ကမ္ဘာအရပ်ရပ်က ထူးထူးခြားခြား ဥပဒေအချို့ အကြောင်း

Knowledge World

ကမ္ဘာအရပ်ရပ်က နိုင်ငံများမှာ မတူညီတဲ့ ယဉ်ကျေးမှုပုံစံအမျိုးမျိုး ရှိကြတဲ့အလျှောက် ထူးခြားတဲ့ ဥပဒေများကိုလည်း သတ်မှတ်ထားကြပါတယ်။

ထိုသို့ ထူးခြားတဲ့ ဥပဒေများ၊ ဓလေ့ထုံးတမ်းများကို သိထားမယ်ဆိုရင် ခရီး သွားလာရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်မှာပါ။ ထို့ကြောင့် နိုင်ငံအချို့က ထူးခြားတဲ့ ဥပဒေအချို့ကို ဖော်ပြလိုက်ပါတယ်။

စင်္ကာပူနိုင်ငံ

(စင်ကာပူတွင် ပီကေသည် တရားမဝင်ပါ။)

စင်ကာပူမှာ ၁၉၉၂ ခုနှစ်ကစပြီး ပီကေဝါးခြင်း၊ ပီကေနှင့် ဆက်စပ်ပစ္စည်းများကိုတင်သွင်း ရောင်းချခြင်း မပြုလုပ်ဖို့ ဥပဒေထုတ် တားမြစ်ခဲ့ပါတယ်။အမှန်တော့ ပြဿနာက ပီကေဝါးတာမဟုတ်ဘဲ ဝါးပြီးသား ပီကေကို စွန့်ပစ်တဲ့ ပြဿနာ ဖြစ်ပါတယ်။

အကြောင်းပြချက်ကတော့ ရှိပါတယ်။ဖျက်လို့ဖျက်စီး လုပ်တဲ့လူတစ်ချို့ဟာ MRT ရထားတွေရဲ့ sensor တွေ၊တံခါးတွေမှာ ပီကေတွေကပ်ခဲ့ကြလို့ပါ။ဆိုးကျိုးအနေဖြင့် ခရီးစဉ်နှောင့်နှေးမှု‌ကို ဖြစ်စေပြီး ပြန်လည်ပြင်ဆင်ရတဲ့ ကုန်ကျစရိတ်ကလည်း ကြီးမားတဲ့အတွက်ကြောင့် တားမြစ်ထားတာပါ။

အကယ်၍ တစ်စုံတစ်ယောက်ဟာ ပီကေဝါးခြင်း၊ရောင်းချခြင်းပြုလုပ်လို့ ပြစ်မှုထင်ရှားလျှင် ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရမှာပါ။

သို့သော် ၂၀၀၄ ခုနှစ်တွင် သွားကျန်းမာရေးနှင့်ဆိုင်တဲ့ ကုသမှုတွေအတွက် နီကိုတင်းပါတဲ့ ပီကေတွေကိုတော့ ချွင်းချက်အနေဖြင့် ခွင့်ပြုထားပါတယ်။ဒါတောင် ဆရာဝန်ထောက်ခံချက်ပါမှ ဖြစ်မှာပါ။

အီတလီ၊ဗင်းနစ်

(ဗင်းနစ်တွင် ခိုများကို အစာကျွေးခြင်းသည် တရားမဝင်ပါ။)

ခိုများကို အစာကျွေးခြင်းဟာ ကောင်းသောအပြုအမူဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော်အိတလီနိုင်ငံ ဗင်းနစ်မှာတော့ ခိုများကို အစာမကျွေးဖို့ ပိတ်ပင်ထားပါတယ်။

စိန့်မာ့ခ်ျ ရင်ပြင်တွင် ထောင်ပေါင်းများစွာသော ခိုများကိုတွေ့ရမည် ဖြစ်သော်လည်း အာဏာပိုင်များက‌တော့ ဒီဧရိယာထဲမှာ ခိုများကိုစာမကျွေးဖို့ ညွန်ကြားချက်ထုတ်ထားပြီးဖြစ်ပါတယ်။အကြောင်းပြချက်ကတော့ ခိုတွေကြောင့် သန့်ရှင်းရေးလုပ်ရတာတွေ၊ ပြန်လည်ပြုပြင်ရတာတွေဟာ နှစ်စဉ် ကုန်ကျစရိတ်တိုးမြှင့်လာလို့ပါ။

ဒီဥပဒေကို ၂၀၀၈ ခုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့ပါတယ်။ တကယ်လို့ ခိုးစာ‌ကျွေးလို့ အဖမ်းခံရရင်တော့ ယူရို ၇၀၀ လောက်ဒဏ်ရိုက်ခံရလိမ့်မည် ဖြစ်ပါသတဲ့။

