာ လှိုင်းအဖြစ်နှင့် သွားလာတာ ဖြစ်ပြီး ဥပမာအားဖြင့် လူတွေဟာ အသံလှိုင်းကို အသံကြိုးမှ တဆင့် ထုတ်လွှင့်ကြပါတယ်။

ထွက်လာသည့်အသံကြောင့် ဖြစ်လာသည့် လေကိုဖိသိပ်မှု ဖြစ်စေပြီး အသံလှိုင်းကို လေမှတဆင့် သယ်ဆောင်ကာ တခြားလူ၏ နားသို့ ရောက်ရှိပြီး ဦးနှောက်မှ အသံအဖြစ် ပုံဖော်တာ ဖြစ်ပါတယ်။

ထွက်ပေါ်လာသည့် အသံလှိုင်းဟာ ကြိမ်နှုန်းမြင့်ပြီး လျှင်မြန်စွာ သွားလာပါက ဦးနှောက်က လေချွန်သံလို စူးရှတဲ့ အသံကို ကြားရပြီး ကြိမ်နှုန်းနိမ့်ပါက ဒရမ်သံလို ဘေ့စ် ဂစ်တာလို အသံမျိုးက ကြားရပါတယ်။

အသံဟာ တနေရာနှင့် တနေရာကို သွားလာဖို့ ၎င်းကို ဖိသိပ်ပေးမယ့် ကြားခံနယ် လိုအပ်ပါတယ်။

လေမဟုတ်တဲ့ ဓာတ်ငွေ့ တိမ်တိုက်တွေ ဖုန်မှုန့်တွေလို ကြားခံနယ်မှာ အသံဟာသွားလာနိုင်ပေမယ့် နားမှာ ကြားနိုင်ဖို့တော့ အလွန်ကို တိုးလွန်း ကျယ်လွန်းတာ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ကြားခံနယ်မရှိတဲ့ အာကာသအတွင်းမှာ အသံကိုကြားရနိုင်ဖို့ မဖြစ်နိုင်သလို တကယ်လို့ တခုခု ကြားလာရင်တော့ နားက တခုခု မှားယွင်းနေလို့ပါ။

အလင်း

အလင်းလှိုင်းများဟာတော့ အသံနဲ့ ကွဲပြားပြီး ၎င်းဟာ တနေရာမှ တနေရာကို သွားလာဖို့ ကြားခံနယ် မလိုအပ်ပါဘူး။

ဒါ့ကြောင့် အာကာသအတွင်းမှာ အလင်းဟာ သွားလာနိုင်ပြီး ဂြိုဟ်တွေ၊ ဂလက်ဆီတွေ၊ ကြယ်တွေကို မြင်ရတာ အလင်းကြောင့် ဖြစ်ပါတယ်။

အာကာသစူးစမ်းယာဉ်တွေ ဂြိုဟ်တွေက အသံကို လက်ခံ ရရှိခဲ့ဖူးလား

၁၉၉၀ ခုနှစ်များက NASA ဟာ အာကာသက ထွက်လာတဲ့ အသံ ၅ မျိုးလောက်ကို ရရှိခဲ့ပေမယ့် ကံမကောင်းတာက ဒီအသံတွေ ဘယ်ကဖြစ်လာလဲ မသိခဲ့ရပါဘူး။

ဒါပေမယ့် ဒီအသံတွေဟာ ဂြိုဟ်တွေက တကယ် ထွက်လာတာ မဟုတ်ဘဲ ဂြိုဟ်ပေါ်ရှိ ရေဒီယိုလှိုင်းတွေ နှင့် လျှပ်စစ် သံ လိုက်လှိုင်းတွေ ပိတ်မိနေတဲ့ သံလိုက်စက်ကွင်းလေထုထဲမှ လျှပ်ဆောင် အမှုန်တွေ ထိတွေ့မှုကြောင့် ဖြစ်တယ်လို့ နောက် ပိုင်းမှာ သိရပါတယ်။

နက္ခဗေဒ ပညာရှင်များဟာ ရေဒီယိုတာဝါတိုင်မှ ရေဒီယိုလှိုင်းတွေကို အသံအဖြစ် ပြောင်းလဲပေးတဲ့ နည်းလမ်းမျိုးနှင့် ထိုအချက်ပြလှိုင်းများကို အသံအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Apollo အာကာသယာဉ်မှူးများက လ၏ အနီးက အသံတွေအကြောင်း အစီရင်ခံခဲ့တဲ့ ဖြစ်ရပ်

ဒါဟာ ထူးခြားတဲ့ ဖြစ်စဉ်တခု ဖြစ်ပြီး Apollo လမစ်ရှင်မှ အာကာသယာဉ်မှူးများဟာ လပတ်လမ်းတွင် ရှိနေစဉ် ဂီတ ကဲ့သို့ အသံများကို ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပေမယ့် ဒီလို အသံတွေဟာ လုံးဝကြိုတင် မှန်းဆလို့ရနိုင်တဲ့ လဆင်း မော်ကျူးနှင့် ကွပ်ကဲမော်ကျူးတို့ကြား ရေဒီယိုလှိုင်း‌ နှောင့်ယှက်မှုများကြောင့် ဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

ထိုအသံနှင့် ပတ်သက်လို့ အထင်ရှားဆုံး ဖြစ်ခဲ့တော့ Apollo 15 အာကာသယာဉ်မှူးများ လ၏ မှောင်နေတဲ့ အခြမ်းမှာ ရှိနေခိုက် ဖြစ်ပါတယ်။

သို့ပေမယ့် လ၏ ကမ္ဘာ့ဘက် လှည့်နေသည့် အခြမ်းသို့ ရောက်ရှိသွားတဲ့အခါ ထိုတုန်ခါမှုများဟာ ရပ်တန့်သွားပါတယ်။

လေထုမရှိသည့် အာကာသထဲမှာ အသံလှိုင်းများဟာ သွားလာနိုင်ခြင်းမရှိဘဲ ၎င်းဟာ လေရဲ့ တုန်ခါမှုကြောင့်သာ ထွက်ပေါ် လာတာဖြစ်ပြီး အာကာသအတွင်းရှိ ပုံဖော်ခဲ့တဲ့ အသံများဟာ အခြားလှိုင်းများကြောင့် ဖြစ်တယ်ဆိုတာ မြင်သာအောင် ဖော် ပြပေးလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *