SpaceX က ဖလော်ရီဒါကနေ ပတ်လမ်းအတွင်းသို့ Starlink ဂြိုလ်တု ၅၃ လုံး လွှတ်တင်လိုက်တဲ့အကြောင်း

News Tech

SpaceX က ၂၀၂၁ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Cape Canaveral ကနေ Starlink ဂြိုလ်တု ၅၃ လုံးကို လွှတ်တင်လိုက်ပြီပဲ ဖြစ်ပါတယ်။

SpaceX က ၎င်းရဲ့နောက်ဆုံးအသုတ် Starlink အင်တာနက်ဂြိုလ်တုများကို လွှတ်တင်ခြင်းဖြစ်ပြီး မေလကတည်းကစတင်ပြီး ဖလော်ရီဒါကနေ ပထမဆုံးအစုအဝေးလိုက် သီးသန့်လွှတ်တင်မှု ဖြစ်ပါတယ်။

ဖလော်ရီဒါရှိ Cape Canaveral Space Force Station ရှိ Space Launch Complex 40 မှ ၂၀၂၁ နိုဝင်ဘာလ ၁၃ ရက် နံနက် ၇:၁၉ တုန်းက Falcon 9 ဒုံးပျံဟာ မြေပြင်မှ ထွက်ခွာသွားခဲ့ပါတယ်။

Group 4-1 ဟု အမည်ပေးထားတဲ့ အဆိုပါ ပျံသန်းမှုမှာဆိုရင် Starlink ဂြိုလ်တု ၅၃ လုံးကို ကမ္ဘာမြေပတ်လမ်းအတွင်းသို့ သယ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ရာသီဥတုဆိုင်ရာ ​နှောက်ယှက်မှုတွေအပြီးမှာတော့ မစ်ရှင်ရဲ့ ဒုတိယမြောက် လွှတ်တင်နိုင်ဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ရက်နေကတော့ လွှတ်တင်တဲ့နေရာတစ်ဝိုက် မြူအနည်းငယ် ရှိနေသော်လည်း ဒါဟာ လွှင့်တင်နိုင်ဖို့ အခြေအနေ တအားအဆိုးကြီး မဟုတ်ပါဘူး။

Falcon 9 ကို အသုံးပြု၍ လွှင့်တင်ခဲ့ပြီးအကြမ်းဖျင်းအားဖြင့် ၁၈၁ ရက်ကြာ လှည့်ပတ်ပြီးနောက် ၎င်းရဲ့ကိုးကြိမ်မြောက် အသုံးပြုမှုဖြစ်ပါတယ်။ ဒါ့ကြောင့် လွှတ်တင်မှုကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပထမအဆင့်ရဲ့အလုပ်တွေကို ၂မိနစ်ခွဲအကြာမှာ ပြီးမြောက်ခဲ့ပြီး ဒုတိယအဆင့်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ပထမအဆင့်က SpaceXရဲ့ ​ဒရုန်းသင်္ဘော “Just Read the Instructions” ပေါ်မှာ အောင်မြင်စွာ ဆင်းသက်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုတိယအဆင့်အနေနှင့် Starlink ဂြိုလ်တု ၅၃ လုံးကို ၎င်းတို့ရဲ့ဦးတည်ရာသို့ လွှတ်တင်ပြီး ၁၆ မိနစ်အကြာတွင် ၎င်းတို့အား ပတ်လမ်းအတွင်း ဆက်လက်ဖြန့်ကျက်ခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

လွှတ်တင်မှုကို အခြား SpaceX ပြန်လည်ထူထောင်ရေးသင်္ဘောဖြစ်တဲ့ “Bob” မှလည်း ပံ့ပိုးကူညီခဲ့ပါတယ်။

လွှတ်တင်ချိန် ပထမမိနစ်အနည်းငယ်အတွင်း အသုံးပြီးတဲ့နောက် အတ္တလန္တိတ်သမုဒ္ဒရာသို့ လေထီးချဆင်းသက်ကာ အဆိုပါ သင်္ဘောရဲ့အလုပ်တာဝန်က ဝန်တင်ကြိုးများဖြင့် ပြန်လည်ဆယ်ယူဖို့ ဖြစ်ပါတယ်။

ဒီပျံသန်းမှုဟာ ယခင်က ပထမအဆင့်ပျံသန်းမှုရဲ့ ၆၉ ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာပဲ SpaceX အတွက် ၂၅ ကြိမ်အထိ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Group 4-1 ဟာ ၃၁ ခုမြောက် လည်ပတ်နေတဲ့ Starlink မစ်ရှင်ဖြစ်ပြီး ယနေ့ လွှတ်တင်ပြီးတဲ့နောက် သေးငယ်တဲ့ အင်တာနက် ဂြိုဟ်တု အစုအဝေးကြီးအတွက် အင်တာနက်ဂြိုလ်တု စုစုပေါင်း ၁၈၄၄ သို့ လွှင့်တင်ပြီး ၁၆၉၉ လုံး ကမ္ဘာပတ်လမ်းကြောင်းမှာ အလုပ်လုပ်နေပြီပဲ ဖြစ်ပါတယ်။

Starlink ဟာ SpaceX ရဲ့ အင်တာနက် ဂြိုဟ်တု အစုအဝေးကြီးပဲ ဖြစ်ပါတယ်။

ဒီဂြိုဟ်တု အစုအဝေးကြီး ပြီးသွားတာနဲ့ ဒါဟာ ကုမ္ပဏီရဲ့အနာဂတ်တွေဖြစ်တဲ့ အင်္ဂါဂြိုဟ် နဲ့ပတ်သတ်တဲ့ ရည်မှန်းချက်များအပါအဝင် Starship ပရိုဂရမ်တွေကို ငွေကြေးထောက်ပံ့နိုင်ဖို့ အမြတ်ငွေများရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

SpaceX ဟာ မြေပြင်အခြေစိုက် ဝန်ဆောင်မှုပေးသူများ ကုန်ကျစရိတ်နဲ့ ထိရောက်မှုမရှိတဲ့ နေရာတွေကို အလျင်အမြန်နဲ့ စောင့်ဆိုင်းချိန်နည်းတဲ့ အင်တာနက်ဝန်ဆောင်မှု ပေးပို့နိုင်ဖို့ ရည်ရွယ်တယ် ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *