ရုရှား၏ အီလက်ထရွန်းနစ် တိုက်ခိုက်မှုကို အံ့အားသင့်ဖွယ် တန်ပြန်နိုင်သည့် Elon Musk ၏ Starlink

News Tech

Elon Musk ၏ SpaceX မှ အင်တာနက် ဝန်ဆောင်မှုအတွက် Starlink ဂြိုဟ်တုတွေ လွှတ်တင်နေတာ ယခုဆိုရင် ကမ္ဘာ့ပတ်လမ်းထဲမှာ ဂြိုဟ်တုပေါင်း ၂ ထောင်ကျော်လောက် အထိ ရှိနေပြီ ဖြစ်ပါတယ်။

အဆိုပါ ဂြိုဟ်တုများဟာ Elon Musk ၏ တကမ္ဘာလုံးအား အင်တာနက် ဝန်ဆောင်မှု ပေးဖို့ ကြီးမားတဲ့ ရည်ရွယ်ချက်ကနေ ဖြစ်ပေါ်လာတာပါ။

Musk ဟာ ယူကရိန်း-ရုရှား အရေးတွင် ယူကရိန်းနိုင်ငံသားများ အတွက် အင်တာနက် ပြတ်တောက်မှု မရှိစေရန် အဆိုပါ Starlink ဂြိုဟ်တု စနစ်သုံး အင်တာနက်ဝန်ဆောင်မှုကို ထောက်ပံ့ပေးနေတာပါ။

ယူကရိန်း၏ ဒုဝန်ကြီးချုပ်ဖြစ်တဲ့ Mykhailo Fedorov ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း SpacX ကို အကူအညီများ တရားဝင် တောင်းခံပြီးနောက် Musk ဟာ Starlink အင်တာနက်များကို အသုံးပြုနိုင်သည့် စက်များကို ပေးပို့ပေးခဲ့ပါတယ်။

ဒီလို ယူကရိန်းကို အထောက်အပံ့များ ပေးသည့်အတွက် ရုရှားတို့ကတော့ လက်ပိုက် ကြည့်နေခဲ့တာ မဟုတ်ပါဘူး။

၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ Musk ဟာ ၎င်း၏ Starlink ဂြိုဟ်တုများမှ အီလက်ထရွန်းနစ် လှိုင်းဖိဖျက် တိုက် ခိုက်မှုများနှင့် ဟက်ကာများ၏ တိုက်ခိုက်မှုများ အားလုံးကို တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Musk ၏ ပြောဆိုမှုအပြီး အီလက်ထရွန်းနစ် စစ်ပွဲဆိုင်ရာ ညွှန်ကြားရေးမှူးတယောက် ဖြစ်တဲ့ Dave Tremper က ရုရှားဟာ Starlink စနစ်၏ ပရိုဂရမ်အတွင်းမှ ကုဒ်တကြောင်းကို ပြင်ဆင်ခဲ့ပြီး ကုမ္ပဏီမှ ချက်ချင်းသိကာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Dave Tremper မှ Starlink ၏ တန်ပြန်လုပ်ဆောင်နိုင်မှု စနစ်ဟာ အလွန် ကောင်းမွန်ကြောင်း ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ကြီးမားတဲ့ ပရိုဂရမ်တခုမှာ အခုလို တိုက်ခိုက်မှုကြောင့် ပြဿနာဖြစ်သည့် ကုဒ်များကို ရှာဖွေဖို့ရာအတွက် အချိန် အတော်လေး လိုအပ်ပါတယ်။

ဒါပေမယ့် Starlink ဟာ အဆိုပါ ပြဿနာကို မြန်မြန်ဆန်ဆန်ပဲ သိရှိပြီး ဖြေရှင်းနိုင်တာဟာ ၎င်း၏ စနစ်အပေါ် အလွန် လုံ ခြုံအောင် ကာကွယ်ထားတယ် ဆိုတာ ပြသနေပါတယ်။

ယခုလို မြန်ဆန်စွာ လုပ်ဆောင်နိုင်တဲ့ အစွမ်းဟာ အမေရိကန် စစ်တပ်မှာတောင် မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ယခုလို Starlink ၏ စွမ်းဆောင်နိုင်မှုဟာ အတော်လေးကို မြန်ဆန်သည့် အတွက် C4ISRNET အစည်းအဝေး အတွင်းမှာလည်း အမေရိကန် စစ်ဘက်မှလည်း အတော်လေး ချီးမွှမ်းခဲ့ပါတယ်။

အမေရိကန် လေတပ်၏ လျှပ်စစ်သံလိုက်လှိုင်း အကဲသာရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် Tad Clark မှ အစည်းအဝေးအတွင်းမှာ

အီလက်ထရွန်းနစ်စစ်ပွဲ အတွက် ဒီလို မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ စနစ်သစ်တွေ အမေရိကန်အနေဖြင့် တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ယခုလို Starlink ၏ စွမ်းဆောင်နိုင်မှုဟာ အတော်လေးကို မြန်ဆန်သည့်အတွက် C4ISRNET အစည်းအဝေး အတွင်းမှာလည်း အမေရိကန် စစ်ဘက်မှလည်း အတော်လေး ချီးမွှမ်းခဲ့ပါတယ်။

အမေရိကန် လေတပ်၏ လျှပ်စစ်သံလိုက်လှိုင်း အကဲသာရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် Tad Clark မှ အစည်းအဝေးအတွင်းမှာ

အီလက်ထရွန်းနစ်စစ်ပွဲ အတွက် ဒီလို မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ စနစ်သစ်တွေ အမေရိကန် စစ်တပ် အနေဖြင့် တည် ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Musk ၏ အင်တာနက် ဖမ်းစက်များ ထောက်ပံ့မှု အရေအတွက်ကို ယူကရိန်း ဒုဝန်ကြီးချုပ်က အတိအကျ မပြောပေမယ့် ခန့်မှန်းချေ ၅ ထောင်လောက်တော့ ရောက်ရှိနေပြီလို့ Insider သတင်းဌာန အဆိုအရ သိရပါတယ်။

ကျွမ်းကျင်သူများကတော့ Starlink အင်တာနက် ဖမ်းစက်များကို အသုံးပြုခြင်းဟာ ၎င်း၏ ဂြိုဟ်တု စလောင်း နှင့် နောက် ယောင်ခံနိုင်တဲ့ ရေဒီယို အချက်ပြလှိုင်းများကြောင့် သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *