အင်္ဂါဂြိုဟ် မစ်ရှင်များ အတွက် SpaceX ၏ ပြိုင်ဘက် အသစ် Sierra Space

News Tech

ဖက်ဒရယ်အစိုးရဟာ NASA ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး လပေါ်သို့ လူသားများ ဆင်းသက်မည့် စနစ် (HLS) ကို ဒီဇိုင်းဆွဲကာ အသုံးချဖို့ SpaceX ရဲ့ ကမ်းလှမ်းမှုကို ရွေးချယ်လိုက်တဲ့အတွက်ကြောင့် Elon Musk နှင့် သူရဲ့ကုမ္ပဏီဟာ လကမ္ဘာနဲ့ အာကာသ မစ်ရှင်များအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ နှင့် ရှယ်ယာများကို ရရှိထားပါတယ်။

သို့ပေမယ့်လည်း လာမယ့် ဆယ်စုနှစ်အတွင်းမှာတော့ ဒီကဏ္ဍအတွက် အပြိုင်အဆိုင်တွေကတော့ တန်းစီနေပါတယ်။

Musk အေဂျင်စီနဲ့ ​စာချုပ် ချုပ်ဆိုမှုနှင့် ပတ်သက်ပြီး NASA ကို တရားစွဲမှု ဆုံးရှုံးခဲ့တဲ့ Jeff Bezos ရဲ့ Blue Origin အပြင် အခြားသော အာကာသ ကုမ္ပဏီများကလည်း အဆိုပါ ကိစ္စကို မျက်စိကျနေကြပါတယ်။

Sierra Space ဟုခေါ်တဲ့ ကုမ္ပဏီဟာဆိုရင် ဒေါ်လာ ၁.၄ ဘီလီယံကို အင်္ဂါဂြိုဟ် ပေါ်သို့ ဆင်းသက်ဖို့ ရည်ရွယ်ချက်ဖြင့် လူ သားများ အတွက် သူရဲ့ Dream Catcher အာကာသယာဉ်ကို ပြုပြင်မွမ်းမံခဲ့ပါတယ်။

“သူတို့ရဲ့ရည်ရွယ်ချက်က ကမ္ဘာမြေပြင်က ရှင်သန်နေတဲ့ လူ့ယဉ်ကျေးမှုတွေကို တည်ဆောက်ပြီး ရေရှည်တည်တံ့ဖို့ လူသားတွေကို ကူညီပေးဖို့ ဖြစ်တယ်” ဟု Sierra Space ရဲ့အမှုဆောင်အရာရှိ Tom Vice က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Dream Chaser အာကာသယာဉ် Photo: Courtesy of Sierra Nevada Corporation

Sierra Space ဟာ လူသားများ အတွက် သူ့ရဲ့ Dream Chaser အာကာသယာဥ်ကို ပြုပြင်တီထွင်နေတဲ့အကြောင်း

Sierra Space ကုမ္ပဏီဟာ ဒေါ်လာ ၁.၄ ဘီလီယမ်ကို “Dream Chaser” အာကာသယာဉ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့အတွက် အသုံးပြုမည်ဟု ထုတ်ပြန်ချက်အရ သိရပါတယ်။ Dream Chaser ကိုနည်းလမ်းသုံးမျိုးဖြင့် သုံးစွဲနိုင်မည်ဟု သိရပါတယ်။

အာကာသ ကုန်စည်ပို့ဆောင်ခြင်းတွေ ၊ အမှုထမ်းနေရာ လိုအပ်ချက်တွေ၊ နောက်ဆုံး နိုင်ငံ လုံခြုံရေးအတွက်ပါ ရည်ရွယ်တယ် ဟုဆိုပါတယ်။

၎င်းဟာ NASA စာချုပ်ကြောင့် 2022 ခုနှစ်နှောင်းပိုင်း နှစ်ဝက်လောက်မှစတင်ကာ နိုင်ငံတကာအာကာသစခန်းသို့ ကုန်စည်ပြန်လည်ပို့ဆောင်ရေးခရီးစဉ်များ ပံ့ပိုးပေးဖို့အတွက် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ရောက်ရှိခဲ့ပါတယ်။

Dream Chaser ဟာဆိုရင် Orbital Reef ဟုခေါ်တဲ့ လာမည့် စီးပွားဖြစ် အာကာသ စခန်း အသစ်ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်း ဖြစ်လာမှာ သေချာပါတယ်။

