မကြာသေးမီက တိုးတက်လာသည့် ကမ္ဘာနှင့် အာကာသ အကြား သွားလာနိုင်မှုများကြောင့် အမေရိကန် စစ်တပ်ဟာ အာ ကာသနှင့် သက် ဆိုင်သည့် စဉ်းစားမှုများကို ပြုလုပ်လာပါတယ်။
အဲဒါကတော့ ကမ္ဘာ့ အပြင်ဘက် အာကာသအတွင်းမှ မည်သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ အတွက်ကိုမဆို ကြိုတင် ပြင် ဆင်မှုများ ပြုလုပ်လာဖို့ ဆန္ဒရှိလာခြင်း ဖြစ်ပါတယ်။
အဲဒီ့အတွက် အမေရိကန် စစ်တပ်ဟာ ဖြစ်နိုင်ချေ ရှိတဲ့ ပြဿနာများအတွက် အဖြေရှာဖွေနိုင်ရန် အာကာသ အဖွဲ့အစည်းများကို ခေါ်ဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ အတွင်း ပင်တဂွန်၏ အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်းများ အေဂျင်စီ (DARPA) မှ ကြေညာခဲ့သည့် General Atomics၊ Blue Origin နှင့် Lockheed Martin ကဲ့သို့သော အာကာသ အေဂျင်စီများဟာ
Demonstration Rocket for Agile Cislunar Operation (DRACO) လို့ခေါ်တဲ့ အာကာသယာဉ်များအတွက် ကမ္ဘာ့ ပထမဆုံး နျူက လီးယား တွန်းကန်စနစ် ကို ဖန်တီးဖို့ ညွှန်ကြားချက်များနှင့် တာဝန်များ ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
Nuclear Thermal Propulsion (NTP) တခု၏ အလုပ်လုပ်ပုံမှာ အခြား ၎င်းနှင့် ဆင်တူသည့် မည်သည့် စနစ်ထက် မဆို ပို မို ထိရောက်တယ်လို့ ဆိုပါတယ်။
ဓာတ်ပေါင်းဖိုဟာ ယူရေနီယမ် လောင်စာများ၏ အက်တမ်များကို ခွဲစေပြီး အပူကို ရရှိစေတာ ဖြစ်ပါတယ်။

သရုပ်ပြပုံ
ထို့နောက် အပူမှတဆင့် ဟိုက်ဒရိုဂျင်ကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲစေပြီး ရော့ကတ်၏ အိပ်ဇော နော်ဇယ်တွင် ဖိအားမြင့် တွန်းကန်မှုကို ရရှိစေကာ ယာဉ်ကို တွန်းကန်အားပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခြား ရော့ကတ်များမှ လေးလံသည့် ရေငွေ့များကို ထုတ်လွှတ်စေပြီး ၎င်းကတော့ အလေးချိန် ပိုမို ပေါ့ပါးသည့် ဟိုက်ဒရို ဂျင် ကို ထုတ်လွှတ်ပေးပြီး မြင့်မားတဲ့ တွန်းကန်အားကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။
တွန်းအားနှင့် အလေးချိန် အချိုးအရ ဒီ တွန်းကန်စနစ်ဟာ လက်ရှိ ရှိနေပြီးသား လျှပ်စစ် တွန်းကန်အားစနစ်များထက် အဆပေါင်းများစွာ မြင့်မားတယ်လို့ Greiner က ပြောပါတယ်။
Greiner မှ စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အယူအဆ ကို သက်သေပြနိုင်ရန် နျူကလီးယား တွန်းကန်စနစ် သုံး ရော့ကတ်ကို ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ ပတ်လမ်းနိမ့်အတွင်း လွှတ်တင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒီစီမံကိန်းကို ပင်တဂွန်မှ တက်တက်ကြွကြွ ထောက်ပံ့ပေးပါက ၂၀၃၀ မှာတောင် အားလုံး ပြီးစီး အောင်မြင်နိုင်ဖွယ် ရှိနေပါတယ်။
ဒီစီမံကိန်းမှ အစပြုပြီး လေယာဉ်တင် သင်္ဘောကြီးများကဲ့သို့ အာကာသ တိုက်လေယာဉ် ဒရုန်း အသေးစားလေးများကို သယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေးယာဉ်တင် အာကာသသွားယာဉ်ကြီးများကိုပါ တည်ဆောက်နိုင်မှာပါ။
အဆိုပါ အာကာသ တိုက်လေယာဉ် ဒရုန်းများဟာ ယနေ့ခေတ် လေယာဉ်တင် သင်္ဘောကြီးများမှ လေယာဉ်များလိုပဲ ရန်သူ့ အာကာသ ယာဉ်များကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလို တိုက်ခိုက်ရေးယာဉ်တင် အာကာသသွား ယာဉ်ကြီးများကို ကာကွယ်ရေး အာကာသ ယာဉ်များနှင့် အကာ အကွယ် ပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 1/10/2021