တောင်တရုတ်ပင်လယ်တွင် အမေရိကန်စစ်တပ်ရှိနေခြင်းက ငြိမ်းချမ်းရေးအတွက်မကောင်းနိုင်ဘူးလို့ တရုတ်ပြော

News

တရုတ်၊ ဇန်နဝါရီ ၂၅

အမေရိကန်စစ်တပ်က တောင်တရုတ်ပင်လယ်အတွင်း မကြာခဏ လေယာဉ်တင် သင်္ဘော နှင့် လေယာဉ်များ မကြာခဏ စေလွှတ်နေခြင်းက လိုက်လျောညီထွေ ဖြစ်စေဖို့ နှင့် ငြိမ်းချမ်းဖို့အတွက် မကောင်းနိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ မှာပဲပြောကြားခဲ့တာပါ။

နှစ်စဉ်ကုန်သွယ်ရေးဒေါ်လာသန်းပေါင်းများစွာစီးဝင်သော မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်ဟာ ဘေဂျင်းနှင့် ဝါရှင်တန်တို့ အကြား အငြင်းပွား အာရုံစိုက်မှုကြာမြင့် ခဲ့ပြီးနောက် တရုတ်ဟာ အမေရိကန်စစ်တပ်ရဲ့ လှုပ်ရှားမှုများကြောင့် အထူးဒေါသထွက်နေတာလဲဖြစ်ပါတယ်။

ဒီလို အမေရိကန်အနေနဲ့ မကြာခဏ လေယာဉ်တင်သင်္ဘောများ စေလွတ်နေခြင်း ဟာ ဒေသတွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုမှာမဟုတ်ဘူးလို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ဆိုသူက သတင်းထောက်များကို ပြောကြားခဲ့တာပါ။

ဂျိုးဘိုင်ဒန် အမေရိကန်သမ္မဖြစ်လာပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အမေရိကန်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော( USS Theodore Roosevelt) ဦးဆောင်တဲ့ စစ်သင်္ဘော ၃ စီးဟာ ပင်လယ်ရေကြောင်း မြှင့်တင်ရန်အတွက်ဆိုပြီး ရေလမ်းကြောင်းကို ဝင်ရောက်ခဲ့တာပါ။

တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးရှား ဖီလစ်ပိုင် ဘရုနိုင်းနှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်သော ကျွန်းများနှင့် နီကပ်စွာရှိနေသော အမေရိကန်ရိကန်ရေတပ်နှင့် တရုတ်က အကြိမ်ကြိမ် တိုင်းတန်းတောင်းဆိုမှုများလည်း ရှိခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်တင်သင်္ဘောများ ဝင်ရောက်လာသည်နှင့်တပြိုင်ထဲ တရုတ်လေတပ်၏ ဂျက်လေယာဉ်များကလည်း ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ပိုင်းသို့ ကျူးကျော်မှု ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ၄င်းတို့ လေတပ်ဘာကြောင့် ဝင်ရောက်ပျံသန်ခဲ့သည်ကို မှတ်ချက်ပေးခြင်းမျိုးမရှိခဲ့ပါဘူး။

ထိုင်ဝမ်သည်တရုတ်နိုင်ငံနှင့် မကင်းသောအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသည် “တစ်ခုတည်းသောတရုတ်” နိယာမကိုလိုက်နာသင့်သည်ဟု တရုတ်၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း တနင်္လာနေ့က ကျွန်းမြောက်ဘက်ရှိ ရေဒါအခြေစိုက်စခန်းသို့သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်တပ်ဖွဲ့များကိုခြေရာခံနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် နှစ်မှစ၍ ယခုအချိန်အထိကျွန်ုပ်တို့၏ ရေဒါသည်ကွန်မြူနစ် လေယာဉ် ၂၀၀၀ နီးပါးနှင့်ကွန်မြူနစ် သင်္ဘော ၄၀၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အားမောင်းနှင်နိုင်ခဲ့ပြီး ပင်လယ် နှင့် လေကြောင်းနယ်ပယ်ကို အပြည့်အဝကာကွယ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် တစ်စင်းသည် ၎င်းတို့၏ ကာကွယ်ရေးဇုန်အနီး သို့ပျံသန်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရကလည်း ထိုင်ဝမ်အပေါ် ထားရှိသော အမေရိကန်၏ကတိကဝတ်များသည် ခိုင်မာသည်ဟု ပြောကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအများစုကဲ့သို့ပင် ထိုင်ဝမ်နှင့်တရားဝင်သံတမန်အဆက်အသွယ်မရှိသော်လည်း ဒီမိုကရက်နိုင်ငံ၏အရေးအကြီးဆုံးနိုင်ငံတကာထောက်ပံ့သူနှင့် လက်နက်တင်ပို့နေမှုကြောင့် တရုတ်ကို အမျက်ဒေါသဖြစ်စေတာပဲ ဖြစ်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *