၎င်းသည် ရေဂါလံ ၆၀၀ နဲ့ ကျောက်မီးသွေး ၃ တန်အထိ သယ်ဆောင်ပါတယ်။
နည်းပညာဟာ အရှိန်အဟုန်နဲ့ ရှေ့သို့ အရှိန်မြှင့်လာသည်နှင့် အမျှ တစ်ခါတစ်ရံ ရာစုနှစ် တစ်ခု ကျော်လောက် ပျောက်ကွယ် သွားပြီးတဲ့ အတိတ်က တီထွင်မှုအချို့ကို ပြန်လည် ဖန်တီးဖို့ အမှတ်ရခြင်းဟာ ကောင်းပါတယ်။
အဲဒါဟာ 150HP Case လို့လည်းခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ရေနွေးငွေ့ စွမ်းအင်သုံး အင်ဂျင်ကို Kory Anderson က သူ့ရဲ့အဖွဲ့မှာ ပြန်လည်အသက်သွင်းဖို့ လုပ်ခဲ့တဲ့ အရာပဲဖြစ်ပါတယ်။
ဒီဧရာမ ရေနွေးငွေ့ ထွန်စက်ကို ၁၉၀၅ တွင် Wisconsin ပြည်နယ် Racine ရှိ JI Case Company မှ ပထမဆုံး တည်ဆောက်ခဲ့ပါတယ်။

၎င်းသည် ရထားလမ်း ဆက်သွယ်မှုများ အကြား ရှည်လျားတဲ့ အကွာအဝေးတွေပေါ်မှာ ကြီးမားလေးလံတဲ့ ဝန်တွေကို ဆွဲထုတ်ရန် လေးလံသော ကုန်တင်ယာဥ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ထုတ်လုပ်ပြီး နှစ်နှစ်အတွင်း 150HP Case လမ်းတွဲစက်ခေါင်း ၉ ခုသာ တည်ဆောက်ခဲ့ပါတယ်။
အဲ့ဒီ့အချိန်မှာ သတ္တု ထုတ်လုပ်ခြင်း မရှိတာကြောင့် ၎င်းတို့အား ထုတ်လုပ်ခြင်းကို ရပ်လိုက်ပြီးနောက် သူတို့ရဲ့ အစိတ်အပိုင်းတွေကို အပိုင်း အစတွေ အဖြစ် ရောင်းချခဲ့ပါတယ်။
ကျန်ရှိသော အစိတ်အပိုင်းမှာ ဘွိုင်လာတစ်လုံးသာ ဖြစ်ပါတယ်။
ရေနွေးငွေ့စက်များအနီးတွင် ကြီးပြင်းလာတဲ့ Anderson ဟာ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က သူ့လက်ထဲကို ကိစ္စတွေ လွှဲယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

သူနဲ့ သူ့အဖွဲ့ဟာ 150HP Case ရေနွေးငွေ့အင်ဂျင်ရဲ့ အသေးစိတ်အချက်တွေကို စုဆောင်းကူးယူဖို့ မော်ကွန်းတိုက်များသို့ သွားခဲ့ပြီး ရေနွေး ငွေ့ထွန်စက်ရဲ့ အစိတ်အပိုင်း အားလုံးကို တီထွင် ခဲ့တာကြောင့် မူလ 150HP Cases ၉ လုံး တည်ဆောက်ထားတဲ့ နည်းလမ်း အတိအကျအတိုင်း ပြန်ထုတ်နိုင်ခဲ့ပါတယ်။
အင်ဂျင်တစ်ခုတည်းကို ၁၆ လကြာ တည်ဆောက်ခဲ့ပြီး နောက်ဘီး တစ်ခုစီတွင် သံမှို ၆၄၀ လိုအပ်ပြီး အလေးချိန်ပေါင် ၆၂၀၀ (၂၈၁၂ ကီလို ဂရမ်) ကျော်ရှိပါတယ်။
အဆုံးသတ် ရလဒ်ကတော့ အံ့မခန်းပဲ ဖြစ်ပါတယ်။
150 Case RL ဟာ အလေးချိန် ၃၇ တန်နှင့် အရှည် ၂၅ ပေ (၇.၆ မီတာ)၊ အကျယ် ၁၄ ပေ (၄.၂ မီတာ)၊ အမြင့် ၁၂ ပေ (၃.၆ မီတာ) ရှိပါတယ်။
အင်ဂျင်ဟာ ၁၈၀ psi ရေနွေးငွေ့ လည်ပတ်မှုဖိအား ထားရှိရန် သစ်သားနဲ့ ကျောက်မီးသွေး နှစ်ခုလုံးကို လောင်ကျွမ်းစေပါတယ်။

လောင်စာသိုလှောင်ခန်းဟာ ကျောက်မီးသွေး ၃ တန်ဆံ့ပြီး ရေစည်ဟာ ရေဂါလန် ၆၀၀ (၂,၂၇၁ လီတာ) သိုလှောင်နိုင်တယ်လို့ အဖွဲ့က ပြောပါတယ်။
ဂီယာအနိမ့်တွင် တစ်နာရီလျှင် ၂.၆၄ မိုင် (၄.၂ ကီလိုမီတာ) နှုန်းဖြင့် ရွေ့လျားနိုင်ပြီး ဂီယာမြင့်လျှင် တစ်နာရီလျှင် ၅.၆၉ မိုင် (၉.၁ ကီလိုမီတာ) အထိ ရောက်နိုင်ပါတယ်။
ပုံစံတူ 150HP Case ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် South Dakota ၌ ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။
ပွဲဦးထွက်တွင် John Deere ထွန်စက်ကို အောက်ခြေ ထယ် ၂၄ ခု တပ်ဆင်ခဲ့ပြီး ရေနွေးငွေ့ အင်ဂျင်ဟာ အမှားအယွင်း မရှိဘဲ အေးအေး ဆေးဆေး ဆွဲပြ နိုင်ခဲ့ပါတယ်။
အဖွဲ့က တစ်နေ့နေ့မှာ ထယ် ၅၀ ဆွဲတဲ့ အင်ဂျင်ကို ပြသ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။