Hyperloop ဟာ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်နိုင်သော်လည်း အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုများက ၎င်းရဲ့တည်ဆောက်တဲ့ နေရာမှာ အလွန် ခက်ခဲစေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ယာဉ်မတော်တဆမှုများ ဖြစ်ရင်လည်း အတော်လေးတော့ ဆိုးရွားမှာ သေချာပါတယ်။
အခြေခံအားဖြင့် Hyperloop ဆိုတာက အသံရဲ့အမြန်နှုန်းနီးပါးဖြင့် သွားလာနိုင်တဲ့ လေဟာနယ်ပြွန်အတွင်းရှိ ကျည်ဆန် ရထား တစ်ခု ဖြစ်ပါတယ်။
Musk ရဲ့ Hyperloop ဟာ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်နိုင်သော်လည်း ၎င်းဟာ ကြီးမားသော အင်ဂျင်နီယာဆိုင်ရာ အတား အ ဆီးများနှင့် ရင်ဆိုင်နေရပါတယ်။
အဓိကအားဖြင့် ကုန်သွယ်မှုများတွင် ကုန်ကျစရိတ်၊ ဘေးကင်းရေးနှင့် လက်တွေ့ကျမှုတို့လည်း အပါအဝင် ဖြစ်ပါတယ်။
လေယိုစိမ့်မှု ကဲ့သို့သော မတော်တဆမှု မှန်သမျှက ဘေးဥပဒ် ဖြစ်စေမှာ သေချာပါတယ်။
ကျွန်ုပ်တို့ရဲ့ လေထုအတွင်းရှိ ယာဉ်တိုင်းနီးပါးရဲ့ အမြန်နှုန်းဟာ လေရဲ့ ခုခံနိုင်မှုဖြင့် ဦးစွာ ပထမ ကန့်သတ်ထားပါတယ်။
ကျည်ဆန်ရထားကို လေဟာနယ်ပြွန်ထဲတွင် ထည့်ထားပြီး အသံရဲ့အမြန်နှုန်း နီးပါးဖြင့် သွားလာနိုင်စေပါတယ်။ အမှန် တ ကယ်ပဲ အလားတူ ယာဥ်တစ်စင်းကို လွန်ခဲ့သော ရာစုနှစ်များထဲက အဆိုပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
ရူပဗေဒပညာရှင်များက အဆိုပါ စိတ်ကူးဟာ အလုပ်ဖြစ်မည်ဟု ပြောသော်လည်း မကောင်းမြင်တဲ့ အင်ဂျင်နီယာများက ၎င်းကို အမှန်တကယ် တည်ဆောက်ရာတွင် ခက်ခဲတဲ့ ပြဿနာများစွာကို ထောက်ပြပါလိမ့်မည်။
ဒါပေမယ့် ကျေးဇူးတင်စရာကောင်းတာက၊ ခက်ခဲတဲ့ အင်ဂျင်နီယာ ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။

Hyperloop သရုပ်ပြ
Elon Musk ရဲ့ Hyperloop ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုတွေထဲကမှ g-forces ဟုခေါ်သော အရှိန်အဟုန်မှ ဖြစ်ပေါ်သည့် အားအတွက် အကန့်အသတ်ရှိပါတယ်။
အရှိန်မြှင့်ခြင်းဟာ လူများကို အော့အန်ခြင်း သို့မဟုတ် သည်းခြေပျက်အောင် လုပ်နိုင်ပါတယ်။
စီးပွားဖြစ် ဂျက်လေယာဉ်တွေကတော့ တစ်နာရီ မိုင် ၅၀၀ ထက်ပို၍ မောင်းနှင်နိုင်ပါတယ်။ တောင်တက် တောင်ဆင်းတွေ၊ လေပြင်းကြောင့် တုန်လှုပ်မှုတွေ ရှိပါတယ်။
