တောင်ကိုရီးယားနိုင်ငံတွင် တတိယမြောက်လှိုင်းအနေဖြင့် ကူးစက်မှုများဖြစ်ပွားနေသော Coronavirus ကြောင့် အသစ်သေဆုံးမှု ၄၀၊ နေ့စဉ်သေဆုံးသူစုစုပေါင်း ၈၅၉ ဦး အထိရှိခဲ့ပြီး အဓိကအားဖြင့် သူနာပြုများနေထိုင်သောနေအိမ်များနှင့်ဆိုးလ်မြို့တော်ရှိထောင်များတွင် အစပြုခဲ့တယ်လို့ဆိုပါတယ်။
ဗြိတိန်တွင်ရောဂါကူးစက်မှုမြန်ဆန်သည့် ဗိုင်းရပ်စ်အမျိုးအစားကိုရှာဖွေတွေ့ရှိပြီးနောက် တောင်ကိုရီးယားအစိုးရက ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကိုအရှိန်မြှင့်ရန် ဆောင်ရွက် နေပါတယ်။ တနင်္လာနေ့ညသန်းခေါင်အထိ စာရင်းအရ coronavirus ကူးစက်မှုအသစ် ၁၁၀၄ ခုရှိခဲ့ပြီးစုစုပေါင်း ၅၈၇၂၅ အထိရှိခဲ့တယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေး အေဂျင်စီ (KDCA)ကပြောကြားပါတယ်။

ကူးစက်မှုအသစ်များထဲမှ ၁၀၃၀ လောက်ဟာ ပြည်တွင်းမှာပဲ ကူးစက်နေတာဖြစ်ပြီး တစ်ဝက် ကျော်ဟာ ဆိုးလ်မြို့မှာဖြစ်တယ်လို့သိရပါတယ်။ ဝန်ကြီးချုပ် Chung Sye-kyun က ဆိုးလ် အကျဉ်းထောင်မှအစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုနှင့်အတူရောဂါကူးစက်မှုပေါင်း ၇၅၇ ခုရှိသည့်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပါတယ်။
အာဏာပိုင်များကတော့ မြို့တော်နယ်နိမိတ်အတွင်း ဇစ်မြစ်ကိုမသိရတဲ့ case တွေနဲ့ ရောဂါ လက္ခာမပြသောသူများကိုပါ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဆိုးလ်းဒေသရှိ ယာယီစစ်ဆေးရေး စင်တာများမှာ စမ်းသပ်မှုပေါင်း ၅ သိန်းကျော် ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာ ၁၄၀၀ ကျော်ရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြား ခဲ့ပြီး အသံတိတ်ရောဂါပျံနှံ့မှုတွေကို ရှာဖွေထိန်းချုပ်နိုင်ဖို့အတွက် တိုးတက်လာအောင် ဆောင် ရွက် ခဲ့တယ်လို့ပြောကြားသွားပါတယ်။
Reuters သတင်း