မိုဘိုင်းဖြစ်စေ၊ ကွန်ပျူတာဖြစ်စေ၊ console ဖြစ်စေ အွန်လိုင်းဂိမ်းများ ဆော့ကစားပါက Latency လို့ခေါ်တဲ့ ping ငြိမ်ဖို့ အရေးကြီးပါတယ်။
ping များပါက ဂိမ်းထဲတွင် “lag” နေတတ်ပြီး မိမိ ပေးလိုသည့် command များဟာ နောက်ကျနေတတ်သလို တုံ့ပြန်မှုဟာလည်း နောက် ကျနေတတ်ပါတယ်။
SpaceX ဟာ အာကာသအတွင်းသို့ Starlink လို့ခေါ်တဲ့ သေးငယ်သော ဂြိုဟ်တု အများ အပြား လွှတ်တင်ပြီး တကမ္ဘာလုံးကို အင်တာနက်ပေးနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
SpaceX တည်ထောင်သူ အီလွန်မက်စ်ခ် မှ Starlink အင်ဂျင်နီယာများနှင့် SpaceX အင်ဂျင်နီယာများ ပူးပေါင်ထားတဲ့ အဖွဲ့ဟာ ဂိမ်မာတွေအတွက် 20 ms ping ထက်နည်းတဲ့ အင်တာနက် ရရှိအောင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းက သင်ဟာ အင်တာနက်နဲ့ ပတ်သက်လို့ ဘာလုပ်ရမှန်းမသိဘဲ ပြသနာတက်နေပြီဆိုရင် ဒီသတင်းဟာ သင့်အတွက် ဂီတတပုဒ်လို ဖြစ်စေမှာပါလို့ ဆိုပါတယ်။
မက်စ်ခ်မှ အင်တာနက် latency တွေကောင်းဖို့ ဆောင်ရွက်နေတာ အလုပ်ဖြစ်ကြောင်းနှင့် မကြာမီအချိန်အတွင်းမှာ 20ms အောက်ကို ရောက်လာတော့မှာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။
တကယ်လို့သာ ဒီလို ping မျိုးရရှိပါက Starlink အင်တာနက်ကို အသုံးပြုပြီး competitive ဂိမ်းများဖြစ်တဲ့ First Person Shooting ဂိမ်းများကို ကစားနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ SpaceX မှ နောက်ထပ် ဂြိုဟ်တုတွေ အများအပြား ကမ္ဘာ့ ပတ်လမ်းထဲကို ထပ်မံ လွှတ်တင်နေလို့ လည်း ဖြစ်ပါတယ်။
အလင်း၏ အလျှင်ဟာ မီလီစက္ကန့် တစက္ကန့်လျှင် ၃၀၀ ကီလိုမီတာလောက် သွားနိုင်ပါတယ်။

Starlink ဂြိုဟ်တုများဟာ ကမ္ဘာနှင့် ၅၅၀ ကီလိုမီတာ အကွာမှာရှိတဲ့အတွက် ကမ္ဘာနှင့် ဂြိုဟ်တုကြား ကြာချိန်ဟာ ၁၀ မီလီစက္ကန့်အောက်သာ ရှိတဲ့အတွက် ၂၀ မီလီစက္ကန့်လောက်ရှိတဲ့ Latency ရှိဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ဘူး။
ဒါ့ကြောင့် အနာဂါတ်တွင် အီလွန်မက်စ်ခ် ၏ SpaceX ကုမ္ပဏီမှ လွှတ်တင်ထားတဲ့ Starlink ဂြိုဟ်တု အင်တာနက်များကို တကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြု သွားနိုင်ဖွယ်ရှိကာ လုပ်ငန်းသုံးမှ အစ Esport ဂိမ်းများအဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ Esport ဂိမ်းများတွင် Server မတူသည့်အခါ latency ကွာဟမှု ကြီးမားတဲ့ဖြစ်စဉ်ကြောင့် နိုင်ငံတကာ Esport ပွဲများတွင် မကြာခဏ ပွဲစဉ်များ ရပ်ဆိုင်းရဖူးသည့် ပြသနာကိုလည်း နောင်တွင် SpaceX မှ ဖြေရှင်းသွားနိုင်ဖွယ်ရှိပါတယ်။
လက်ရှိ Starlink အင်တာနက်၏ Latency မှာ 30 ms မှ 50 ms အတွင်းမှာရှိနေပြီး DSL နှင့် ကေဘယ် အင်တာနက်လိုင်း လောက်တော့ ရှိပါတယ်။
အင်တာနက် အမြန်နှုန်းဟာလည်း upload speed ကို 20Mbps နှင့် download speed ကို 100Mbps အထိ ရရှိနိုင်ပါတယ်။
Knowledgeworms Copyright © 2021