သို့ပေမယ့် လူများက ပျို့အန်ခြင်း သို့မဟုတ် ကြောက်လန့်ခြင်း မရှိကြပါဘူး။ စနစ် တစ်ခုလုံးဟာ မယုံနိုင်လောက်အောင် ထိရောက်ပြီး Hyperloop ကို ၎င်းနောက်မှ ပုံစံထုတ်လုပ်ဖို့ ပြင်ဆင် နေကြတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကြီးမားတဲ့ ခြားနားချက်တစ်ခုရှိပါတယ်။ လေယာဉ်ပျံတွေက ကောင်းကင်မှာရှိပြီး Hyperloop က မြေပြင်မှာ ရှိနေတာပါ။
ဒါ့အပြင် လမ်းကြောင်းကို ရှင်းလင်းဖို့ အလုပ် ပမာဏများစွာ လိုအပ်ပါတယ်။ တောင်တစ်လမ်းက ပေါက်ရင် ဥမင်လိုဏ် ခေါင်းကို ဖြတ်ရပါတယ်။
ပင်လယ်အော်တစ်ခုရှိလျှင် ၎င်းအောက်တွင် ကျွန်ုပ်တို့က တံတား သို့မဟုတ် ဥမင်လိုဏ်ခေါင်း ဆောက်လုပ်ကြသလို မြေ ပြင်က ကြမ်းရင် ချောရပါတယ်။ ဒီလိုမျိုး အင်ဂျင်နီယာ စိန်ခေါ်မှုတွေကတော့ အလွယ်ပဲ ပြီးမြောက်နိုင်ပါတယ်။
ပိုမိုခက်ခဲသော ပြဿနာဖြစ်သည့် လေဟာနယ်ပြွန်
Hyperloop ဟာ အဓိကအားဖြင့် ရှည်လျားပြီး လေဟာနယ် အလုံပိတ်ပြွန် ဖြစ်ပါတယ်။ ခံနိုင်ရည် ရှိဖို့ အတွင်းပိုင်းက ဖွဲ့ စည်းပုံ အလွန် နည်းတဲ့အတွက်ကြောင့် ရထားက (တစ်နာရီ မိုင် ၇၆၀) အလွန် လျင်မြန်စွာ သွားလာနိုင်တာပဲ ဖြစ်ပါတယ်။
ထုထည် သန်းပေါင်းများစွာသော ကုဗပေကိုဖြတ်၍ ကမ္ဘာ့ လေထုရဲ့ ဖိအား တစ်ထောင်ခန့်ရှိသော ဒီလေဟာနယ်ကို ထိန်း သိမ်းခြင်းဟာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။
ခရီးသည်တွေက စနစ်ထဲသို့ ဝင်သည့်အခါတိုင်း၊ Hyperloop ကို ခေတ္တပိတ်ထားရမှာ ဖြစ်ပါတယ်။

စမ်းသပ်မှုများ ပြုလုပ်စဉ်က Image: Courtesy of Boring Company
ဒါ့ကြောင့် ဘူတာတွေက အပြန်အလှန် ချိတ်ဆက်မှုများ လိုအပ်ပါတယ်။ ခရီးသည်များ တင်ဆောင်ပြီးတာနဲ့ ရထားက ကန့် လန့်ကာသို့ ရွေ့သွားကာ ပတ်ဝန်းကျင် လေထုကို စုပ်ထုတ်သွားပါတယ်။
အတွင်းပိုင်းတွင် လေဟာနယ်တစ်ခု အောင်မြင်သောအခါ ရထားက ပင်မ လမ်းကြောင်းသို့ ချိတ်ဆက် နိုင်စေဖို့ တစ်ဖက်တွင် ပွင့်သွားစေပါတယ်။
တည်ဆောက်ပုံ ခိုင်မာမှုအတွက်၊ ဧရာမပြွန်ဟာ လှပ ရှင်းလင်းတဲ့ စိတ်ကူးယဉ်ပစ္စည်းထက် သံမဏိသဖွယ် ခိုင်ခံ့တာတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။
သံမဏိကို ပေါင်းစည်းထားလျှင် လေယိုစိမ့်မှုကို အလွန်ခံနိုင်ရည်ရှိမှာဖြစ်သော်လည်း ၎င်းဟာ ထုထည်ကြီးမားသော ဒြပ်ထုတစ်ခုအဖြစ် အပူပိုင်းချဲ့ထွင်မှုတွေကို ဖြစ်စေပါတယ်။
၎င်းအစား အဆစ်များ ချိတ်ဆက်ထားသော သံမဏိပြွန်ငယ် များစွာဖြင့် ပြုလုပ်ထားမယ်ဆိုရင် အဆိုပါ အဆစ်တွေက လေ ဟာနယ်ကို ထိန်းသိမ်းထားနိုင်ရမှာ ဖြစ်ပါတယ်။