Orbital Reef ဟာ Sierra Space နှင့် Blue Origin အကြား ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ဟာ မျိုးဆက်သစ်အာကာသသယ်ယူပို့ဆောင်ရေးစနစ်များ နှင့် အာကာသအတွင်း အခြေခံအဆောက်အဦများကို ရေရှည်တည်တံ့အောင် တည်ဆောက်လျက်ရှိပါတယ်” ဟု Sierra Space ရဲ့အမှုဆောင်အရာရှိ Tom Viceက သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Photo: Courtesy of Sierra Nevada Corporation

SpaceX ရဲ့ Starship ဟာ ၂၀၂၂ အတွင်း ကမ္ဘာပတ်လမ်းကြောင်းသို့ ပျံသန်းဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

Blue Origin နှင့် ပူးပေါင်းပြီး Orbital Reef ဟာဆိုရင် Elon Musk ရဲ့ SpaceX အတွက် ပြိုင်ဆိုင်မှု ဗဟိုတစ်ခု အဖြစ် အာ ကာသအတွင်း စီးပွားရေးရဲ့ အဓိကအချက်အချာဖြစ်လာစေဖို့ လုံလောက်တဲ့ ပတ်လမ်းလမ်းကြောင်းကို ဆွဲတင်နိုင်မှာပဲ ဖြစ်ပါတယ်။

Sierra Space၊ Blue Origin နှင့် အခြား ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီများစွာတို့မှ ပရောဂျက်များကလည်း SpaceX နှင့် ယှဉ်နိုင်တဲ့အတွက်ကြောင့် Musk အနေနဲ့ အလွန်စိုးရိမ်ဖို့ လိုအပ်နေတာကို သံသယ ဖြစ်စရာတောင် မလိုပါဘူး။

Blue Origin ရဲ့ တရားစွဲဆိုမှုကို အနိုင် ရရှိပြီးနောက် NASA ဟာ SpaceX နှင့် ဆွေးနွေးမှုများ ပြန်လည်စ တင်ခဲ့ပြီး Musk ရဲ့ ကုမ္ပဏီဟာ ၎င်းရဲ့ ထိပ်တန်း ဒုံးပျံဖြစ်တဲ့ Starship ရှေ့ပြေးပုံစံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ပြန်လည် စတင် ခဲ့ပါတယ်။

ဒါ့ထက် ပိုစိတ်လှုပ်ရှားစရာကောင်းတာက SpaceX ဟာ Starship ရဲ့ ပထမဆုံး ပတ်လမ်းပျံသန်းမှုကို ၂၀၂၂ ခုနှစ် အတွင်းမှာ လုပ်ဆောင်ဖို့ စီစဉ်​နေကြောင်း Business Insider ရဲ့ ကနဦး အစီရင်ခံစာအရ သိရပါတယ်။

Photo: Courtesy of Sierra Nevada Corporation

Starship မှာဆိုရင် Super Heavy နှင့် Starship ဆိုပြီး အဆင့်နှစ်ဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။

Super Heavy က ၃၃ စီးရှိသော်လည်း Raptor အင်ဂျင်နှစ်ခုစလုံးကို အသုံးပြုထားပြီး အာကာသယာဉ်ကတော့ ခြောက်စီးသာ ရှိပါတယ်။

အဓိက အောင်မြင်မှုက Musk ရဲ့ ဒုံးပျံအဆင့် နှစ်ခုလုံးကို ပြန်လည်အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

ထို့အပြင် လွှတ်တင်မှုစနစ်ဟာ လူသားများကို လ​ပေါ်သို့ ပို့နိုင်ရုံမည် သာမက (မကြာသေးမီက ၂၀၂၅အထိ ရွှေ့ဆိုင်းထားကြောင်း) အင်္ဂါဂြိုလ်နှင့် တခြား အာကာသတွင်းရှိ နေရာတွေသို့ပါ ပို့ဆောင်နိုင်ဖို့ မျှော်လင့်ရတယ်ဟု ဆိုပါတယ်။

သို့သော်လည်း ဆယ်စုနှစ်မကုန်မီမှာ Sierra Space၊ Blue Origin နှင့် အခြားပုဂ္ဂလိက အာကာသ ကုမ္ပဏီ အချို့ကလည်း Muskရဲ့ Starship အနောက်ကနေပြီး “ကျွန်ုပ်တို့ သင့်နောက်မှာ ရှိနေပါတယ်”ဟု ပြောနေမှာ အသေချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 24/11/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *