သံချပ်ကာကားများတွင် လေဆာ လက်နက်များ တပ်ဆင် စမ်းသပ်ခဲ့တဲ့ အမေရိကန်ကြည်းတပ်

Article Military

အမေရိကန်ဟာ Stryker သံချပ်ကာကားတွင် လေဆာလက်နက်များ တပ်ဆင် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့က Knowledgeworms တွင် အမေရိကန် အောက်လွှတ်တော် အမတ်များဟာ သံချပ်ကာ ကားများအပေါ် ဒရုန်းများ ၏ အန္တရာယ် ကျရောက်နေမှု အပေါ် မေးခွန်း ထုတ်နေတဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။

ယခုတော့ အမေရိကန် ကြည်းတပ်ဟာ နည်းပညာမြင့် လေဆာ လက်နက်တခုကို မောင်းသူမဲ့လေယာဉ်များ၊ ရော့ကတ်များ၊ အမြောက်ဆံများနှင့် မော်တာကျည်များကို တားဆီးနိုင်ရန် ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါပြီ။

လက်ရှိ အမေရိကန်ကြည်းတပ်တွင် အသုံးပြုနေတဲ့ တင့်ကားတွေ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ Stryker တွေနဲ့ အခြား သံချပ်ကာ ယာဉ် များတွင် မောင်းသူမဲ့လေယာဉ်များကို ကာကွယ်နိုင်မယ့် အနေအထား မရှိသေးပါဘူး။

ဒရုန်းများဟာ ပျောက်ကြားစစ်အနေဖြင့် စစ်မြေပြင်မှာ ပုံမှန်လို တွေ့ရတဲ့အချိန် နှင့် အခြားအုပ်စုများဟာ ဝါသနာရှင်သုံး ဒရုန်းများကို ပင်မတိုက်ပွဲဝင် တင့်ကားကဲ့သို့ စစ်ဘက်ဆိုင်ရာ ယာဉ်များကို တိုက်ခိုက်ဖို့ အသုံးပြုနေကြပါတယ်။

ဒီနှစ် နွေရာသီအတွင်းမှာ အမေရိကန် လျှင်မြန်သော စွမ်းဆောင်ရည်များနှင့် အရေးကြီး နည်းပညာများရုံး (RCCTO) နှင့်အတူ လေကြောင်းနှင့် ဒုံးကျည် ကာကွယ်ရေး ဆောင်ရွက်မှု အဖွဲ့၊ Fires Center of Excellence

အမေရိကန် ကြည်းတပ် စမ်းသပ်မှုနှင့် အကဲဖြစ် ညွှန်ကြားမှု အဖွဲ့တို့မှ Stryker သံချပ်ကာများကို လေဆာ လက်နက်တပ်ဆင်ပြီး Directed Energy-Maneuver Short-Range Air Defense စီမံကိန်း၏ တစိတ်တပိုင်း အဖြစ် ဥက္ကလာဟိုးမား ပြည်နယ်ရှိ Fort Sill တွင် စမ်းသပ်ခဲ့ပါတယ်။

တိုက်ခိုက်ရေး တပ်မဟာနှင့် တပ်မများအတွက် ဒရုန်းများနှင့် အမြောက်ဆံများရန်မှ ကာကွယ်ဖို့ RCCTO ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ လေဆာတပ်ဆင်ထားတဲ့ Stryker သံချပ်ကာယာဉ် ၄ စီးအထိ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေပါတယ်။

“ဒါဟာ ရွေ့လျှားပျံသန်းနေတဲ့ အရာတွေကို ကာကွယ်ဖို့ အတွက် လေဆာလက်နက်ကို အသုံးချတာ ကြည်းတပ်အတွက် ပထမဆုံး ဖြစ်လိမ့်မယ်” လို့ ဟိုက်ပါဆိုးနစ်နည်းပညာ၊ တိုက်ရိုက်စွမ်းအင်နည်းပညာ၊ အာကာသနှင့် ဝယ်ယူရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး L. Neil Thurgood မှ ပြောပါတယ်။

၎င်းမှ ဆက်ပြီး “ယနေ့ ဒီနည်းပညာအတွက် ကျွန်တော်တို့ဟာ အဆင်သင့်ဖြစ်နေပါပြီ။ ဒါဟာ အနာဂါတ်အတွက် တံခါးပေါက် တခုပါပဲ” လို့ ပြောပါတယ်။

ဗိုလ်မှူးကြီး G. Scott McLeod က ” ကျွန်တော်တို့ဟာ ဒီလက်နက်အတွက် အခြား ဘယ်ရာနဲ့မှ မတူအောင် ကြိုးစားခဲ့ရပါတယ်”

“ကျွန်တော်တို့ဟာ လုံးဝ စွမ်းဆောင်ရည် အသစ်တခုကို တည်ဆောက်နေတာဖြစ်ပြီး ဒါဟာ ပြုပြင်မွမ်းမံထားတာ သို့မဟုတ် အဆင့်မြှင့်တင်ထားတဲ့ နည်းပညာတခု မဟုတ်ပါဘူး”

“အဲဒီ့အတွက် အစိုးရနှင့် ထုတ်လုပ်မှု အဖွဲတို့ ဒီဇိုင်းဆွဲ၊ ပေါင်းစပ်ပြီး စစ်ဆင်ရေး ပတ်ဝန်းကျင်မှာ စမ်းသပ်ဖို့ရာအတွက် ၂၄ လ သာ အချိန်ယူခဲ့ရပါတယ်” လို့ ပြောပါတယ်။

DE M-SHORAD လို့ခေါ်တဲ့ တာတိုပစ် လေကာစနစ်၏ ရှေ့ပြေးပုံစံ ဖန်တီးမှုဟာ ကြည်းတပ်အတွက် လေကြောင်းနှင့် ဒုံးကျည် ကာကွယ် ရေးမှာ ပိုမိုကြိးမားတဲ့ အဆင့်မြှင့်တင်မှု၏ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးပေါ်ခေတ်အမှီဆုံး DE M-SHORAD စနစ်နှင့် အကျွမ်းတဝင်ရှိစေရန် လေဆာ လက်နက်စမ်းသပ်မှု ဇူလိုင်လအတွင်းက စမ်းသပ် မှုတွေပြုလုပ်ခဲ့ကာ စစ်သည်များကိုလေ့ကျင့်မှုများကိုပါ ပြီးစီးခဲ့တာဖြစ်ပါတယ်။

စစ်သည်များဟာ စနစ်များကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ ပစ်မှတ်ကို ထိတွေ့ရာမှာ ထိရောက်မှုကို ပြသခြင်း၊ ပစ်မှတ်အား ရွေးချယ်ခြင်းနှင့် ပစ်ခတ်ခြင်းများကို ရက်ပိုင်းအတွင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အမေရိကန်ကြည်းတပ်ဟာ ၎င်း၏ သံချပ်ကာကားများနှင့် တင့်ကားများအပေါ် ခြိမ်းခြောက်နေသည့် မောင်းသူမဲ့လေယာဉ်များ အန္တရာယ်ကို ဒီ လက်နက်စနစ်ဖြင့် ကာကွယ်နိုင်လောက်မယ်လို့ ယူဆရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.