Starlink ဟာ ရုရှား နှင့် တရုတ်၏ တိုက်ခိုက်နိုင်မှုထက် ပိုတဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်တယ်လို့ Elon Musk ကပြော

News Tech

Starlink ဟာ ၎င်း၏ ဂြိုဟ်တုများကို ဖျက်ဆီးခံရနိုင်တဲ့ အတိုင်းအတာထက် ပိုမိုပြီး လျှင်မြန်စွာ ဂြိုဟ်တုအသစ်တွေ လွှတ်တင်နိုင်တယ်လို့ ဆိုပါတယ်။

SpaceX ၏ CEO ဖြစ်တဲ့ CEO ဟာ Starlink ကုမ္ပဏီရဲ့ ဂြိုဟ်တုများဟာ ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများရန်ကို မှုစရာမလိုဘူးလို့ ယုံကြည်ထားပါတယ်။

ဒီအကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့သည့် Business Insider နှင့် အင်တာဗျူးမှာလည်း‌ ပြောခဲ့ပါသေးတယ်။

Business Insider မီဒီယာ၏ ကုမ္ပဏီ Axel Springer ရဲ့ CEO ဖြစ်သူ Mathias Döpfner နှင့် Elon Musk ဟာ ကယ်လီဖိုးနီးယားပြည်နယ် Fremont ရှိ Tesla ကားထုတ်လုပ်ရေးစက်ရုံတွင် တွေ့ဆုံ စကားပြောခဲ့ကြတာပါ။

၎င်းတို့ဟာ အာကာသခရီးသွားလုပ်ငန်းများ အကြောင်း၊ အနာဂါတ် လူသားများ အနေအထားအပြင် လက်ရှိဖြစ်နေသည့် ယူကရိန်း အရေး ကိစ္စများကိုပါ‌ ဆွေးနွေးခဲ့ကြတာပါ။

Musk ဟာ ယူကရိန်းနိုင်ငံအတွက် အကူအညီအဖြစ် ၎င်း၏ Starlink အင်တာနက်စနစ်ကို ကူညီထောက်ပံ့ ပေးထားပါတယ်။

ယူကရိန်း၏ ဂြိုဟ်တု အင်တာနက် လိုအပ်မှု

Musk ဟာ ယူကရိန်းတွင် ဂြိုဟ်တု အင်တာနက်များ လိုအပ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ယူကရိန်းမှ တရားဝင်တောင်းဆိုမှု မပြုလုပ်မီကပင် ကြိုတင် ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း အင်တာနက် စနစ်များကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့လာရပြီး ဆဲလ်ဖုန်းတာဝါများ ပျက်စီးလာသည့် အ တွက် ဂြိုဟ်တု အင်တာနက်ဟာ တခုထဲသော အသုံးပြုနိုင်သည့် ချိတ်ဆက်မှု တခု ဖြစ်လာသည့်အခါ SpaceX မှ အလျှင်အမြန် လုပ်ဆောင်ပေးခဲ့ပါတယ်။

Starlink အင်တာနက်များဟာ ယူကရိန်းရှိ လူများအတွက် ကမ္ဘာကြီး နှင့် အဆက်အသွယ် မပြတ်စေရန် ကူညီပေးနေသည့်အပြင် အခြား အရေးပါသည့် အရာတခုကိုလည်း ကူညီပေးနေပါတယ်။

အဲဒါကတော့ ထိပ်တန်းယူကရိန်း ဒရုန်းတပ်ဖွဲ့အား ညအချိန်တွင် ရုရှား၏ တင့်ကားများနှင့် ထရပ်ကားများကို တိုက်ခိုက်နိုင်ရန် ကူညီပေးတာပါ။

ဒါ့ကြောင့် Starlink အင်တာနက် ဝန်ဆောင်မှုဟာလည်း ရုရှားတပ်ဖွဲ့များ၏ အဓိက ပစ်မှတ်တခု ဖြစ်လာပါတယ်။

လွယ်ကူသော အရာတော့မဟုတ်

ရုရှားဟာ ၎င်း၏ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ် တခုဖြစ်သည့် PL-19 Nudol ကို အသုံးပြုပြီး ကိုယ်ပိုင်ဂြိုဟ်တုဟောင်း တလုံးကို ဖျက်ဆီးခဲ့ဖူးတယ်လို့ Musk ကထောက်ပြပါတယ်။

အဲဒီ့အကျိုးဆက်ကြောင့် အာကာသအတွင်း အပိုင်းအစများ ပြန့်ကျဲစေကာ နိုင်ငံတကာ အာကာသစခန်း အတွက်ကိုပါ ခြိမ်း ခြောက်မှုတခု ဖြစ်စေခဲ့ပါတယ်။

သို့ပေမဲ့ Musk ဟာ အဆိုပါစနစ်ဖြင့် ၎င်း၏ ဂြိုဟ်တုများကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်ဖွယ် မရှိကြောင်းကိုလည်း ယုံကြည်ထားပါတယ်။

အကြောင်းကတော့ Starlink တွင် လက်ရှိ ဂြိုဟ်တုပေါင်း ၂ ထောင်ကျော်ရှိတဲ့အတွက် အားလုံးကို တိုက်ခိုက်ဖို့ဆိုတာ ဒုံး ကျည်ပေါင်း ၂ ထောင်လောက် လိုအပ်လို့ပါ။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Musk အနေဖြင့် SpaceX ဟာ ရန်သူရဲ့ ဖျက်ဆီးနိုင်တဲ့ အနေအထားထက် ၎င်းရဲ့ ဂြိုဟ်တုအသစ်များကို လျှင်လျှင်မြန်မြန် တည်ဆောက်ပြီး လွှတ်တင်နိုင်မယ်လို့ ယုံကြည်ထားတာပါ။

လက်ရှိ SpaceX ရဲ့ ကုန်ကျစရိတ် သက်သာပြီး အစုလိုက် အပြုံလိုက် ဂြိုဟ်တုများကို လွှတ်တင်နိုင်တဲ့ အစွမ်းကြောင့် ဒါဟာဖြစ်နိုင်ပါတယ်။

ဒါ့ပေမဲ့ ဒါဟာ ဘယ်တော့မှ အစမ်းသပ်မခံရရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.