အင်ဂျင်နီယာပညာက ပြီးပြည့်စုံရမှာဖြစ်ပြီး အဆစ် တစ်ခု ပျက်သွားပါက ရလဒ်က ကပ်ဆိုးကြီးသဖွယ် ဖြစ်ပါလိမ့်မယ်။
Hyperloop ပေါ်ရှိ ခရီးစဉ်ဟာ ကပ်ဆိုးဖြင့် အဆုံးသတ်နိုင်သည့် အနည်းဆုံး နည်းလမ်းနှစ်ခုရှိပါတယ်။ အခြေအနေတစ်ခုက ရထားက မည်သည့်အကြောင်းကြောင့် ရပ်တန့်သွားမယ်ဆိုရင် ခရီးသည်များက အလယ်တွင် ပိတ်မိနေမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ Hyperloop မှာ ခရီးသည်များအား လွတ်မြောက်ဖို့ အချို့သော အပိုင်းတွေမှာ လေဟာနယ်ကို ချိုးဖျက်ဖို့ ယန္တရားတစ်ခု ပါ၀င်နိုင်ပါတယ်။
သို့သော် ဒုတိယဖြစ်နိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ကိုတော့ ကာကွယ်ဖို့ မလွယ်ကူလှပါဘူး။
ဒါ့အပြင် Hyperloop ဟာ အသံရဲ့အရှိန်အဟုန်ဖြင့် ပြွန်အောက်သို့ လေလှိုင်းပေါက်ကွဲမှုလှိုင်းကို ဖန်တီးပေးမှာဖြစ်ပါတယ်။
အကယ်၍ ရထားနောက်ကွယ်မှ ပြွန်ပေါက်သွားပါက ခရီးသည်များဟာ ကြီးမားသော အသက် ဆုံးရှုံးစေမည့် အရှိန်ဖြင့် တွန်းပို့ခံရပြီး ဘရိတ်မပါသော တစ်နာရီ မိုင် ၇၀၀ နှုန်းဖြင့် ရှေ့သို့ မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

Image: Courtesy of Hyperloop.Kevin Krejci/Flickr
ပိုဆိုးတာက မတော်တဆမှုတိုင်းဟာ ရထားတစ်စင်းတည်းကို ထိခိုက်စေတာ မဟုတ်ပါဘူး။ ၎င်းက Hyperloop အတွင်းပိုင်းက မည်သည့် နေရာတွင်မဆို ရှိနေနိုင်တဲ့ ကံမကောင်းသူတိုင်းကို ချေမှုန်းပစ်မှာပဲ ဖြစ်ပါတယ်။
အင်ဂျင်နီယာပညာရှင်တွေက ပြဿနာကို ဖြေရှင်းနိုင်သော်လည်း မေးခွန်းတွင် ကုန်ကျစရိတ်နှင့် လက်တွေ့ကျမှုတို့ ပါဝင်ပါတယ်။ ပြွန်တွင် လေဟာနယ်ကို ထိန်းသိမ်းဖို့ ဧရာမအဆို့ရှင်ကို လျင်မြန်စွာ အသုံးချနိုင်သည့် အထူးကဏ္ဍများစွာ ပါဝင်ဖို့လိုပါတယ်။
Hyperloopရဲ့ အားသာချက်နှင့် အားနည်းချက်
Hyperloop ကို နှစ်သက်စရာ ကောင်းတဲ့ အရာများစွာ ရှိပါတယ်။ ၎င်းက သွားလာဖို့ ပိုမိုမြန်ဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်စပ်တဲ့ အရာတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံး အားနည်းချက်တွေက Hyperloop ဟာ အင်ဂျင်နီယာ ပညာအရ ဖြစ်နိုင်သော်လည်း ကုန်ကျ စ ရိတ်နှင့် ဘေးကင်းလုံခြုံမှုကိုတော့ မဖြစ်မနေ ထည့်သွင်းစဥ်းစားဖို့ လိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။