ကြောင်တွေ ရေကို မုန်းရတဲ့ အကြောင်းအား လေ့လာမှု

Nature Science

ကြောင်တွေဟာ ရေကိုမုန်းတယ်ဟု အများစုက ယုံကြည်ကြပါတယ်။

ကြောင်တွေဟာ ခွေးတွေလို ရေပိုက်နဲ့ ဆော့ကစားဖို့၊ ရေကူးကန် ဒါမှမဟုတ် ရေကန်​တွေထဲ ခုန်ချဖို့ စိတ်မကူးကြပါဘူး။ ကြောင်တွေကို ရေနဲ့ပတ်လိုက်ရုံနဲ့ စိတ်ဆိုး သွားပုံရတယ် မဟုတ်လား။

ဒါမှမဟုတ် ကြောင်တွေဟာ အမြဲတမ်း စိတ်တိုနေတတ်ကြတာလား။

ဒါပေမယ့် ကမ္ဘာပေါ်မှာ အပေါများဆုံး အရာတွေထဲက တစ်ခုဖြစ်တဲ့ ရေကို မုန်းတီးစေဖို့ ကြောင်တွေကို ဘယ်အရာက ဖြစ်စေတာလဲ။

အရိုးရှင်းဆုံးအဖြေကတော့ ကြောင်တွေဟာ ရေစိုခံဖို့ လုံးဝအဆင်မပြေ​​ကြပါဘူး။ ကြောင်တွေဟာ လျှာဖြင့် မိမိတို့ကိုယ်ကို သန့်ရှင်းစေတဲ့အတွက်ကြောင့် လူသား​တွေအနေနဲ့ ၎င်းတို့ကို ခွေး​​တွေကဲ့သို့ ရေချိုးပေးခြင်းတွေ ပြုလုပ်ဖို့အတွက် လုံးဝမလိုအပ်ပါဘူး။

တကယ်လို့ ကြောင်လေးတွေကို ငယ်စဥ်ထဲက ရေနဲ့ ရင်းနှီးအောင်ထားမယ်ဆိုရင်တော့ ရေကိုကြောက်မှာ မဟုတ်တော့ပါဘူး။

အကယ်၍ ရေကြိုက်တဲ့ ကြောင်တစ်ကောင်ကို လိုချင်တယ်ဆိုရင်တော့ ငယ်စဥ်ထဲက ရေနဲ့ ကြောင်လေးတွေကို မိတ်ဆက်ပေးဖို့ လိုပါတယ်။

အကောင်းဆုံးကတော့ သူတို့အသက် ၁၆ ပတ်မပြည့်မီ ကာလမှာ သူတို့ကို ရေလောင်းပြီး ရင်းနှီးဖို့ စတင်မိတ်ဆက်သင့်ပါတယ်။

လူတွေရဲ့အကူအညီမပါဘဲ သူ့အလိုလို လျှာ​ဖြင့် သန့်ရှင်းရတာကို သဘောကျ နှစ်သက်တာဟာလည်း ကြောင်တွေ ရေကို မကြိုက်ခြင်းရဲ့နောက်ထပ် အချက်တစ်ချက် ဖြစ်ပါတယ်။

အရူးအမူးလျှာဖြင့် လျက်ခြင်းဟာ ကြောင်တွေရဲ့ အမွှေးထဲမှာ အဆီဓာတ် အနည်းငယ် ရှိတဲ့သဘောကို ဆိုလိုပါတယ်။

ဆီဟာ ရေဓာတ်ကို တွန်းလှန် ပေးနိုင်တဲ့ အတွက်ကြောင့် ကြောင်တွေဟာ စိုစွတ်လာတဲ့ အခါတွေမှာ ရေဟာ ၎င်းတို့ရဲ့ အရေပြားပေါ်သို့ တိုက်ရိုက် စိမ့်ဝင်သွားပါတယ်။

ဒါကြောင့် ရေစိုလာတဲ့အခါ ကြောင်တွေရဲ့ အမွေးတွေကို လေးလံ​စေပြီး ၎င်းတို့ရဲ့ မြန်ဆန် သွက်လက်မှုကို နည်းပါးစေတယ်လို့ ခံစားရစေပါတယ်။

Image: Courtesy of pt.fanpop

ကြောင်တွေဟာ ရေစိုတာကို မနှစ်သက်ကြတဲ့ အတွက်ကြောင့် ရေကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ကြောင်တွေ စားပွဲပေါ်ကို ခုန်ချတာတွေ ​ဒါမှမဟုတ် ပန်းကန်လုံးကို လျက်တာတွေ ဒါမှမဟုတ် ဆိုဖာကို လက်နဲ့ ကုတ်တဲ့ အခါ​တွေမှာ လူ​တွေဟာ ၎င်းတို့ကို ရေနဲ့ ပတ်ပြီး အပြစ်ပေးကြလေ့ရှိပါတယ်။

ရေနဲ့ပတ်တာဟာ ကြောင်တွေအတွက် မနှစ်မြို့ဖွယ် နဲ့ အံ့အားသင့်စရာ ဖြစ်စေလို့ ဒီလို အပြစ်ပေးတာဟာ အလုပ်ဖြစ်ပါတယ်။

ရေနဲ့ပတ်တာဟာ ကြောင်တွေကို အေးပြီး စိတ်မသက်မသာဖြစ်စေလို့ သူတို့ကို မလုပ်စေချင်တဲ့ အပြုအမူကို ရပ်တန့်ပြီး အဝေးက မထီမဲ့မြင် စိုက်ကြည့်ပြီး ပြေးထွက် သွားတတ်ကြပါတယ်။

ဒါပေမယ့် ကြောင်တွေ အားလုံးက ရေကို မုန်းတာတော့ မဟုတ်ပါဘူး။

ကျားတွေလို ကြောင်ကြီးမျိုးတွေဟာဆိုရင်တော့ မကြာခဏတောင် ရေချိုးတတ်ကြပါတယ်။

တချို့ အိမ်မွေးကြောင်တွေဆိုရင် ရေပိုက်ခေါင်းမှ ရေသောက်ဖို့ သို့မဟုတ် ရေအပြည့်ထည့်ထားတဲ့ ရေချိုးကန်အနားမှာ ဆော့ကစားတာလို့ လုပ်ချင်ကြပါတယ်။

ကြောင်တွေဟာ ရေမျက်နှာပြင်ပေါ်ရှိ စူးရှတဲ့ ဆူညံသံတွေ နှင့် တောက်ပနေတဲ့ အလင်းရောင်ကို ခံစားနိုင်ပုံရပါတယ်။

အချို့သော အိမ်မွေးကြောင်မျိုးတွေဟာ ရေကူးရတာကိုတောင် နှစ်သက်ကြပါတယ်။

Maine Coon ၊ Turkish van ၊ Bengal နဲ့ Manx စတဲ့ ကြောင်မျိုးတွေဟာ ရေထဲမှာ ရေကစားရတာကို နှစ်သက်တာကြောင့် လူသိများပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.