တခုခုကို ခံစားနေရတဲ့ အချိန်မှာ ဆေးသောက်ပြီး ချက်ချင်း အစွမ်း မပြလို့ စိတ်မရှည်တဲ့ အခြေအနေမျိုးတွေ မကြာခဏ ကြုံရတတ်ပါတယ်။
အကိုက်အခဲပျောက်သည့် ဆေးလုံးမျိုးကို သောက်ပြီးသည့်နောက် လူတော်တော်များများဟာ ချက်ချင်း အလုပ်လုပ်စေချင်ကြပါတယ်။
မကြာသေးခင်က လေ့လာမှု တခုအရ ညာဘက်ခြမ်းကို စောင်းပြီး လဲလျောင်းနေပါက ထိုဆန္ဒကို အကူအညီ ဖြစ်စေတယ်လို့ သိရပါတယ်။
များသောအားဖြင့် ဆေးလုံးကို မျိုချပြီး တိုင်အောင် အစာအိမ်နှင့် အူမှတဆင့် ပါဝင်ပစ္စည်းများကို ထုတ်မလာသေးသည့် အ တွက် အချိန်တော်တော် ကြာသည့်တိုင်အောင် စောင့်ဆိုင်းရတတ်ပါတယ်။
အစာအိမ်၏ ထိပ်ပိုင်းနှင့် အူလမ်းကြောင်းကို ချိတ်ဆက်ပေးသော pylorus သည် အစာအိမ်ရဲ့ အောက်ခြေတွင် တည်ရှိတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆေးဟာ အစာအိမ် အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ရောက်လာလေလေ အရည်ပျော်ပြီး ပါဝင် ပစ္စည်းများကို ထုတ်နိုင်လာလေလေ ဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ်မှ ပါမောက္ခ Rajat Mittal ဦးဆောင်သည့် အဖွဲ့ဟာ အချိန်တိုအတွင်း အစွမ်းပြနိုင်ဖို့ ခန္ဓာ ကိုယ် အနေအထား လိုအပ်မှုကို လေ့လာခဲ့ပါတယ်။

ဆေးတလုံး
ထိုသို့ လုပ်ဆောင်နိုင်ဖို့ ၎င်းတို့ အဖွဲ့ဟာ StomachSim လို့ခေါ်တဲ့ လူ့အစာအိမ်ပုံစံ ကွန်ပျူတာမော်ဒယ် တခုကို ဖန်တီးပြီး စောင့်ကြည့်ခဲ့တာပါ။
StomachSim မှ အစာအိမ်ကို အတူယူပြီး အစားအစာများနှင့် ဆေးဝါးများ မည်သို့ အစာခြေတယ် ဆိုတာကို သရုပ်ပြနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ များသောအားဖြင့် ကိုယ်ဟန်အနေအထား မတ်မတ်နေခြင်းဟာ အကောင်းဆုံး ပုံစံ ဖြစ်မယ်လို့ ထင်ထားကြတာပါ။
ဒါပေမယ့် အစာအိမ်၏ အချိုးအစား မညီသည့် ပုံစံကြောင့် ညာဘက်ခြမ်းသို့ စောင်းပြီး လဲလျောင်းခြင်းဟာ သာမန်ထက် ၂.၃ ဆ ပိုပြီး ပျော်ဝင်ဖို့ မြန်ဆန်တာကို တွေ့ရှိခဲ့ပါတယ်။
တနည်းဆိုရမယ်ဆိုရင် မတ်တပ်ရပ်နေခြင်းဖြင့် အရည်ပျော်ဖို့ ၂၃ မိနစ်လောက် ကြာမြင့်တတ်ပါက ညာဘက်စောင်းပြီး လဲလျောင်းတာဟာ ၁၀ မိနစ်လောက်နှင့် ပျော်ဝင်စေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
နောက်ထက် တွေ့ရှိမှု ကတော့ ဘယ်ဘက်ခြမ်းကို စောင်းပြီး လဲလျောင်းခြင်းဟာ အဆိုးဆုံးရွေးချယ်မှု ဖြစ်ပြီး မိနစ် ၁၀၀ ကျော်လောက်တောင် ကြာမြင့်ပါတယ်။

မသောက်သုံးခင်
ဒါဟာ ၂၃ မိနစ်တာ အချိန်ကို နမူနာယူပြီး တွက်ချက်ထားတာ ဖြစ်လို့ သောက်သုံးသည့် အရာ၏ ပျော်ဝင်နိုင်နှုန်း အပေါ်မူတည်ပြီး အချိန်ဟာ ကွဲပြားနိုင်ပါတယ်။
Mittal ကတော့ အမျိုးအစားအလိုက် ပျော်ဝင်မှု ကွဲပြားနိုင်တဲ့အတွက် တမျိုးမျိုးကို သောက်သုံးပြီးချိန်မှာ ညာဘက်ခြမ်းသို့ စောင်းပြီး အနည်းဆုံး နာရီဝက်လောက် လဲလျောင်းနေသင့်တယ်လို့ အကြံပြုထားပါတယ်။
“ကိုယ်ဟန်အနေအထားဟာ ဆေးလုံးတလုံးရဲ့ ပျော်ဝင်နှုန်းအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနေတာအတွက် အံ့ဩမိပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“ကျွန်တော့်အနေဖြင့် ယခင်က တခုခု သောက်ပြီးတိုင်း အနေအထားဟာ မှန်လား မှားလား မတွေးဖူးမိပေမယ့် အခုတော့ သေချာစဉ်းစားပြီး နေတော့မှာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ယခုကဲ့သို ရှာဖွေတွေ့ရှိထားသည့် သုတေသနကို စာတမ်းအနေဖြင့် Fluids ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။