Lucid Dreamer တွေဟာ အိပ်မက်မက်နေကြောင်း သတိပြုမိကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ရဲ့ အိပ်မက်များကိုပင် လိုသလို ထိန်းချုပ် လွှမ်းမိုးနိုင် ကြပါတယ်။
ကျွန်တော်တို့ မြန်မာမှာတော့ လိပ်ပြာလွင့်ခြင်းဟု ယူဆ ကြပါတယ်။
ဒီအကြောင်းကို “Lucid Dreaming လို့ ခေါ်တဲ့ လိုသလို ထိန်းချုပ်လို့ရတဲ့ အိမ်မက်အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုဆောင်းပါးမှာတော့ Lucid dreaming နှင့် ပတ်သက်ပြီး သုသေတန လေ့လာမှုတခု လုပ်ဆောင်ခဲ့တဲ့ အကြောင်းကို ဖော် ပြပေးသွားမှာပါ။
လေ့လာမှုတွင် ပါဝင်ခဲ့တဲ့ စေတနာ့ ဝန်ထမ်းတွေဟာ အိပ်ပျော်နေစဉ် သင်္ချာပြဿနာများကို နားလည်ပြီး ဖြေရှင်းနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပထမဆုံး အကြိမ် အဖြစ် သိပ္ပံပညာရှင်တွေဟာ အိပ်ပျော်နေတဲ့ စေတနာ့ ဝန်ထမ်းတွေကို Lucid dreaming လို့ခေါ်တဲ့ လိုသလို ထိန်းချုပ်လို့ရတဲ့အိမ်မက်တွေ မက်နေတဲ့အချိန်မှာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်မှု လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Northwestern University နှင့် ဥရောပ အဖွဲ့အစည်း အသီးသီးမှ သိပ္ပံပညာရှင်တွေက ၎င်းတို့ရဲ့ လေ့လာမှုဟာ Lucid dreaming အိမ်မက် မက်သူများနှင့် စကားပြောဆိုနိုင်ပြီး တိကျတဲ့ မျက်လုံးလှုပ်ရှားမှုပုံစံဖြင့် အချိန်နှင့်တစ်ပြေးညီ အဖြေများကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကို “Real-time dialogue between experimenters and dreamers during REM sleep” ခေါင်းစဉ်ဖြင့် Current Biology ဂျာနယ်တွင် စာတမ်းအနေဖြင့် ဖော်ပြခဲ့တာပါ။
၎င်းဟာ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပြီး သိပ္ပံပညာရှင်တွေကို အကြောင်းအရာနှင့် အိပ်စက်ခြင်းဖွဲ့စည်းပုံဆိုင်ရာ ထိုးထွင်း သိမြင်မှု အဆင့်သစ် တစ်ခု ရရှိစေဖို့ ကူညီပေးနိုင်တဲ့ အရာဖြစ်ပါတယ်။
သို့ပေမယ့် ၎င်းကို နည်းပညာ၊ ဖျော်ဖြေရေးနှင့် အိပ်မက်များကို စီးပွားဖြစ် လုပ်ဖို့အတွက် နယ်နိမိတ် အသစ်များ ဖွင့်ဆိုဖို့ ရည်ညွှန်းခြင်း မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Lucid dreaming သို့မဟုတ် အိပ်ပျော်နေချိန်မှာ မိမိကိုယ်ကိုယ် သိနိုင်မှုစွမ်းရည် သို့မဟုတ် “The Matrix” တွင် ပါဝင်တဲ့ ဇာတ်ကောင်တွေဟာ သိပ္ပံပညာရှင်များရဲ့ စိတ်ဝင်စားမှုကို ကြာမြင့်စွာ ဖမ်းစားစေတဲ့ ထူးဆန်းမှုတစ်ခုဖြစ်ပါတယ်။
