တိရိစ္ဆာန်များတွင် လူနှင့်တူသည့် စိတ်ခံစားမှု ရှိမရှိ လေ့လာ ခြင်း

Knowledge Science

၂၀၂၀ ခုနှစ် ဩဂုတ်လထဲတွင် ဟားဗက် တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ သုတေသီ ၂ ဦးဟာ တိရစ္ဆာန်များတွင် စိတ် ခံစားချက် ရှိမရှိ zebrafish ငါးကိုအသုံးပြုကာ လေ့လာခဲ့ပါတယ်။

ထို နှစ်ဦးဟာ တိရိစ္ဆာန်များတွင်လည်း ဦးနှောက်အတွင်းပိုင်း အခြေအနေများ ရှိကြောင်းကို လေ့လာမှုတွင် တွေ့ရှိ ခဲ့ရပါတယ်။

အဲဒီ့နောက်မှာတော့ Nature ဂျာနယ်တွင်” Inside the mind of an animal” ခေါင်းစဉ်ဖြင့် ၎င်းတို့၏ လေ့လာမှုကို ဖော်ပြခဲ့ပါတယ်။

အခုတဖန် Leiden တက္ကသိုလ်မှ သုတေသီများဟာလည်း တိရစ္ဆာန်များတွင် စိတ်ခံစားမှု ရှိနိုင်ကြောင်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

Zebrafish ငါး

၎င်းတို့ဟာ Affective Science သိပ္ပံ ဂျာနယ်တွင် “My Fear Is Not, and Never Will Be, Your Fear: On Emotions and Feelings in Animals” ခေါင်းစဉ်ဖြင့် လေ့လာမှုကို ဖော်ပြခဲ့ပါတယ်။

အဆိုပါ လေ့လာမှုကို ရေးသားခဲ့သည့် အသိအမြင်ဆိုင်ရာ စိတ်ပညာ ပညာရှင် Mariska Kret၊ Utrecht တက္ကသိုလ်မှ Jorg Massen နှင့် Emory တက္ကသိုလ်မှ Frans de Waal တို့က တိရိစ္ဆာန်များဟာ လူသားတွေနှင့် ဆင်တူသည့် အားကောင်းသည့် စိတ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

လေ့လာမှုများစွာ ပြုလုပ်ခဲ့

စာတမ်းကိုရေးသားသည့် သုတေသီများမှ တိရိစ္ဆာန်များနှင့် လူတို့၏ စိတ်ခံစားမှုများနှင့် ခံစားချက်များဆိုင်ရာ သုတေသန များစွာကို ပြုလုပ်ခဲ့ပြီး အခိုင်အမာ ပြောနိုင်ဖို့ လုံလောက်သည့် အထောက်အထားများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Jorg Massey မှ “စိတ်ခံစားမှုတွေကို တိရစ္ဆာန်တွေမှာ စမ်းသပ်စစ်ဆေးနိုင်ပြီး အရမ်းကိုကောင်းပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

၎င်းက ဆက်ပြီး “အဆိုပါ စိတ်ခံစားမှုများနှင့် ပတ်သက်သည့် စစ်ဆေးမှုများကို မျောက်ဝံများကိုသာမက ငှက်များနှင့် ပျားများကိုပင် ပြုလုပ်နိုင်တယ်” လို့ ဆိုပါသေးတယ်။

အဓိကအားဖြင့် လေ့လာမှုများတွင် သုတေသီများဟာ ဇီဝကမ္မတုန့်ပြန်မှုများကို ရုပ်ပုံ အဖြစ် ရိုက်ကူးကာ တိုင်းတာခဲ့ပါတယ်။

ထိုကဲ့သို့ ရုပ်ပုံများကို ရရှိနိုင်ရန်အတွက် ၎င်းတို့ဟာ thermal camera များကို အသုံးပြုခဲ့သည့်အပြင် အခြား နည်းလမ်းသစ် များကိုလည်း အသုံးပြုခဲ့ပါတယ်။

ဒါ့ကြောင့် သုတေသီများဟာ တိရိစ္ဆာန်များ၏ စိတ်ခံစားမှုများကို တိကျစွာနှင့် လုံလောက်စွာ လေ့လာဖို့ နည်းမျိုးမျိုးကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။

“စိတ်ခံစားချက်တွေကို တိုက်ရိုက် တိုင်းတာနိုင်ဖို့တော့ နည်းလမ်းတခုထဲနဲ့ မရပါဘူး။ ဒါပေမယ့် မတူညီတဲ့ နည်းလမ်းတွေကို ပေါင်းစပ်ခြင်းဖြင့် ရုပ်ပုံကို ပြီးပြည့်စုံအောင် ဖန်တီးခဲ့ပါတယ်” လို့ Kret ကပြောပါတယ်။

များပြားသည့် အထောက်အထားများ

တိရိစ္ဆာန်များဟာ စိတ်ခံစားချက်များကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပြီး အခြားသူများကိုပင် စာနာတတ်ကြောင့် လွန်ခဲ့သည့် လေ့ လာမှုများက သက်သေပြခဲ့တယ်လို့ သုတေသီများက ပြောပါတယ်။

အထူးသဖြင့် ချင်ပန်ဇီများ ကိစ္စတွင် အဆိုပါ စိတ်ခံစားချက်နှင့် တွေ့ရှိမှုမှာ မှန်ကန်ပါတယ်။

အဲဒါဆိုရင် ကျွန်တော်တို့နှင့် တိရိစ္ဆာန်များရဲ့ အနာဂါတ် အပြန်အလှန် ဆက်ဆံမှုက ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာ မေးလာနိုင်ပါတယ်။

သုတေသီများကတော့ တိရိစ္ဆာန်များ၏ စိတ်ခံစားမှုအလိုက လိုက်လျောညီထွေ ပြုမူသင့်တယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ဘယ်လိုအချိန်မှာ ဘယ်လိုခံစားချက် ဖြစ်သလဲဆိုတာကို အတိအကျသိနိုင်ဖို့ ဆက်လက် လေ့လာနိုင်ရန် Massen က တိုက်တွန်းထားပါတယ်။

ကျွန်တော်တို့အနေဖြင့် တိရိစ္ဆာန်များ၏ စိတ်ခံစားချက်များကို ကောင်းကောင်း အဓိပ္ပါယ် ဖော်နိုင်ပြီဆိုရင် လူနှင့် တိရိစ္ဆာန် အကြားမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာပါ။

ယခုအချိန်အထိတော့ အဲဒီလို အတိအကျ မသိရသေးပေမယ့် တိရိစ္ဆာန်တွေမှာ စိတ်ခံစားချက် ရှိတယ် ဆိုတာကတော့ အ တည်ပြုနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.