ဒါကြောင့်ပဲ အလည်အပတ်သွားရောက်ခဲ့မယ်ဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ အလှအပကိုပဲ ခံစားပါ ခိုတွေကိုတော့ လုံးဝအစာမကျွေးလိုက်ပါနဲ့နော်။

ဂရိ၊အေသင်(အခရိုပိုလစ်)

(အခရိုပိုလစ်တွင် ဒေါက်ဖိနပ်စီးခြင်းသည် တရားမဝင်ပါ။)

ဂရိနိုင်ငံ အေသင်ရဲ့ အခရိုပိုလစ်ဆို တာ ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးထဲမှ တစ်ခုအပါဝင်ဖြစ်ပါတယ်။ရှေးဟောင်း အထိမ်းအမှတ် ဗိသုကာတွေ လေ့လာစရာ ပေါလှတဲ့ အခရိုပိုလစ်ကို သင်သွားရောက်ခဲ့မယ်ဆိုရင်တော့ အမျိုးသမီးများအနေဖြင့် ဒေါက်ဖိနပ် စီးမသွားဖို့ပြောပါရစေ။


၂၀၀၉ ခုနှစ်က စပြီး အခရိုပိုလစ်မှာ ဒေါက်ဖိနပ်ဝတ်ဆင်ခြင်းကို တားမြစ်ထားလို့ဖြစ်ပါတယ်။အကြောင်းပြချက်ကတော့ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က အမွေအနှစ် အပိုင်းအစတွေ ဒေါက်ဖိနပ်ရဲ့ ချွန်ထက်တဲ့ ဒေါက်ကြောင့် ပျက်စီးမှာဆိုးလို့ပါတဲ့။

ပိုလန်နိုင်ငံ

ပိုလန်နိုင်ငံတွင် Winnie the Pooh ပုံပါတီရှပ်ကို မဝတ်ဆင်ပါနဲ့။

ချစ်စရာကောင်းတဲ့ ဝက်ဝံလေး Winnie the Pooh ကို လူတိုင်လိုလို ချစ်ကြပါတယ်။ဒါပေမယ့် ပိုလန်နိုင်ငံကတော့ သူ့ကို မချစ်ပါဘူး။


ပိုလန်နိုင်ငံမှာ Winnie the Pooh ပုံပါတဲ့ တီရှပ်တွေကို မဝတ်ဆင်ဖို့တားမြစ်ထားပါတယ်။ အကြာင်းပြချက်‌က ဝက်ဝံလေးဟာ ဘောင်းဘီဝတ်ဆင်မထားတဲ့ အတွက် သူတို့ရဲ့ ယာဉ်ကျေးမှုနဲ့မကိုက်ညီလို့ပါ။ဒါကို ကလေးတွေ အတုခိုးမမှားအောင်လို့ ပိတ်ပင်ထားခြင်းဖြစ်ပါသတဲ့။

ဂျာမဏီနိုင်ငံ

(ဂျာမဏီအဝေးပြေးလမ်းပေါ်တွင် ဆီကုန်သွားခြင်းသည် တရားမဝင်ပါ။)

ဂျာမနီရဲ့ အော်တိုဘန်း (Autobahn) အဝေးပြေး လမ်းမပေါ် ကားမောင်းနှင်မယ်ဆိုရင် အထူး သတိပြုဖို့ အချက်တစ်ချက် ရှိပါသတဲ့။


အဲဒါကတော့ ကား‌မောင်းနှင်သူများ အနေနဲ့ မိမိစိတ်ကြိုက် ကားကို မြန်မြန် မောင်း လိုလျှင် မောင်းနိုင်အောင် လမ်းပေါ်မှာ အရှိန်လျှော့ ဆိုင်းဘုတ်၊ အရှိန်ကန့်သတ်ချက် ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်း မရှိပါဘူး။

သို့သော် ကားမောင်းသူဟာ ကားကို ဂက်စ် သို့မဟုတ် ဓာတ်ဆီ၊ ဒီဇယ်တို့ကို ကုန်စင်တဲ့ထိအောင် မောင်းနှင်မယ်ဆိုရင်တော့ ကျိန်းသေတယ် အဖမ်းခံရပြီး ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ အာဏာပိုင်တွေက ဓာတ်ဆီ ကုန်ပြီး ရပ်နေတဲ့ကားဆီကို ချက်ချင်းဆိုသလို ရောက်လာပြီး အရေးယူလိမ့်မယ်လို့ သတိပေးထားပါသတဲ့။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.