“အိပ်မက်ထဲက အိပ်မက်တွေကနေ ဆက်သွယ် ပြောဆိုနေတဲ့ Lucid dreaming အိပ်မက် မက်သူတွေကို လေ့လာမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်” ဟု လေ့လာမှုတွင် ပါဝင်တဲ့ သုတေသီ Karen Konkoly က Motherboard သို့ပြောပါတယ်။
ဒါပေမယ့် အိပ်မက်တွေထဲကို ရောက်သွားအောင် လှုံ့ဆော်မှုဆိုင်ရာ သုတေသနပြုချက် ပမာဏ အတော်အတန် အကန့် အ သတ် ရှိပါတယ်ဟုလည်း ဆိုပါတယ်။
Current Biology ဂျာနယ်တွင် ထုတ်ဝေတဲ့ သုတေသနပြုချက်များအရ အတွေ့အကြုံရင့်ကျက်တဲ့ Lucid dreaming အိပ် မက် မက်သူတွေဟာ ၎င်းတို့ရဲ့ လက်တွေ့ကမ္ဘာ မျက်လုံးများနဲ့ ချိတ်ဆက်ပြီး မေးခွန်းများနှင့် သင်္ချာ ပြဿနာများကိုပင် အ ချိန် နှင့်တပြေးညီ တုံ့ပြန်ဖြေရှင်းနိုင်တယ်ဟု ဆိုပါတယ်။
Motherboard မှာ ပြောကြားချက်အရ လေ့လာမှုတွင်ပါဝင်တဲ့ Lucid dreaming အိပ်မက်မက်သူတွေဟာ အိပ်ပျော်နေစဥ်အတွင်း သုတေသီများရဲ့အသံများကို မမြင်နိုင်တဲ့ ဇာတ်ကြောင်းပြ အမျိုးအစား တစ်ခုအဖြစ် ကြားသိရပြီး ဒါကို ၎င်းတို့ရဲ့ အိပ်မက်အပြင်ဘက်မှ ထွက်လာတဲ့ အရာတစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း ခွဲခြားသိရှိကြတယ်ဟု ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက အချိန်ရဲ့ 18 ရာခိုင်နှုန်းခန့်ကို အိပ်မက်မက်သူများနှင့် တိကျစွာ ဆက်သွယ် နိုင်သော်လည်း အခြား 20 ရာခိုင်နှုန်းက မှားယွင်းမှုတွေ သို့မဟုတ် ပေါင်းစပ်မှုမရှိသော တုံ့ပြန်မှုတွေကိုသာ တုံ့ပြန်ခဲ့တယ်ဟု ဆိုပါတယ်။
ဘာပဲပြောပြော အနည်းဆုံး ဆက်သွယ်မှု ပုံစံအချို့ ရှိနေခဲ့တယ်ဟု အကြံပြုပြောဆိုခဲ့ပါတယ်။
ယခုအခါမှာတော့ သုတေသီတွေက ဆက်သွယ်မှု ပုံစံသစ် တစ်မျိုးကို လေ့လာ တွေ့ရှိမှုကြောင့် ဝမ်းသာနေကြပါတယ်။
အိပ်ပျော်နေတဲ့သူကို ဓာတ်ခွဲခန်းမှာထိုင်ပြီး မေးခွန်းပေါင်းများစွာမေးရတာ အံ့သြစရာ ကောင်းပြီးတော့ လေ့လာမှုမှာ ပါဝင်တဲ့သူတွေက အမှန်တကယ်ပဲ မေးခွန်းတွေကို ဖြေနိုင်ခဲ့ကြတယ် ဟု Konkoly က ပြောပါတယ်။
ဒါဟာ ချက်ချင်း လုပ်ရမယ့် အကျိုးရှိတဲ့ စမ်းသပ်မှု အမျိုးအစားဖြစ်ပြီး အရေးကြီးတဲ့ အချက်အလက် သို့မဟုတ် အရေး ကြီးတဲ့ လျို့ဝှက်ချက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ စောင့်စရာမလိုပဲ အိပ်ပျော်နေတုန်းမှာပဲ ဖော်ထုတ်နိုင်မှာဖြစ်တယ်ဟု သုတေသီတွေက ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။